Subscribe to our RSS Feed

မိုက်ခရိုဆော့ဖ်နှင့် ဂူးဂဲလ် ပြည်တွင်း၌ အခြေချရန် လေ့လာမည်

From :Popular



ပြည်ပဆော့ဖ်ဝဲ ကုမ္ပဏီကြီးများဖြစ်သည့် မိုက်ခရိုဆော့ဖ်နှင့် ဂူးဂဲလ်တို့မှ လာရောက် အခြေချ လုပ်ကိုင်ရန် အတွက် လေ့လာမှု ပြုလုပ်သွားမည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ သိရသည်။ အဆိုပါ ကုမ္ပဏီကြီးများမှ လာရောက် လုပ်ကိုင်ရန်အတွက် မြန်မာနိုင်ငံ၏ နည်းပညာနယ်ပယ် အခြေအနေအား အချိန်ယူ၍ လေ့လာမှုများ ဦးစွာ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းအတွက် ဆွေးနွေးပြောဆိုမှုများကို ၂၀၁၂ ခုနှစ် အတွင်းက ပြုလုပ်ခဲ့ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တွဲဖက်အတွင်းရေးမှူး ဦးထွန်းသူရသက်က ပြောသည်။ “နိုင်ငံခြား ကုမ္ပဏီကြီးတွေက ရင်းနှီးမြှုပ်နှံမှု လုပ်မယ်ဆိုရင်တော့ ချက်ချင်း မလာတတ်ဘူး။ လေ့လာတာကို အရင်ဆုံး အချိန်ယူလုပ်တယ်” ဟု အထက်ပါပုဂ္ဂိုလ်က ထပ်ပြောသည်။ ယင်းကုမ္ပဏီကြီးများ အနေဖြင့် လေ့လာဆဲ အခြေအနေအတွင်း ပြည်တွင်း၌ ဌာနခွဲပုံစံမျိုး ဖွင့်လှစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ “ပြည်တွင်းက ကုမ္ပဏီတစ်ခုနဲ့တွဲပြီး မိတ်ဖက်ဌာနခွဲ ပုံစံမျိုး တစ်နှစ် သို့မဟုတ် နှစ်နှစ် တွဲလုပ်ဦးမှာပါ” ဟု ၎င်းက ထပ်လောင်း ပြောသည်။ လက်ရှိတွင် ပြည်တွင်း နည်းပညာ ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံရန် နိုင်ငံငယ်များမှ လာရောက်လေ့လာမှု ပိုမိုများပြားလျက် ရှိခြင်းကြောင့် ပြည်ပ ဆော့ဖ်ဝဲ ကုမ္ပဏီကြီးများ အနေဖြင့်လည်း လာရောက် အခြေချလုပ်ကိုင်ရန် စိတ်ဝင်စားခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းမှ ဦးမင်းဦးက သုံးသပ်သည်။ “နိုင်ငံတကာပြပွဲတွေ လုပ်တယ် ဆိုတာကိုက ပြည်ပကုမ္ပဏီတွေကို ဖိတ်ခေါ်တာမျိုးပါပဲ” ဟု ၎င်းက ထပ်ပြောသည်။ ထိုကဲ့သို့ ပြည်ပဆော့ဖ်ဝဲ ကုမ္ပဏီကြီးများ ပြည်တွင်းသို့ အခြေချ ဝင်ရောက်လာပါက ပြည်တွင်းနည်းပညာ နယ်ပယ်၌ သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်လုပ်သားများ သတ်မှတ်အဆင့် တစ်ခုအထိ အရည်အချင်း ပြည့်မီထားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။

 
www.MyanmarExpress.net
 

1 comments:

သတင်း ထုပ်ပြန်တဲ့ နေ့စွဲ ကို ဖေါ်ပြပေးရင်ပိုကောင်းမယ်လို့ထင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်