Subscribe to our RSS Feed

မြန်မာ့မျိုးချစ်တပ်မတော်အပစ်ရပ်တာမင်းတို့ အတွက်လူသစ်စုဖို့ မဟုတ်ဘူး

မြန်မာ့မျိုးချစ်တပ်မတော်ကယမန်နေ့ကစတင်ပြီးKIAအကြမ်းဖက် သောင်းကျန်းသူ များအားအပစ်အခတ် ရပ်စဲထားကြောင်းသိရှိရသည်။အဆိုပါအပစ်ရပ်ဆိုင်းထားခြင်းမှာKIAသောင်းကျန်းသူများအနေဖြင့်၎င်းတို့ရဲ့ အကြမ်းဖက်လုပ်ရပ်များအားပြန်လည်စဉ်းစားသုံးသပ်ပြီးမြန်မာမျိုးချစ်တပ်မတော်ရဲ့ စေတနာ အမှန်တွေကို သိရှိနားလည်ကာလက်နက်ချအလင်းဝင်ရောက်ရန်အတွက်ဖြစ်ကြောင်းသိရှိရသည်။ သို့ ပေမယ့်လည်း ယနေ့ နံနက်ပိုင်းတွင် KIA အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ တပ်မဟာ(၅)၊ တပ်ရင်း(၃၀)မှ ဗိုလ်ကြီး အဆင့်ရှိ သူ လဂျာ နှင့် အင်အား ၃၀ ဦးခန့် တို့သည် လက်နက်ငယ် ကိုယ်စီဖြင့် ၀ိုင်းမော်မြို့နယ်၊ မန်တောင် ကျေးရွာအုပ်စု အနီးတ၀ိုက်တွင် ရွှေတူးဖော် လုပ်ကိုင် နေသည့် ကျင်းလုပ်သား ၂၀ ဦးခန့်အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်းသိရှိရပါသည်။ဒါတင်မကသေးပါဘူး...အလားတူ ရှငေါ်ကျေးရွာ ပတ်ဝန်းကျင်ရှိ ကျေးရွာသား စုစုပေါင်း ၅၀ ဦးခန့်ကိုလည်းKIAသောင်းကျန်းသူ တပ်မဟာ(၅)၊တပ်ရင်း(၇)မှတပ်ရင်းမှူးဒုဗိုလ်မှူးကြီးခွန်သန့် ဆိုင်က စစ်အင်အားလိုအပ်ချက်အရ တာဝန် ထမ်းဆောင်ရမည်ဟုဆိုကာယနေ့ မွန်းလွဲပိုင်းက ဖမ်းဆီးခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရသည်။

 www.MyanmarExpress.net

3 comments:

KIA တွေမြန်မြန် ကျဆုံးပါစေ.

Tatmadaw has about half million soldiers. No matter what they do, still no comparison to Tatmadaw.

တခါ လည်း မ ဟုတ် နှစ် ခါ လ ည်း မဟု တ် ခံ ရေ ပါ င်း လ ည်း များ ပြီ ဘယ်သူညံ့ လ ည်း ကိုယ့် ဟာ ကို ယ် သိ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်