From :Phay Sit Gyi
သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘူး ကျောင်းနေဖက်သူငယ်ချင်း ကချင်ပြည်နယ်စစ်ဆင်ရေးကနေ တပ်ပြောင်းပါလို့ မန္တလေးမှာ ပေးခဲ့တာပါ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ
""ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့် သွားတဲ့လမ်းမှာ ကာမိုင်းတံတား မိုင်းခွဲမယ်လို့ သတင်းရလို့ အရေးပေါ် ချီတက်ရတယ်ဆိုပဲ
ည ၈နာရီလောက်ကျတော့ ဒီရွာလေးကိုရောက်တယ် ခဏနားကြတာပေါ့
ချီတက်သွားလာနေရတာဆိုတော့ ညစာသီးသန့်မချက်ဘူးတဲ့ နေ့လည်စာနဲ့
တစ်ခါတည်းတွဲချက်တယ် ညစာကို ဟန်းကောထဲထည့်ပြီးတော့
အဆင်ပြေတဲ့အချိန်စားရတာပေါ့ ။ ရွာအထွက်နားလေးမှာ ကင်းပတ်ပတ်လည်ချပြီးတော့ နားကြတာ။ ခဏနေတော့ လူလေးယောက်လမ်းလျောက်လာနေတာ
ကင်းသားတစ်ယောက်က ဘယ်သူလဲရပ် လို့ အော်လိုက်တာ တစ်ဖွဲ့လုံး သေနတ်နဲ့
ချိန်ပြီးသွားပြီ အဲဒီက အန်တီတစ်ယောက်က သူ့မျက်နှာကို
ဓါတ်မီးနဲ့ထိုးပြပြီးတော့ ကျွန်မတို့ပါ ရေလာပို့တာပါ ဒါနဲ့
ဗိုလ်ကြီးတစ်ယောက်က လာလာ အန်တီတို့ လာခဲ့ပါ လို့ လှမ်းခေါ်လိုက်တယ်
ရောက်လာတော့ ရေပုံးနှစ်ပုံး အဖွားကတစ်ပုံး အန်တီကတစ်ပုံး
ကလေးနှစ်ယောက်ပါလာတယ် ၁၂နှစ်အရွယ် သားလေးတစ်ယောက်နဲ့ ၁၀ နှစ်အရွယ်
သမီးလေးတစ်ယောက် ကျွန်မတို့က သည်ရွာကပါ.. ရေဆာလောက်မယ်ထင်လို့ ယူလာတာပါ။
ဒီလိုအချိန်မျိုးမှာ ပင်းပန်းတာနဲ့ တွင်းရေအေးအေးလေး သောက်လိုက်ရရင်
ဆိုပြီး အာသီသ ရှိနေကြတာပါ။ ရေလည်းတွေ့ရော သောက်ရတာ အရသာ ရှိလိုက်တာ
ဘယ်လိုပြောရမှန်းတောင်မသိဘူး။ သောက်လဲသောက်ပြီးရော အဖွားက မေးတယ် တူလေး ထမင်းစားပြီးပြီလားတဲ့ ကျွန်တော်ကခေါင်းခါလိုက်တယ်
ဒါနဲ့ သူ့မြေလေးကို ကချင်စကား တစ်ခွန်းပြောလိုက်တယ် သားလေးက ချက်ခြင်း
အိမ်ပြန်သွားရော ဒါနဲ့ ကျွန်တော်က အဖွားကို မေးလိုက်တယ် ဘာဖြစ်လို့လဲ အဖွား
အိမ်မှာ ကျန်တဲ့ ထမင်းတွေ ဟင်းတွေယူခိုင်းလိုက်တာ။ ကျွန်တော့်မှာလေ
ရင်ထဲမှာ ဆို့နင့်နေအောင် ခံစားလိုက်ရတယ်။ ချက်ခြင်းပဲ
ထိုင်ရှိခိုးလိုက်တယ် ပင်ပန်းပြီးတော့ ရေလဲဆာ ဗိုက်လဲဆာ နေတဲ့အချိန်မှာ
တအားခံစားရတယ် ကျွန်တော့်မှာ ပြန်ပြီး ဂါရဝပြုစရာ ဘာမှမပါဘူး
ဒီအတိုင်းထိုင်ရှိခိုးလိုက် တာ
လေးစားလွန်းလို့။ ခဏနေတော့ ရွာဘက်ကနေ သားလေးအပြင် ၁၁ ယောက်လောက် ပါလာတယ်
ထမင်းအိုးတွေ ဟင်းခွက်တွေရော ရေပုံးတွေရော ထပ်ရောက် လာတယ် ဒီမှာတင်ပဲ
ထိုင်စားလိုက်တာ အားရလိုက်တာ။ ရဲဘော်တွေလဲ ပြုံးစိစိနဲ့
အချင်းချင်းကြည့်နေကြတာ ခဏက ချီတက်ခဲ့ရလို့ မောတာတွေ ဘယ်ရောက်ကုန်လဲ
မသိတော့ဘူး။ သိကြတဲ့အတိုင်း အိမ်ထမင်းအိမ်ဟင်း မစားရတာကြာပြီလေ။
ဟန်းကောထဲကထမင်းလဲ ချွေးတရွဲရွဲနဲ့ သိုးနေလောက်ရောပေါ့။
ခရီးဆက်ထွက်မယ်ဆိုတော့ ရဲဘော်တွေက မိသားစုတွေကို ကျေးဇူးတင်တဲ့အကြောင်း
ပြောလို့ကို မဝဘူး။ ကျွန်တော်ကလဲ အဖွားကိုကျေးဇူးတင်တဲ့ အကြောင်း
ပြောတာပေါ့ အဖွားကလည်း ဘေးကင်းပါစေ၊ ကျန်းမာပါစေ၊ အောင်မြင်ကြီးပွားပါစေ
လို့ဆုတွေပေးလို့။ ဒီနေရာမှာ အဖွားလည်း မျက်ရည်ဝဲတယ် ကျွန်တော်လဲ
မျက်ရည်ဝဲတယ်ဗျ။ ဒီကြားထဲမှာ အဖွားမေးခဲ့တဲ့ စကားတခွန်းကို
အခုထက်ထိမေ့မရဘူး။ “စစ်ပွဲ ဘယ်တော့ပြီးမလဲ” တဲ့ ။""
ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တာပါ
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။
လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
www.MyanmarExpress.net
သည်ဓါတ်ပုံတွေနဲ့ ပါတ်သက်ပြီး ကျွန်တော် ကိုယ်တိုင်ရိုက်ထားတာမဟုတ်ဘ
ဓါတ်ပုံနဲ့ ကြုံခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောပြထားတဲ့ အချက်အလက်တွေကို ပြန် share တာပါ
""ဓါတ်ပုံရိုက်ခဲ့တဲ့ နေရာက မိုးကောင်းကနေ မိုင် ၂၀ ဝေးတယ် မိုးကောင်း-ကာမိုင်း-ဖာကန့်
ဒီဓါတ်ပုံနဲ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာကို ကျွန်တော့်သူငယ်ချင်း မန္တလေးရောက်တုန်းပြောပြခဲ့တ
စစ်ဖြစ်ရင် အဖွဲ့ အစည်းတိုင်းက သူ့ဆင်ခြေသူပေးနေကြမှာပဲ နိုင်ငံရဲ့စစ်တပ်က စစ်အသုံးစရိတ်တက်သလို KIA ကပြန်တိုက်ဖို့ ကျည်ဆံတွေ လက်နက်တွေ ရိက္ခာတွေက ကချင်ပြည်နယ်ရဲ့ သယံဇာတတွေပါ။ နောက်ဆုံးတော့ ဒေသခံတိုင်းရင်းသား ပြည်သူတွေပဲနစ်နာတာပါ။
လက်ရှိအခြေအနေနဲ့ မြန်မာ့တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲထားပါပြီ KIA အနေနဲ့ ငြိမ်းချမ်းရေး စားပွဲဝိုင်းမှာ ဝင်လာအောင် ကျွန်တော်တို့ပြည်သူတွေ တိုက်တွန်းလိုက်ကြရအောင်။
www.MyanmarExpress.net
14 comments:
ဒီဆောင်းပါးဖတ်ပီး တပ်မတော်အရာ၇ှိ မျက်ရည်ကျခဲ့တယ်
Congratylation Phay Sit Gyi & MM Express.ငြိမ်းချမ်းရေးအတွက် အကျိုးများစေပြီး၊ စစ်ဒဏ်ခံနေရတဲ့ ဒေသခံတွေ နဲ့ တပ်မတော်အတွက် ချွေးသိပ်စေတဲ့ တင်အြချက်လေးပါ။KIO အတွက် မပါလို့ စိတ်မကောင်းပါ။
သ မ္မ္မ တ နှင့် လွှတ် တော် အ မတ် များ
ကျ နော် တို့ ၏ သား သ မီး လေး များ ဖြစ် ကြ တဲ့
တပ် မ တော် သား များ ကို ပြည့် စုံ အောင် ပြု လုပ် ပေး ပါ
တော ထဲ မှာ မျက်နှာ ငယ် ရ တယ် မြို့ ထဲ မှာ လဲ မျက် နှာ ငယ် ရ တယ်
နိုင် ငံ တော် အ စိုး ရ မှ လစာ ရယ် ထောက် ပံ့ ပစ္စည်း တွေ ရယ် ပြိး ပြည့် စုံ အောင် လုပ် ပေး ကြ ပါ လို့ ပြော ကြား လို ပါ တယ်
ကျ နော် က အ ရပ် သား ပါ ပြည် သူ တ ယောက် ပါ
ငါ က တပ် မ တော် သား မ ဟုတ် ပါ
တပ် မီူး လဲ မ ဟုတ် ပါ
ပ ခ က သား ပါ အရပ် သား ပါ ဒါ ပေ မဲ့ အ မှန် ကို ပြော ချင် တယ် ငါ တို့ တပ် မ တော် သား တွေ ဟာ ခီူ့ တဲ့ ကြ တယ် မပြည့် စုံ ကြ ဘူး အစိုး ရ က လဲ ထိုက် ထိုက် တန် တန် မ ပေး ကြ ဘူး
ထိုင်း စစ် တပ် တ ရုတ် တပ် စင် ကာ ပူ တပ် ကြိုက် နဲ့ တပ် နဲ့ ယျှင် ပါ ငါ တို့ တပ် မ တော် မ ပြည့် စုံ ရှာ ပါ ဘူး
ခောတ် မှီ တဲ့ တပ် မ တော် ဖြစ် ဘို့ သမ္မ တ နဲ့ လွှတ် တော် မှာ တာ ။န် ရှိ တယ် နော်
မြန်မာ နိုင် ငံ ရဲ့ တပ်မ တော် ကတိုင်း ပြည် ငြိမ်း ချမ်း ရေး အ တွက် သူ ပုန် နှိမ် နင်း တာ မှန် တဲ့ အလုပ် ပါ တ ရား သော စစ် အောင် မြင် မှာ ပါ
i am happy to see this. I have a lot of respects for Tatmadaw soldiers. They are protecting our country.
အနီးကပ် ကြုံတွေ့နေတဲ့ပြည်သူတွေကတော့ တပ်မတော်သားတွေရဲ့ ပင်ပန်းဆင်းရဲမှုနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကို သိပါတယ်။ မြို့ပေါ်နဲ့လွှတ်တော်ထဲက သူတွေသာ အဲဒီိလို ရိုးသားတဲ့ ရွာသားတွေလောက် ကိုယ်ချင်းစာတတ်ရင် တပ်မတော်သား တွေ အနစ်နာခံရကျိုး နပ်ပါတယ်ဗျာ။
မွေးစကနေ သူငယ်တန်း ထိ ဗုံးကျင်းထဲ ခဏခဏ ဆင်းပြေးခဲ့ရ အဲ့ဒါက ကျေက်မဲဘက်မှာ ၁၉၇၈ ၇၉လောက် မူလတန်းရောက်တော့ ကောလင်း စစ်ကိုင်းတိုင်း ကိုရောက်ပြီ အဲ့ဒီမှာတော့ ၁၉၈၀ ပါတ်ဝန်းကျင် အညိုရောင်လို့ခေါ်တယ် ကျည်ဆံသိပ်မမြင်ရဘဲ ကြီးခဲ့တယ် ဒါပေမဲ့ရထားလမ်းကို ဗုံးတွေ အခုတိုင်းဘဲ ပေါက်တယ် ခွဲတယ် သေ ကြ ကြေ ကြ တယ်
အခုရန်ကုန်မှာနေတာ ၁၅ နှစ်လောက်ရှိပြီ
ပြောခြင်တာကတော့ ငြိမ်းချမ်းရေးကိုဘာလို့မယူနိုင်တာလဲ
တော်တော်အလှမ်းဝေးနေတာမို့လား
ကလေးသူငယ်များ ထွက်ပြေးနေရသူများ ဗုံးကျင်းထဲရောက်နေသူများကို စာနာပါတယ်
ဒီ ဆောင်း ပါး ကိုဖတ် ပြီး အ ရမ်း ခံ စား ရပါ တယ်။ မြန် မာ့တပ် မတော် သား အား လုံး ကျန်း မာ ချမ်း သာ ကြပါ စေ။ အ န္တ ရာယ် ကင်း လို့ ဘေး ရှင်း ကြပါ စေ။ မြန်မာ တပြည် လုံး လည်း အေး ငြိမ်း ချမ်း သာရှိ ကြ ပါ စေ။
အ ရမ်း ထောက် ခံ ပါ တယ်။
တ ကယ် တမ်း ဖြစ် လာ ရင် မြန် မာ့ တပ် မ တော် သာ လျှင် ပြည် သူ တို့ ရဲ့ အား ကိုး ရာ အ မှန် ပါ။ စွန့် လွှတ်၊ စွန့် စား ပြီး၊ ပြည် သူ တွေ အ တွက် အ ပင် ပန်း အ ဆင်း ရဲ ခံ တာ လဲ တပ် မ တော် ပါ ဘဲ။ နိုင် ငံ ရေး သ မား တွေ က တော့ လေ ပါ ဘဲ။ နိုင် ငံ ကြီး ဘာ ဖြစ် မယ်၊ ညာ
ဖြစ် မယ် နဲ့၊ ရန် ကုန် မြို့ ထဲ သူ ပုန် ၀င် လာ ကြည့် ပါ့ လား၊ တစ် ယောက် မှ ရှိ မှာ မ ဟုတ် တော့ ဘူး။ စစ် မှု့ မ ထမ်း မ နေ ရ ဥ ပ ဒေ ဆို တော့ လည်း ကြောက် လိုက် တာ ဖင် တုန် နေ တာ ဘဲ။ ကြောင်း ပြ
ချက် ကို စီ နဲ့။ ဘာ ဖစ် လို့၊ ညာ အ တွက် နဲ့ .. ကြောက်. ကြောက် တယ် မ ပြော ဘူး။ ပါး စပ် နဲ့ နိုင် ငံ ကို ချစ် ပြ မ နေ နဲ့ .. သ တ် တိ ရှိ ရင် စစ် ထဲ ၀င်၊ ရှေ့ တန်း ထွက်....။ တ ကယ် သေ နေ၊ တိုက် နေ တဲ့ လူ တွေ ကို စောက် ပြစ် လာ ရှာ မ နေ နဲ့။ ဘော ဘဲ ...
တ ကယ် ဖြစ် ပျက် ခဲ့ တာ တွေ ကို ရေး ပြ ထား တဲ. ။ ဒိ ဆောင်း ပါး ကို ဖတ် ပြီး ရင် စ စ် အ သုံး စ ရိတ် ကို ထောက် ပြ နေ တဲ. သူ တွေ နား လည် နိုင် ပါ စေ ။
တပ်မတော်..တပ်မတော်...ဘယ်နိုင်ငံမဆို..ဒီအဖွဲ့ကြီးကဘဲလွတ်မြောက်အောင်..တိုးတက်အောင်..ဖွံ့ဖြိုးအောင်.. ပေးဆပ်ပြီး လုပ်ခဲ့ကြရတာ။ လူ့ဘ၀လေးတစ်ခါလာဖြစ်တယ်။နောက်ဘ၀ရှီ-မရှိမသေချာ။ ဒါကိုသိရက်နဲ့
ရဲဘော်လေးတွေ..စစ်သားလုပ်ကြတယ်။ သေကြ၊ပြတ်ကြရတယ်။
ရဲဘော်လေးတွေ ကျရင်ပျော်ရင်။ သူပုန်တွေမိုင်းခွဲ တံတားဖျက်တာကို မှိန်ထား၊တပ်မတော်ကိုအပုတ်ချနေတဲ့ လေနဲ့တိုင်းပြည်ကို ချစ်နေတဲ့ ဟိုမအေလိုးကြီးများ ခေါင်းဆောင်တဲ့ သတင်းမီဒီယာဂျာနယ်များသေခါနီးထိကျောင်းတက်လို့ကောင်းနေဆဲ..ဆန်ကုန်မြေလေးကြီးများ။ ....တပ်မတော်သာမရှိခဲ့ရင်... သူတို့ဖင်ကို ပြည်ပကျူးကျော်သူတွေ ချမှာကိုမမြင်အောင် အမိုက်မှောင်ဖုံး၊ပညာမဲ့နေတာများလား..ခက်တယ်။
တပ်မတော် ၏ တန်ဘိုး မသိသူ များ Reply လုပ် ပေး ပါ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်