Subscribe to our RSS Feed

မံကင်းကျေးရွာနေ ဒေသခံ ပြည်သူများ အား KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့ က ဆက်ကြေးကောက်

From : http://singaporefeel.blogspot.com/2013/01/kia_306.html


 KIAအကြမ်းဖက်သောင်းကျန်းသူအဖွဲ့  တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ မှ ဗိုလ်ကြီးအင်ဘန်ဂေါင်အင်အား (၁၆) ဦးဖြင့် ဆင်ဘိုမြို့နယ်ခွဲ မံကင်းကျေးရွာ အနီးတွင်ဇန်နဝါရီလ (၁၆)ရက်နေ့ မှ စပြီး စခန်းချနေထိုင်လျှက်ရှိရာ ဇန်န၀ါရီလ(၂၁) ရက်နေ့ နံနက် ၇ နာရီ အချိန် ခန့်က မံကင်းကျေးရွာ၏ တောင် ဘက် ၁ မိုင်ခန့်အကွာရှိ နကတ်ချောင်းသို့ တပ်ကြပ်ကြီးရွိုင်မော်ဦးစီးအင်အား(၇)ဦးဖြင့် နေရာဖြန့် ခွဲ စခန်း ချခဲ့ကြောင်း သိရှိ ရသည်။ဇန်နဝါရီလ(၂၂)ရက် ယနေ့ မွန်းလွဲပိုင်းက ၄င်းအဖွဲ့ မှ နကတ်ချောင်းတွင် တရား မ၀င်ရွှေတူးနေသော ဦးအယ်ခွန်နောင်၊ အသက်(၄၆)နှစ်၊ (ဘ)ဦးအယ်ခွန်ဆိုင်း နှင့်အဖွဲ့ ဝင်(၅)ဦး တို့ အား  ရွှေတူးရာတွင် အသုံးပြုသော တစ်လုံးထိုး စက်ဆိုင်း  ၅ ဆိုင်း အတွက် စက်ဆိုင်း တစ်ဆိုင်းလျှင် ဆက်ကြေးငွေ နှစ်သောင်းနှုန်း ကောက်ခံခဲ့ပြီး မံကင်း ကျေးရွာ၏ အနောက်တောင်ဘက် ၅ မိုင်ခန့်အကွာ ချောင်းဆုံ နေရာတစ်ဝိုက် ရှိ ၄င်းတို့နောက်ချန်အဖွဲ့နှင့် ပူးပေါင်းရန်အတွက် ပြန်လည်ထွက်ခွာ သွားကြောင်း ဦးအယ်ခွန်နောင်ကပြောသည်။ 

 www.MyanmarExpress.net
 

1 comments:

GOOD NEWS.GO AHEAD KIA.WE WILL BE WIN.GO AHEAD..thanks for sharing

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်