Subscribe to our RSS Feed

KIA မှ ဟိုပင်နဲ့ ပင်းဘောကြား ရထားမိုင်းခွဲပြန်

  မနေ့ ည ၁၁နာရီခန့်မှာ ဟိုပင်နဲ့ ပင်းဘောကြား ကြာကြီးကွင်းရွာအနီး
မိုင်တိုင်အမှတ် ၆၅၄/၁၈ နဲ့ ၁၉ ကြားမှာ ဟိုပင်ကနေ
မြစ်ကြီးနားဘက်ထွက်လာတဲ့ နဘားခေါက်ပြန်မီးရထားကို KIA
ကအဝေးထိန်းမိုင်းနဲ့ ခွဲလိုက်လို့ စက်ခေါင်းနောက်က ခရီးသည်လိုက်ပါလာတဲ့
ရထားတွဲကို မိုင်းထိမှန်ပြီး ရထားတွဲ ၅ တွဲ လမ်းချော်ခဲ့ရပါတယ်။
မိုင်းပေါက်ကွဲမှုကြောင့် ရထားပေါ်ပါလာတဲ့ ခရီးသည်တစ်ဦး ကွဲသွားတဲ့
ကြမ်းပေါက်ကထွက်ကျပြီး ရထားကြိတ်မိသေဆုံးသွားပါတယ်။ ဒါ့အပြင်
ခရီးသည်တစ်ဦးကလည်း ဦးခေါင်းမှာ ဒါဏ်ရာအနည်းငယ်ရသွားခဲ့ပါတယ်။
သေဆုံးသွားတဲ့သူက အသက်၃၂ နှစ်ရှိ ဟိုပင်သား
ဦးမြင့်နိုင်ဆိုသူဖြစ်ပြီးတော့ ဒါဏ်ရာရသွားတဲ့သူကတော့ နွားတွေကို
ရထားတွဲနဲ့တင်ပို့နေတဲ့အသက် (၄၀)ရှိ ဦးဇော်အောင် ဖြစ်ကြောင်းသိရပါတယ်။
ပေါက်ကွဲမှုကြောင့် အနောက်ဘက်ရထားသံလမ်း ၃ ပေပြတ်ထွက်၊ သံလမ်း ပေ ၅၀
ခန့်ဘယ်ညာကားထွက်၊ ဇလီဖားတုံး ၄၀ ခန့်ပြုတ်ထွက်ပျက်စီးခဲ့တယ်လို့
သတင်းရရှိပါတယ်။ ၂၀၁၂ ဒီဇင်ဘာလောက်ကစပြီး KIA က ရထားလမ်းများ၊
ကားလမ်းများ၊ ဌာနဆိုင်ရာအဆောက်အအုံများ၊ ရဲစခန်းနဲ့
ပြည်သူ့စစ်စခန်းတွေကို အင်အားသုံးတိုက်ခိုက်ခြင်း၊
မိုင်းထောင်ဖျက်ဆီးခြင်းစတဲ့ အဖျက်အမှောက်လုပ်ငန်းတွေကို
ပိုမိုလုပ်ဆောင်လာပြီး ယခုကာလတွေမှာ ရထားတွဲတွေမထိမထိအောင် အချိန်ကိုက်
ဖေါက်ခွဲလာပြီး အပြစ်မဲ့ပြည်သူလူထုကိုပါ တမင်ရည်ရွယ်ချက်နဲ့
ထိခိုက်အောင်လုပ်လာနေတာကြောင့် အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်က
ထိထိရောက်ရောက် အရေးယူဆောင်ရွက်သင့်ကြောင်း ဒေသခံတွေက ပြောကြားနေတယ်လို့
သတင်းရရှိပါတယ်။ ဓာတ်ပုံများရရှိက KIA
ရဲ့အကြမ်းဖက်မှုကိုဆက်လက်တင်ပြသွ

ားပါမယ်။
www.MyanmarExpress.net
 

2 comments:

ခွေး သား KIA တွေ မ သေ နိုင် သေး ဘူး လား

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်