ပြည်သူ့လွှတ်တော်ကပြည်တွင်းငြိမ်
၁။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဌမပုံမှန်အစည်းအဝေး တတိယမြောက်နေ့(၁၈-၁-၂ဝ၁၃)တွင် ပြည်သူ့ လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၃ အရ အရေးကြီး ကိစ္စတစ်ရပ်ကို ဆွေးနွေးရန် ကချင်ပြည်နယ်၊ အင်ဂျန်း ယန်မဲဆန္ဒနယ် ၊ ပြည်သူ့ လွှတ်တော် ကိုယစားလှယ် ဒေါ်ဒွဲဘူမှ ပြည်သူ့လွှတ်တော်ဥက္ကဌထံ အရေးကြီး အဆိုတစ်ရပ် တင်ပြခဲ့ပါသည်။
၂။ ယင်းအဆိုမှာ ''ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန် အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွား လျက်ရှိသော KIO/ KIAနှင့် အစိုးရတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်မှ သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းကို လွှတ်တော်မှ အတည်ပြုရေး အရေးကြီးအဆို'' ဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အားလုံးမှ သဘောမတူသူ မရှိဘဲ ထောက်ခံ အတည်ပြု ခဲ့ပါသည်။
၃။ သို့ဖြစ်ပါ၍ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်ရန်အတွက် ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိ သော KIO/ KIA နှင့် အစိုးရတပ်များအကြား ပစ်ခတ်တိုက်ခိုက်မှုများအား ချက်ချင်းရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အမြန်ဆုံးစတင်ဆောင်ရွက်ကြပါရန် ပြည်သူ့လွှတ်တော်က သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့အစည်းများနှင့် နိုင်ငံတော်အစိုးရအား တိုက်တွန်းအပ်ပါသည်။
(ပုံ) သူရရွှေမန်း
ဥက္ကဌ
ပြည်သူ့လွှတ်တော်
www.MyanmarExpress.net
1 comments:
ရပ် ရပ် ရပ်
ရပ်ဆိုရပ်လိုက်ကြ
ဒါလွှတ်တော်ရဲ့အမိန့်ပဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်