Subscribe to our RSS Feed

KIO/KIA တပ်ဖွဲ့ ဝင်အပေါင်းတို

From :http://singaporefeel.blogspot.com/2013/01/kiokia_23.html


ဒေသခံပြည်သူများအတွက် အကျိုးမရှိ ဆိုးကျိုးတွေကိုသာ ဖြစ်ပေါ်စေတဲ့ အကြမ်းဖက် အဖျက်အမှောင့် လုပ်ငန်းများနဲ့  နှစ်ဦးနှစ်ဖက် သွေးချင်းညီအကို အချင်းချင်း တိုက်ခိုက်ဖို့  စေခိုင်းတဲ့ ညွှန်ကြားချက်များကို မနာခံလိုကြတော့တဲ့ KIO/KIA တပ်ဖွဲ့ ဝင်များဟာ ငြိမ်းချမ်းတဲ့ မိဘပြည်သူတို့ ရဲ့  ရင်ခွင်ထဲကို ဝင်ရောက်လာနေကြပြီ ဖြစ်ပါတယ်။ဒါ့ကြောင့် တောထဲမှာ ကျန်ရှိနေသေးတဲ့ KIO/KIA တပ်ဖွဲ့ ဝင်ညီအကိုတို့ အနေနဲ့ ငြိမ်းချမ်းရေး ရယူလိုတယ်ဆိုရင် အကိုတို့ နဲ့ နီးစပ်ရာ တပ် စခန်း၊စစ်ကြောင်းတွေကို ဆက်သွယ်ဝင်ရောက်နိုင်ပါတယ်။ညီအကိုတို့  တပ်ဖွဲ့ ဝင်တွေ ဆက်သွယ်လာရင် နွေးထွေးစွာ လက်ကမ်းကြိုဆိုဖို့  သက်ဆိုင်ရာ မိဘဆွေမျိုးတွေဆီ အရောက်ပို့ ပေးဖို့ တပ်မတော်က သက်ဆိုင်ရာ တပ်စခန်းတွေအားလုံးကို သေသေချာချာ ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ ညီအကိုတို့  အနေနဲ့  ငြိမ်းချမ်းတဲ့ မိဘပြည်သူတို့ ရဲ့  ရင်ခွင်ထဲကို ယုံကြည်စိတ်ချစွာနဲ့  အမြန်ဆုံး ဝင်ရောက်လာခဲ့ကြဖို့  ဖိတ်ကြားလိုက်ပါတယ်။  
 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်