Subscribe to our RSS Feed

BB အက္ခရာနှင့် တက္ကစီ အစီးရေ ၁၈၀၀ ထုတ်ပေးပြီး ဟုဆို

From : popular

ရာသက်ပန် အဌားယာဉ်အဖြစ်သာ ပြေးဆွဲခွင့်ရမည့် အင်္ဂလိပ်အက္ခရာ ယာဉ် BB ကားများအား နံပါတ်ထုတ်ပေးမှုမှာ ယနေ့အထိ အစီးရေ ၁၈၀၀ ကျော် ရှိသွားပြီ ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ရာသက်ပန်အဌားယာဉ်များအား BB အက္ခရာမတိုင်မီ AA အက္ခရာဖြင့် နံပါတ်များချထားပေးခဲ့ပြီး နံပါတ်များအား 1001 မှ 9999 အထိ ချ ထားပေးခဲ့ကြောင်း၊ BB အက္ခရာဖြင့် 9999 အထိ ကားအစီးရေ ရောက် ရှိပါက CC အက္ခရာဖြင့် ဆက်လက်ချထားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရာသက်ပန်အဌားယာဉ်များအား အဌားယာဉ်မည့်သည့်အက္ခရာမဆို ယာဉ်ပိုင်ရှင်၏ ဆန္ဒအရအပ်နှံပြီး တင်သွင်းနိုင်ကြောင်း၊ ယင်းအပြင် ကုမ္ပဏီများမှ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရခွင့်ပြုချက်ဖြင့် Free permitသဘောဖြင့် တင်သွင်းခွင့်လည်း ပြုထားကြောင်း ကညနမှ သိရသည်။


 . www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်