From : 7day
အလုပ်သမားဥပဒေများကို လိုက်နာမှုတွင် အားနည်းချက်များရှိသည့်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ပြုလုပ်သော အခြေခံအလုပ်သမားအဖွဲ့အစည်းများေ တွ့ဆုံပွဲတွင် တောင်းဆိုကြသည်။
လက်ရှိ အလုပ်သမား အလုပ်ရှင် ပဋိပက္ခများကို ဖြေရှင်းရန် ဥပဒေကို အသုံးချအကောင်အထည်ဖော်ရာတွင် အလုပ်သမား များအတွက် နစ်နာမှုများရှိနေကြောင်း အခြေခံအလုပ်သမားအဖွဲ့အများစုက ပြောကြားသည်။
“အခုဆွေးနွေးချက်တွေက နိုင်ငံတော်သမ္မတကို တင်ပြမှာပါ” ဟု တွေ့ဆုံဆွေးနွေးပွဲ စီစဉ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။
အခြေခံအလုပ်သမား၊ လယ်သမားအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်သမား၊ လယ်သမားအဖွဲ့ပေါင်း ၆၀ ကျော်တက်ရောက်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် အဓိကအားဖြင့် အခြေခံအလုပ်သမားများ၏ ဥပဒေဆိုင်ရာနှင့် လုပ်ငန်းခွင်အခြေအနေများကို ဆွေးနွေးကြသည်။ ဥပဒေဆိုင်ရာကို အဓိကဆွေးနွေးပြီး လက်ရှိ ထုတ်ပြန်ထားသည့် အလုပ်သမား ဥပဒေအပေါ်တွင် အလုပ်သမား အဖွဲ့အစည်းများက ထောက်ပြဝေဖန်ကြသည်။
ထို့အပြင် ကော်မရှင်ဖွဲ့စည်းရာတွင်လည်း လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မရှင်များကို နမူနာယူ၍ ရှောင်သင့်သည်များကို ရှောင်နိုင်ရန် လိုအပ်ကြောင်း တွေ့ဆုံပွဲတက်ရောက်လာသည့် ဥပဒေပညာရှင်အချို့က အကြံပြုသည်။
. www.MyanmarExpress.net
အလုပ်သမားဥပဒေများကို လိုက်နာမှုတွင် အားနည်းချက်များရှိသည့်အတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်းပေးရန် လိုအပ်ကြောင်း မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာနတွင် ပြုလုပ်သော အခြေခံအလုပ်သမားအဖွဲ့အစည်းများေ
လက်ရှိ အလုပ်သမား အလုပ်ရှင် ပဋိပက္ခများကို ဖြေရှင်းရန် ဥပဒေကို အသုံးချအကောင်အထည်ဖော်ရာတွင် အလုပ်သမား များအတွက် နစ်နာမှုများရှိနေကြောင်း အခြေခံအလုပ်သမားအဖွဲ့အများစုက ပြောကြားသည်။
“အခုဆွေးနွေးချက်တွေက နိုင်ငံတော်သမ္မတကို တင်ပြမှာပါ” ဟု တွေ့ဆုံဆွေးနွေးပွဲ စီစဉ်သူ ဦးအောင်နိုင်ဦးက ဆိုသည်။
အခြေခံအလုပ်သမား၊ လယ်သမားအဖွဲ့ တွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံအရပ်ရပ်မှ အလုပ်သမား၊ လယ်သမားအဖွဲ့ပေါင်း ၆၀ ကျော်တက်ရောက်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် အဓိကအားဖြင့် အခြေခံအလုပ်သမားများ၏ ဥပဒေဆိုင်ရာနှင့် လုပ်ငန်းခွင်အခြေအနေများကို ဆွေးနွေးကြသည်။ ဥပဒေဆိုင်ရာကို အဓိကဆွေးနွေးပြီး လက်ရှိ ထုတ်ပြန်ထားသည့် အလုပ်သမား ဥပဒေအပေါ်တွင် အလုပ်သမား အဖွဲ့အစည်းများက ထောက်ပြဝေဖန်ကြသည်။
ထို့အပြင် ကော်မရှင်ဖွဲ့စည်းရာတွင်လည်း လွှတ်တော်မှ ဖွဲ့စည်းထားသည့် ကော်မရှင်များကို နမူနာယူ၍ ရှောင်သင့်သည်များကို ရှောင်နိုင်ရန် လိုအပ်ကြောင်း တွေ့ဆုံပွဲတက်ရောက်လာသည့် ဥပဒေပညာရှင်အချို့က အကြံပြုသည်။
. www.MyanmarExpress.net

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်