Subscribe to our RSS Feed

ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင်ဖွဲ့



ဥပဒေအထက်မှာ လွှတ်တော်ရှိနေသလား" ဆိုတဲ့ ဒေါက်တာဆိတ်ဖွားဆိုသူရဲ့ အွန်လိုင်းရေးသားချက်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး ကော်မရှင်တစ်ရပ်ကို ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းလိုက်သည်။



အင်တာနက်ပေါ် ရေးသားခဲ့သော ဒေါက်တာဆိတ်ဖွား၏ Above the Law ဝေဖန်ချက်နှင့် စပ်လျဉ်းသော စုံစမ်းရေးကော်မရှင်ကို ဖေဖော်ဝါရီ ၇ ရက်စွဲဖြင့် ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းလိုက်သည်။

ယင်းကော်မရှင်တွင် အမျိုးသားလွှတ်တော်ဒုဥက္ကဋ္ဌ ဦးမြငြိမ်း၊ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးရင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးနှင့် ဦးဖုန်းမြင့်အောင်တို့ အပါအ၀င် အဖွဲ့ဝင် ၁၇ ဦး ပါဝင်သည်။

ကော်မရှင်၏ အဓိကတာဝန်အရ ဒေါက်တာဆိတ်ဖွား၏ ရေးသားဖော်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံသားတိုင်း၏ တာဝန်၊ လွတ်လပ်စွာပြောဆိုရေးသား ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်း၍ ၎င်း၏ဆောင်ရွက်ချက်များသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများနှင့် ဆန့်ကျင်ခြင်း ရှိ၊ မရှိ လိုက်နာဆောင်ရွက်ရမည့် တာဝန်ပျက်ကွက်ခြင်း ရှိ၊ မရှိ ဖော်ထုတ်ရမည်ဖြစ်သည်။ ထို့အပြင် ကာယကံရှင်အား မည်သို့အရေးယူဆောင်ရွက်မည့် အချက်များနှင့် အစီအစဉ်များကို ဖော်ထုတ်အကြံပြု တင်ပြရမည်ဖြစ်သည်။

ကော်မရှင်သက်တမ်းမှာ အစီရင်ခံစာတင်ပြီးနောက် ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက်အရ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်ပြီးသည်အထိ အတည်ဖြစ်ကြောင်း သတင်းရရှိသည်။


ဥက္ကဌ - ဦးမြငြိမ်း(ပြည်ထောင်လွှတ်တော် ဒု-နာယက)
ဒု - ဥက္ကဌ - ဦးနန္ဒကျော်စွာ(ပြည်သူ့လွှတ်တော် ဒု-ဥက္ကဌ)

အဖွဲ့ဝင်များ-

ဒေါက်တာ စိုးရင်
ဒေါက်တာ မြတ်ဥာဏစိုး
ဦးဖုန်းမြင့်အောင်
ဦးအောင်ဆန်း
ဦးအောင်ငြိမ်း
ဦးခိုင်မောင်ရည်
ဦးကံညွန့်
ဦးသိန်းညွန့်
ဦးစိုင်းကျော်ဇောသန်း
ဦးအုန်းကြိုင်
ဦလှဆွေ
ဦးသိန်းဦး
ဦးစန်းလွင်
ဒေါ်ကြင်စန်း
ဦးမင်းဆွေ


  www.MyanmarExpress.net
 

5 comments:

လွတ်တော် အမတ်တွေရဲ့  ပေါချက်ကလည်း 9.9 လောက်ရှိတယ်

ဒေါက်တာ ဆိတ်ဖွှားမမှန်ဘူးလား လွတ်တော်မှာ အများ သဘော ဆိုပေမဲ့ အနည်းဘက်က မှန်နေရင် တရားမှာလား တရားသူကြီးအဖွဲ့ နှုတ်ထွက်သွားတာ နိုင်ငံတော်အတွက်သေချာတာ တစ်ခုကနစ်နာတယ် ဥပဒေပညာရှင်တွေ အများကြီးပါတယ် မဟုတ်တာကိုဟုတ်အောင်လုပ်ဖိုကြိုးစားတာ လွှတ်တော်နိုင်ငံရေးလား

Members of Hluttaw nothing to do, are you taking bath a cat? Don't be wasting time to search Dr. Sade Phwar, Hluttaw members! please do your first job for Kachin and Rakhine States problems and work for people, their healths, their educations, need jobs, need houses, their transportations, need good finances, need foods, their securities and their life improvements, don't be wasting time and talk- talk- talk in Hluttaw, do something for the people, work hard for the people. Lets the people to have freedom of express, write and speak.

ဒီမိုကရေစီခေတ်မှာတိုင်းပြည်ကိုလွှတ်တော်ကထိန်းမတ်အုပ်ချုပ်ရမှာဖြစ်တဲ့အတွက်လွှတ်တော်ကိုစော်ကားပုတ်ခတ်သူမှန်သမျှကိုအပြစ်ပေးအရေးယူသင့်ပါတယ်

စု နဲ့ အ များ စု မ ပြိုင် ကြ ပါ နှင့်။ တ ရား နဲ့  မ တ ရား ။အ မှား နဲ့  အ မှန် ကို သာ ပြိုင် ကြ ပါ ကိုယ် စား လှယ် မျာ ခင် ဗျား ။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်