Subscribe to our RSS Feed

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိ

From : MON

ရန်ကုန်တိုင်း ဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များ ဖေဖော်ဝါရီ ဒုတိယပတ်မှစ၍ မော်တော်ဆိုင်ကယ် စီးနင်းခွင့် ရရှိပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ စုံစမ်းသိရှိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း
တပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုတိယတပ်ဖွဲ့ခွဲမှူး ရဲမှူးသာဌေးက "ရန်ကုန်တိုင်းထဲမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်တွေ လုပ်ငန်းလုပ်ဆောင်ရာမှာ မြန်ဆန်ဖို့ ဆိုင်ကယ်အစီးရေ ၂၀ ကို စီးနင်းခွင့် ပြုထားပါတယ်။ လက်ရှိမှာ ဆိုင်ကယ်စီးနင်းခွင့် ပြုထားတဲ့ဌာန သုံးခုပဲ ရှိပါတယ်။ အဲဒီဌာနတွေမှာလည်း စီးနင်းခွင့်ပြုထားတဲ့ ဆိုင်ကယ်တွေပဲ စီးနင်းခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဆိုင်ကယ်စီးနင်းခွင့် မပြုတဲ့ ဌာနဆိုင်ရာတွေက သတ်မှတ်စည်းမျဉ်း စည်းကမ်းနဲ့မညီရင် အရေးယူသွားပါမယ်" ဟု ပြောသည်။

ယခု ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ စီးနင်းခွင့်ပြုထားသည့် မော်တော်ဆိုင်ကယ်မှာ အဖြူရောင်ဖြစ်ပြီး ဆိုင်ကယ်၏ အနောက်၌ တိုင်အမြင့်ဖြင့် အချက်ပြမီးနီ တပ်ဆင်ထားကြောင်း သိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့တော်စည်ပင်ဌာနမှ
မော်တော်ဆိုင်ကယ် ၃၃ စီး၊ လျှပ်စစ်ဝန်ကြီးဌာနမှ ၆၅ စီးသာ စီးနင်းခွင့်ပြုထားသည်။

သို့သော် ၂၀၁၂ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ခွင့်ပြုမိန့်မရှိဘဲ စီးနင်းနေသည့် မော်တော်ဆိုင်ကယ် အစီးရေ ၈၀၀ ကျော်ကို အရေးယူ
ခဲ့သော်လည်း အဆိုပါ မော်တော်ယာဉ်များတွင် ဌာနဆိုင်ရာများမှ မပါဝင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ထိုသို့ ဆိုင်ကယ်စီးနင်းခွင့်မရှိဘဲ မောင်းနှင်သွားလာနေသည့် ဌာနဆိုင်ရာ ၀န်ထမ်းများနှင့် အခြားသူများကို အရေးယူနိုင်ရန် မြို့နယ်အလိုက် ဖမ်းဆီးရေး ကော်မတီများ ဖွဲ့စည်းထားကြောင်း ရဲမှူးသာဌေးက ဆက်လက်ရှင်းပြသည်။

အဆိုပါ ဖမ်းဆီးရေး ကော်မတီတွင် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး
များမှ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးမှ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ပြီး ယာဉ်ထိန်းတပ်ဖွဲ့စုမှူးများလည်း ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ - ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က အမေရိကန်သမ္မတ အိုဘားမားခရီးစဉ်တွင် တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ

ရန်ကုန်တိုင်းဒေသကြီးအတွင်း တာဝန်ကျ ယာဉ်ထိန်းရဲ 
Eleven Media Group
 www.MyanmarExpress.net

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်