Subscribe to our RSS Feed

IFC က ပြည်တွင်းလျှပ်စစ်လိုအပ်ချက်တွင် နည်းပညာကူညီမည်

From : YMG

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး စီမံကိန်းများကို ကမ္ဘာဘဏ် အုပ်စုဝင် အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း IFC မှ နည်းပညာ များ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း IFC အလုပ်အမှုဆောင် ဒုတိယ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျင်ယောင်ချိုင်း က ပြောကြား သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့က ချက်ထရီယံဟော်တယ် တွင် ပြုလုပ်သည့် IFC သတင်းစာရှင်းလင်းပွဲတွင် ယင်းသို့ ပြောကြားခြင်းဖြစ်သည်။

IFC အလုပ်အမှုဆောင် ဒုတိယ ဥက္ကဌ နှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဂျင်ယောင်ချိုင်းက" လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အကြီးစားစီမံကိန်းကို အကောင်အထည်ဖော်ရေးအတွက် IFC သည် အစိုးရနှင့် လက်တွဲလုပ်ဆောင်မည် ဖြစ်ပါသည်" ဟု ပြောကြားသည်။

ယင်းအပြင် IFC အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အသေးစားနှင့်အလတ်စား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ချေးငွေများထုတ်ချေး သွားမည် ဖြစ်ကြောင်း ယင်းက ဆက်လက်ပြောကြား သည်။
 


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်