From : http://www.oppositeyes.info/2013/02/blog-post_4120.html
ဒီနေ့ သတင်းကောင်း တစ်ခုကြား
မိပါသည်။ ပြည်သူအတွက်ရော သံချပ်ကာ တပ်ဖွဲ့အတွက် ပါဖြစ်ပါ သည်။ ဦးတင်စိုး
ကို ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ခန့်အပ်လိုက်ပီဆိုသော သတင်း
မီဒီယာေ တြကေတာ့
အမျိုးမျိုးပြောကြမည်။ သို့သော် ဗိုလ်ချုပ်တင်စိုး (ငြိမ်း)
(ညွှန်ကြားရေးမှုး၊ သံချပ်ကာ ယန္တရား တပ်ဖွဲ့) ၏ ဂုဏ်သတင်းကို တပ်မတော်
တစ်ရပ်လုံး သိကြပါသည် ။
ကျွန်တော်လည်း မိမိ၏
ညွှန်ကြားရေးမှုး အဖြစ် (၇)နှစ်တိုင် တိုင်ကြုံတွေ့ ခဲ့ရသဖြင့် သူ့အကြောင်း
ကိုေ ကာင်းေ ကာင်း သိပါသည်။ စစ်တက္ကသိုလ် အပတ်စဉ်(၁၂)ဆင်း၊ ခြေလျင်တပ်၊
တင့်ကားတပ်၊ သံချပ်ကာ တပ်များ တွင် တာဝန် ထမ်းဆောင်ခဲ့သည်
အမှတ်(၇၁)သံချပ်ကာ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် တွင် တပ် မမှုး ၊ သံချပ်ကာ
ယန္တရားတပ်ဖွဲ့တွင် ညွှန်ကြားရေးမှုး တာဝန်များအား (၁၉၇၀မှ ၂၀၀၉) အထိ ထမ်းေ
ဆာင် ခဲ့သည်။
သား(၃)ဦး ရှိပီး (၃)ဦးစလုံး
တပ်မတော်တွင် တာဝန် ထမ်းဆောင်ဆဲ အရာရှိ များဖြစ်သည်။ သူ့၏သူမ တူသော ဂုဏ်မှာ
ရိုးသားမှုနှင့် လက်အောက်အပေါ် နားလည်စာနာနိုင် မှုပင်ဖြစ်သည်။ အဘ တင်စိုး
နိုင်ငံ အတွက်ပြည်သူ အတွက် အကောင်းဆုံး ဆောင်ရွက်ပေးနိုင်
မယ်လို့မျော်လင့်ပါတယ် သံချပ်ကာ တပ်ဖွဲ့ ကနေ ဒီလိုပြည်သူ အကျိုး
ထမ်းဆောင်ခွင့် ရတဲ့ အဘအတွက် သားတို့ ဂုဏ်ယူပါတယ် ။ အဘတွက်
ဂုဏ်ယူချင်ပါတယ်။
၂၀၀၃ ခုနှစ် ဗိုလ်လောင်းသင်တန်း
တက်ရောက်နေသော သားတစ်ယောက် အတွက် ဖခင်မှ လာရောက် တွေ့ဆုံစဉ်တွင်
မုန့်ဖိုး ထောင်ဂဏန်းပေးခဲ့သော ဖခင်တစ်ယောက် ဖြစ်ပြီး သားဖြစ်သူများမှာလည်း
ဗိုလ် ချုပ်သားဟူ၍ သိပင် မသိရအောင် အနေအထိုင် ရိုးကုပ်လှပေသည်။



0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်