Subscribe to our RSS Feed

ကေအိုင်အေ တပ်ဖွဲ့ဝင်တချို့ စခန်းမှ လက်နက်ဖြင့် ထွက်ပြေး

From :http://www.mmdailystar.com/2013/02/blog-post_2080.html



ဆဒုံးအနီးရှိ လုံထန်စခန်းမှ KIA တပ်ဖွဲ့ဝင် ၃ဦးမှာ ဖေဖော်ဝါရီလ၁၅ရက်နေ့ သန်းခေါင်းယံအချိန်တွင် လက်နက် နှင့် ထွက်ပြေးခဲ့ကြောင်း စခန်းမှတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

ထွက်ပြေး သွားသော တပ်ဖွဲ့ဝင်များသည် ၎င်းတို့ကိုင်သည့်သေနတ်များကို ယူဆောင်ပြီး ထွက်ပြေးသွား ခဲ့ကြောင်း၊ ထွက်ပြေးသွားသူများက တောလမ်းမှတဆင့် ရေတံခွန်ဘက်သို့ထွက်ပြေး သွားသည်ဟု ယူဆ ရကြောင်း စခန်းရှိ KIA တပ်ဖွဲ့ဝင်တစ်ဦးမှ ပြောကြားခဲ့သည်။

KIA တပ်ဖွဲ့ များသည် ဗဟိုမှ ထောက်ပံ့မှုအားနည်းခြင်း၊ စားစရာ အလုံအလောက်မရရှိခြင်း၊ အစိုးရတပ်နှင့် တိုက်ခိုက် ချိန်တွင် မိမိ တို့ဘက်မှ ထိခိုက်ကျဆုံးမှု များနေသည့် အတွက် စိတ်ဓာတ်ကျဆင်းပြီး တိုက်ခိုက် လို စိတ် မရှိခြင်းတို့ကြောင့် မကြာခဏ ထွက်ပြေးလျက်ရှိကြောင်း သိရှိ ရသည်။

ယခုအခါ စခန်းရှိအခြားတပ်ဖွဲ့ဝင်များကလည်း စိတ်ဓာတ်ကျဆင်းနေပြီး ထွက်ပြေး အလင်းဝင်လိုစိတ်၊ မိသားစုများနှင့် နေထိုင်လိုကြောင်းနှင့် ဗဟိုမှ ထွက်ပြေးသူများကို သေဒဏ်ပေးမည်ဟု အမိန့်ပေး ထား သော်လည်း KIA စခန်းအသီးသီးမှာ တပ်ဖွဲ့ဝင်များမှ စခန်းမှရှောင်ပြေးမှုများ မကြာခဏ ရှိနေ    ကြောင်း KIA နှင့် နီးစပ်သူများကပြောဆိုခဲ့ပါသည်။ အစိုးရတပ်နှင့် KIA ငြိမ်း ချမ်းရေး   ဆွေးနွေးနေကြ သည့်  အတွက် တပ်ဖွဲ့ဝင်များ က ပျော်ရွှင်နေကြ သော်လည်း ထွက်ပြေးမှုတွေက မကြာခ ဏရှိနေကြောင်း သိရှိရသည်။
. www.MyanmarExpress.net

1 comments:

အစိုးရတပ်နဲ့ KIA ငြိမ်းချမ်းရေးဆွေးနွေးနေပေမဲ့ KIA ခေါင်းဆောင်တွေ၇ဲ့မမှန်ကန်တာတွေ မတ၇ားတာတွေကို သိနေကြတဲ့ KIAတပ်သားတွေက ထွက်ပြေးနေကြတာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်