From : Myit Makha Mediagroup on 18 Feb, 2013
www.MyanmarExpress.net
သင်္ကြန်လည်ပတ်ရန်အတွက်
Light Truck နှင့် Suzuki Carry ကဲ့သို့သော နောက်ဖုံးဖွင့် ကားများ
အဝယ်လိုက်နေကြောင်း အရောင်းပြခန်းများမှ သိရသည်။၏
``
ကျွန်တော်တို့က သင်္ကြန်အတွက် ကားငှားလုပ်ငန်းလုပ်ဖို့ Suzuki
လေးစီးဝယ်ဖြစ်တာပါ။ Suzuki Carry တွေက Light Truck နဲ့ ယှဉ်ရင်
ဈေးလည်းနည်းတယ်။ ပြီးတော့ ဆီစားလည်းသက်သာတယ်´´ဟု Suzuki Carry လာရောက်ဝယ်ယူသူ ကိုဇော်မျိုးထွန်း က ပြောသည်။
အဆိုပါ
Suzuki Carry ကားများမှာ သင်္ကြန်အငှားလိုက်ရန်အတွက် ၀ယ်ယူမှုများ၍
တစ်ရက်လျှင် ပျမ်းမျှ နှစ်စီးခန့် ရောင်းရကြောင်း သင်္ကန်းကျွန်းမြို့နယ်
Car Show Room တစ်ခုမှ မန်နေဂျာ ကိုမင်းထက်ကိုက ပြောသည်။
ယခင်က
သင်္ကြန်ကာလအတွင်း ဂျစ်ကားနှင့် Light Truck ကဲ့သို့သော ကားများမှာ
အရောင်းအ၀ယ်နှင့် အငှားများသော်လည်း ယခုနှစ်တွင် Light Truck နှင့် Suzuki
Carry ကဲ့သို့ကားများမှာ ဈေးကွက်ဝင်လာခြင်းဖြစ်သည်။
``
ကျွန်တော်အထင်ကတော့ ကားက ၀ိတ်ဘယ်လောက်ခံနိုင်တယ်ဆိုတာထက်
စီးလို့ရရင်တော်ပြီ၊ သင်္ကြန်လည်ရင် Light Truck လိုမျိုးကျတော့ ကားက
ကြီးသွားပြန်ရော။ ဒီတော့ Suzuki Carry ကတော့ အနေတော်ပဲ။
ဒါကြောင့်ဝယ်ဖြစ်သွားတာပါ´´ ဟု ကားဝယ်ယူထားသူ ကိုဖြိုးက ပြောသည်။
Light Truck များ၏ ကုန်တင်ဆောင်နိုင်သည့် ၀န်ပမာဏမှာ ၇၅၀ kg မှ ၈၀၀ kg အထိရှိပြီး Suzuki Carry များသည် ၃၅၀ kg သာ ရှိကြောင်း သိရသည်။
ယခင်နှစ်များက ရန်ကုန်သင်္ကြန်ရက်အတွင်း
ဂျစ်ကားများနှင့် လည်ပတ်မှုများပြားရခြင်းမှာ ကားအပ်နှံခွင့်များ
မရှိသေးခြင်းကြောင့် ဖြစ်ပြီး ယခုနှစ်တွင် ဂျစ်ကားအများစုမှာ
ဈေးကွက်အတွင်း နည်းပါးလာသောကြောင့် အဆိုပါ Light Truck နှင့် Suzuki Carry
ကဲ့သို့သော ကားများ သင်္ကြန်အတွင်း အများဆုံးတွေ့ရဖွယ်ရှိကြောင်း ဟံသာဝတီ
ယာဉ်ရောင်းဝယ်ရေးစခန်းမှ ကိုဇော်က ပြောသည်။
ဈေးနှုန်းများအနေဖြင့် Suzuki Carry ကားများမှာ ကျပ်သိန်း ၈၄ သိန်းဝန်းကျင်ရှိပြီး Light Truck ကားများသည် ၁၂၆ သိန်း ၀န်းကျင်ရှိသည်။
Suzuki
Carry ကားများသည် ဂျပန်မှ တိုက်ရိုက် တင်သွင်းခြင်းဖြစ်ပြီး Light Truck
ကားများသည် တရုတ်မှ တင်သွင်းကာ ပြည်တွင်းတွင် ပြန်လည် တပ်ဆင်ထားသည်ဟု
သိရသည်။


1 comments:
Yangon thingyan has been desolated for 25years!Need to buy car for it?Its nonsense!
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်