From : popular
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီတွင် ပြည်လမ်း ၉ မိုင်ရှိ မြန်မာဂေါက်သီးအသင်း၌ စာနယ် ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပလေးဘွိုင်းသန်းနိုင်က မိမိသည် မှားယွင်းပြောဆိုမိကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ မြန်မာ ဂေါက်သီးအသင်းဥက္ကဋ္ဌ Captain ဦးစိုးဝင်းကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
''အမှုကိုတော့ ရဲစခန်းမှာ ကျေအေးဖို့ ပြောပြီးပါပြီ။ ဒါပေမဲ့ ရဲစခန်းက တရားရုံးရောက်မှ အမှုကို ကျေအေးလို့ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ဘယ်ရုံးပဲတင်တင် ကျေအေးပေး မှာပါ''ဟု တရားလိုအဖြစ် တိုင်ကြားသူ ကိုထွန်းထွန်းနိုင်က ပြောသည်။
ပလေးဘွိုင်းသန်းနိုင်အား ကို ထွန်းထွန်းနိုင်၏ တိုင်ကြားချက်ဖြင့် မရမ်းကုန်းရဲစခန်းမှ ကြမ်းတမ်းစွာ ပြောဆိုမှု ပ/၉၆- ၂ဝ၁၃၊ ပုဒ်မ ၂၉၄ ဖြင့် အမှုဖွင့်ခဲ့သည်။ ယင်းကဲ့ သို့ဂေါက်ကွင်း၌ ဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။
. www.MyanmarExpress.net
မြန်မာဂေါက်သီးရိုက်အသင်း ၉ မိုင်တွင် အဆိုတော်ပလေးဘွိုင်းသန်းနိုင်က
ကြမ်းတမ်းစွာပြောဆိုမှုနှင့် ပတ်သက်၍ ရဲစခန်းတွင် အမှုဖွင့်ထားခြင်းကို
Captain ဦးစိုးဝင်းက ပြန်လည်ကျေအေးလိုက်သည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က Captain's Cup အသင်း၏ ဥက္ကဋ္ဌ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ညစာ စားပွဲတွင် ပလေးဘွိုင်းသန်းနိုင်နှင့် အဆိုတော်များ ဖြေဖျော်ရာ ပလေးဘွိုင်းသန်းနိုင်က ကြမ်းတမ်း စွာ ပြောဆိုခဲ့သည်ဟု ဆိုကာ Carry Master ကိုထွန်းထွန်းနိုင်က တရားလိုပြုလုပ်၍ မရမ်းကုန်း ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ကိုထွန်းထွန်းနိုင်က ယင်းနေ့ ၌ မြန်မာဂေါက်သီးအသင်း ဥက္ကဋ္ဌ Captain ဦးစိုးဝင်းက သီချင်းသီဆို ရန်ပြောရာ၌ ပလေးဘွိုင်းသန်းနိုင်က ပြောဆိုခဲ့သည်ဟုဆိုကာ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
ဖေဖော်ဝါရီ ၁၆ ရက်နေ့က Captain's Cup အသင်း၏ ဥက္ကဋ္ဌ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ညစာ စားပွဲတွင် ပလေးဘွိုင်းသန်းနိုင်နှင့် အဆိုတော်များ ဖြေဖျော်ရာ ပလေးဘွိုင်းသန်းနိုင်က ကြမ်းတမ်း စွာ ပြောဆိုခဲ့သည်ဟု ဆိုကာ Carry Master ကိုထွန်းထွန်းနိုင်က တရားလိုပြုလုပ်၍ မရမ်းကုန်း ရဲစခန်းသို့ တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ကိုထွန်းထွန်းနိုင်က ယင်းနေ့ ၌ မြန်မာဂေါက်သီးအသင်း ဥက္ကဋ္ဌ Captain ဦးစိုးဝင်းက သီချင်းသီဆို ရန်ပြောရာ၌ ပလေးဘွိုင်းသန်းနိုင်က ပြောဆိုခဲ့သည်ဟုဆိုကာ ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၈ ရက်နေ့ ညနေ ၃ နာရီတွင် ပြည်လမ်း ၉ မိုင်ရှိ မြန်မာဂေါက်သီးအသင်း၌ စာနယ် ဇင်းရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး ပလေးဘွိုင်းသန်းနိုင်က မိမိသည် မှားယွင်းပြောဆိုမိကြောင်း၊ ယင်း ကိစ္စနှင့်ပတ်သက်၍ မြန်မာ ဂေါက်သီးအသင်းဥက္ကဋ္ဌ Captain ဦးစိုးဝင်းကို တောင်းပန်ကြောင်း ပြောကြားခဲ့သည်။
''အမှုကိုတော့ ရဲစခန်းမှာ ကျေအေးဖို့ ပြောပြီးပါပြီ။ ဒါပေမဲ့ ရဲစခန်းက တရားရုံးရောက်မှ အမှုကို ကျေအေးလို့ရမယ်လို့ ပြောတယ်။ ကျွန်တော်တို့ကတော့ ဘယ်ရုံးပဲတင်တင် ကျေအေးပေး မှာပါ''ဟု တရားလိုအဖြစ် တိုင်ကြားသူ ကိုထွန်းထွန်းနိုင်က ပြောသည်။
ပလေးဘွိုင်းသန်းနိုင်အား ကို ထွန်းထွန်းနိုင်၏ တိုင်ကြားချက်ဖြင့် မရမ်းကုန်းရဲစခန်းမှ ကြမ်းတမ်းစွာ ပြောဆိုမှု ပ/၉၆- ၂ဝ၁၃၊ ပုဒ်မ ၂၉၄ ဖြင့် အမှုဖွင့်ခဲ့သည်။ ယင်းကဲ့ သို့ဂေါက်ကွင်း၌ ဖြစ်ပွားခြင်းမှာ ပထမဆုံးဖြစ်ကြောင်း သိရသည်။
. www.MyanmarExpress.net



3 comments:
playboyအဖွဲ့က ကုလားသန်းနိုင်က လူကြီးလူကောင်း ရဲချုပ်ဗိုလ်မှူးကြီးစိုးဝင်းကို မိုက်မိုက်၇ိုင်း၇ိုင်းဆဲဆိုစော်ကားခြင်း
မတရား စော်ကားပြီး အောက်တန်းကျစွာနဲ့ ပြောဆိုစွပ်စွဲထားတဲ့ ပလေးဘွိုင်သန်းနိုင်ရဲ့ စကားတွေနဲ့ ကိုမျိုးချစ်မြန်မာက တဖက်သတ် ပိုစ်ရေးတင်တော့ ကျန်တဲ့လူတွေက လူကြီးလူကောင်း ရဲချုပ်ဗိုလ်မှုကြီးစိုးဝင်းကို ၀ိုင်းဆဲနေကျလို့ မနေနိုင်လို့ ပြောပြခြင်းဖြစ်ပါတယ်။
သီချင်းဆိုတဲ့ ကုလားသန်းနိုင်ဟာ သူ့ညီမ အဆိုတော်ပုလဲကို သူပြန်ယူထားသူဖြစ်ပါတယ်
LPJ (အဆိုတော်မြန်မာပြည်သိန်းတန် ထောင်ခဲ့တဲ့အဖွဲ့) Love Peace Joy အစိတ်စိတ်အမွှာမွှာကွဲခဲ့တာ အဲ့ဒီကုလားသန်းနိုင်ကြောင့်ပဲ
ကုလားသန်းနိုင်ဆိုတာ ၇ုပ်၇ှင်သ၇ုပ်ဆောင်အဆိုတော်ထွန်းထွန်း၇ဲ့ ဦးလေးတော်တယ်
Oak Kar
တေးသံရှင် ပလေးဘွိုင် ဦးသန်းနိုင်ရဲ့ အဖြစ်အပျက်အမှန်....။
အမှန်တရား အတိုင်းတော့ ပြောပြချင်တယ်။
ကျွန်တော်အရပ်သားပါ။ ကျွန်တော်တို့က (၉)မိုင် ဂေါ့ကလပ်မှာ အမြဲရိုက်ပါတယ်။
ရဲချုပ်ဗိုလ်မှုကြီးစိုးဝင်း က သက်တမ်း(၂) ခါ့တိတိအရွေးချယ်ခံရတဲ့ ဥက္ကဌ ဖြစ်ပါတယ်။ တရားမျှတစွာ စီမံခန့်ခွဲတတ်ပြီး ဂေါက်ကွင်းသာယာ လှပရေး ဂေါက်လာရိုက်သူများကိုလည်း အဆင်ပြေပျော်ရွင်အောင် စီစဉ်ဆောင်ရွက်ပေေးနတဲ့ လူကြီးလူကောင်းတယောက်ပါ ။
အဲဒီနေ့ က အဖြစ်အပျက်ကို အစအဆုံး ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ အခုလို မတရား စော်ကားပြီး အောက်တန်းကျစွာနဲ့ ပြောဆိုစွပ်စွဲထားတဲ့ ပလေးဘွိုင်သန်းနိုင်ရဲ့ စကားတွေနဲ့ တဖက်သတ်တော့ မစွပ်စွဲ မရေးသင့်ပါဘူးဗျာ ။
ဥက္ကဌ ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ နဲ့ ညစာစားပွဲ ဆုပေးပွဲ လုပ်တာပါ ။ လူပေါင်း (၂၄၀)လောက်ပျော်ရွင်စွာ ပါဝင်ဆင်နွဲခဲ့ကျပါတယ်။ ဂေါက်ကွင်းဥက္ကဌကြီး ကိုယ်တိုင်က ပလေးဘွိုင်သန်းနိုင် နဲ့ အမျိုးတော် တဲ့ အလုပ်အမှု့ဆောင်အဖွဲ့ဝင် ကိုအယ်ဒီ (ခ) ကိုတင်အောင်မိုးကို တီးဝိုင်းလေးနဲ့ အားလုံးပျော်ရွင်ရအောင်စီမံပြီး ခေါ်ခိုင်းခဲ့တာပါ ။ ဒီအခါ့မှာ ကိုပက်ထရစ်ကိုကိုလေး တို့လဲ လာရောက် ဖျော်ဖြေကျပါတယ်။
ပြီးတဲ့အခါ့မှာ ကိုသန်းနိုင် က မိုက်ကို ဒုတိယအကြိမ် ထပ်ယူပြီး မလွတ်တမ်း ဆိုပါတယ်။ ဒီနောက် မန်ဘာလူငယ်လေးတစ်ဦး (၀င်းမိုးအောင်) က ဥက္ကဌ ကို ကျွန်တော် ရှမ်းသီချင်းဆိုပြီး ကချင်တယ်လို့ ခွင့်တောင်းသံကြားလိုက်မိပါတယ်။ အဲဒီအခါမှာ ဥက္ကဌကြီးက ကိုအယ်ဒီ ( တီးဝိုင်းစီစဉ်သူ ကိုသန်းနိုင်ရဲ့ အမျိုး) ကို ပြောပေးတာ သိလိုက်ရပြိး ကိုအယ်ဒီက စင်ပေါ်တက်သွားပြီး ပြောပြတာလဲတွေ့ရပါတယ်။
နောက် ကိုသန်းနိုင်က စင်အောက်ကိုပြန်ဆင်းလာပြီး သိပ်မကြာပါဘူးဗျာ ဇာတိစရိုက် ပြတော့တာပါပဲ ။ လက်ထဲမှာကိုင်ထားတဲ့ FM မိုက်နဲ့ *Captain ကို "လီး" ပဲ" လီး" ပဲ လို့ အကြိမ်ရေများစွာ ဆဲဆို သောင်းကျန်းပါတော့တယ်။
အဲဒီအချိန်မှာ မြန်မာနိုင်ငံဂေါက်သီးရိုက်အဖွဲ့ချုပ်က ဦးချမ်းဟန်တို့လို လူကြီးလူကောင်းတွေလဲ ရှိနေပါတယ်။ ကျွန်တော်တို့ မျက်မြင်ပါပဲ ပလေးဘွိုင်သန်းနိုင်က ရိုင်းစိုင်းစွာ ဆဲဆိုပြိးသောင်းကျန်းနေတော့ မခံရပ်နိုင်သူ ဘေးမှ လူငယ်တချို့ ကရိုက်မယ် ဖြစ်လာတော့ ဥက္ကဌ ဦးစိုးဝင်းက တားဆီးထားပေးတာပါ။
အဲဒီနောက်မှာတော့ ဂေါက်ပွဲတိုင်း လုံခြုံရေးလာပေးတဲ့ မရမ်းကုန်းရဲစခန်းက တာဝန်ရှိသူကရောက်လာပြီး ဆဲရဲတိုင်းထွာ ဆူပူအော်ဟစ် အများပြည်သူကို နှောက်ယှက်မှု့နဲ့ ပလေးဘွိုင်သန်းနိုင်ကို အမှု့ဖွင့်ခဲ့တာပါ။ ဥက္ကဌ ဦစိုးဝင်းတောင် အဲဒီ ရဲနဲ့ စကားပြောတာ မတွေ့လိုက်ရပါဘူး။
အခုအခါ့မှာတော့ ကျွန်တော်တို့ကြားသိသလောက် သတင်းအရ ဥက္ကဌဦးစိုးဝင်းကို အိမ်လာခွင့်တောင်းပြီး တောင်းပန်မယ် အမှု့ပိတ်ပေးပါလို့ ကြားထားပါတယ်။ ဒီနေ့ (၉) မိုင်ဂေါက်ကွင်းမှာ အဲဒီကိစ္စဖြစ်ရပ်မှန်ကို ညနေ(၃)နာရီမှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ သိထားရပါတယ်။ ကိုသန်းနိုင်လဲ တက်ရောက်မယ်လို့ ကြားထားတယ်။
တကယ့်ဖြစ်ရပ်မှန်ကို မသိပဲ သတင်းရေးသူုအနေနဲ့ တဖက်သတ် မရေးသင့်ပါဘူးဗျာ ။ နစ်နာပါတယ် ။
ကျွန်တော်တို့က ဂေါက်ကွင်းကျမှ ရဲချုပ်ဦးစိုးဝင်းကို တွေ့ဖူးတာပါ ။ ဂေါက်ကွင်းစည်ပင်သာယာလှပရေးတွေ လုပ်ဆောင်ပေးတယ် လူကြီးလူကောင်း ပီသတယ်။ စေတနာထားတတ်တယ် ။ ဒါကြောင့် အဖြစ်မှန်ကိုပြောပြခြင်း ဖြစ်ပါတယ်။ လေ့လာလို့လဲ ရပါတယ်။
ဒီကိစ္စကို တဖက်သတ် ရေးတဲ့ ကိုမျိုးချစ်မြန်မာ အနေနဲ့ သေချာ မလေ့လာမဆန်းစစ်ပဲ မရေးသင့်ပါဘူး။ သတင်းတခုကို မခိုင်လုံပဲ တဖက်သတ်ပြောသလို ရေးတဲ့အခါ့မှာ သူတဖက်သား နစ်နာစေပါတယ်။ အဲဒီအချိန်က ရှိတဲ့သူတွေကို မေးမြန်းစုံစမ်းကြည့်ကျပေါ့ဗျာ ။ လူစုံရှိတာပါ။ ပလေးဘွိုင်သန်းနိုင် အနေနဲ့ လူကြီးလူကောင်းပီသစွာ ပြောဆိုခဲ့သင့်တယ် ။ ဆဲရေးမတိုင်းထွာခဲ့သင့်ပါဘူး။ သေချာမသိပဲ ပိုစ်ရေးတင် ကျန်တဲ့လူတွေက ၀ိုင်းဆဲနေကျလို့ မနေနိုင်လို့ ပြောပြခြင်းဖြစ်ပါတယ်။ အဲတာပါပဲ..။
ကို Zaw Mintun Zawmintun ၏ မူရင်းပို့စ်မှ Comment ရေးသူ ကို Min Yannaing ၏ ရှင်းလင်းတင်ပြချက်အား မူရင်းအတိုင်း မျှဝေပါသည်။ ။
https://www.facebook.com/photo.php?fbid=3859339061906&set=a.3055985058558.100040.1831311223&type=1&theater
ဥက္ကာ
သီချင်းသံကနားထောင် လို့ကောင်းပါတယ်။ဆဲသံက တော့နားထောင် လို့မ ကောင်းပါဘူးက လေးဘွိုင်းကြီးရယ်
မနေ့က တင်ထားတဲ့သတင်းနဲ့က တော်တော်လေးကွာသွားတယ်နော်... ဆိုလိုတာက... အခုတင်ပြတဲ့ ပလေးဘွိုင်သန်းနိုင်ရဲ့ အပြောအဆိုကြမ်းတာက မနေ့ကအတိုင်းဆို ကြောက်စရာကြီးဘဲ... လုံးဝသိက္ခာမရှိတဲ့.. အောက်တန်းကျကျဆဲဆိုမှုတွေကို ဖော်ပြခဲ့တာပါ.. ဒီနေ့ဖော်ပြချက်က မဆိုးပါဘူး... ကာယကံရှင်ရဲ့ သိက္ခာကိုလည်း သိတ်မထိခိုက်ဘူးပေါ့...... ဒါပေမဲ့ အဲဒီလိုဖြစ်ရခြင်းအကြောင်းအရင်းကိုတော့ ယမကာလေး အနှောင့်အယှက်ရှိသွားလို့ဘဲ လို့သဘောပေါက်လိုက်ကြပါတယ်.... နောင်ကို ဆင်ခြင်ကြပေါ့.... မူးရင်မဆိုနဲ့... ဆိုရင်မမူးနဲ့ပေါ့..ဟဲဟဲ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်