From : popular
မတ်၃ရက် နံနက် ၈း၃၀ နာရီတွင် ကျင်းပမည့် မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ် ( ဗဟို ) ၏ ၁၃ ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးတွင် ပြည်တွင်း၊ပြည်ပ ပညာရှင် ၆ဦးက စာတမ်းများ ဖတ်ကြား သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းစာတမ်းဖတ်ပွဲတွင် မွေး / အဖွဲ့ချုပ် ၊ အထွေထွေအတွင်းရေး မှူး ဒေါက်တာခင်လှိုင်က “မွေးမြူရေးတွင် နေဗီယာ ပတ်ချောင်း (၁ )မြက်ပင် အသုံးချနည်းစာတမ်း ၊ ဒုတိယဥက္ကဌ ( ၂ ) ဒေါက်တာမျိုးသန့်က “တစ်နိုင်ငံလုံး အသားကဏ္ဍအစာ လိုအပ်ချက်စာတမ်း” နှင့် အင်းလေးရှိ Burmese Cat Farm ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်နေသော ဒေါက် တာ ဒေါ်ကြည်ကြည်တင်က “မြန်မာကြောင်၏ ကြန်အင်လက္ခဏာ နှင့် မျိုးထိန်းသိမ်းခြင်း စာတမ်း”များကိုဖတ်ကြားသွားမည်ဖြစ်ကြောင်း ၊ ပြည်ပမှ ပညာရှင်များဖြစ်သော Green Field Int’l Ltd မှထိုင်းပညာရှင် တစ်ဦးက “ကြက်မွေးမြူရေးတွင် အရေးပါသော လေ၀င်လေထွက် စနစ်အကြောင်း စာတမ်း” ထိုင်းနိုင်ငံ Altech ကုမ္ပဏီမှ Dr.Alison က “မျိုးဗီဇ နှင့်အာဟာရ ရှုထောင့်မှ မွေးမြူရေး ပြဿနာ အဖြေရှာခြင်းစာတမ်းနှင့် ယင်းကုမ္ပဏီမှ Dr.Kij Soonthron က “အစာမှိုဆိပ် ပြဿနာ လက်တွေ့ဖြေရှင်းနည်း စာတမ်း” တို့ကို ဖတ်ကြားသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာတမ်းဖတ်ပွဲကို ဘုရင့်နောင်လမ်းနှင့် စက်မှုဆေးဝါးလမ်းထောင့် ၊ အနောက်ကြို့ကုန်း ၊ အင်းစိန်မြို့နယ် ၊ ရန်ကုန် တိုင်းဒေသကြီး ရှိ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
www.MyanmarExpress.net

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်