Subscribe to our RSS Feed

အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်းတိုင်းတာရေး ကော်မရှင်၏ ၁၃ ကြိမ်မြောက် အစည်းအဝေး ရန်ကုန်ရှိ Park Royal ဟိုတယ်တွင် ကျင်းပ

From : popular


အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်းတိုင်းတာရေး ကော်မရှင်၏ ၁၃ ကြိမ်မြောက် အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ပထမဦးဆုံး လက်ခံကျင်းပမှုအား ယနေ့ ရန်ကုန်ရှိ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်နေကြောင်းသိရသည်။

အဆိုပါပွဲကို အိန္ဒိယ သမုဒ္ဒရာ မြောက်ပိုင်း ရေကြောင်း တိုင်းတာရေး ကော် မရှင်အဖွဲ့ဝင် မြန်မာ ၊ ထိုင်း ၊ သိရိလကာင်္ ၊ အိန္ဒိယ ၊ ဘင်္ဂလားဒေ့ရှ် ၊ ဆော်ဒီအာရေဗီးယား နှင့် ယူနိုက်တက် ကင်းဒန်း နိုင်ငံမှ စစ်ဘက် ဆိုင်ရာ ရေတပ်အရာကြီးများ တက်ရောက်နေကြသည့်အပြင် မိတ်ဘက် နိုင်ငံများ ဖြစ်သည့် သြစတြေးလျ ၊ ပြင်သစ် ၊ မော်ရစ်ရှ် ၊ အိုမန် ၊ ပါကစ္စတန် ၊ဆူဒန် နှင့်အမေရိကန် နိုင်ငံတို့မှ အရာရှိများနှင့် ပညာရှင် စုစုပေါင်း ၅၂ ဦးတို့ တက်ရောက်နေကြသည် ။

အဆိုပါအစည်းအဝေးကို ယနေ့မှ စတင်၍ ဖေဖော်ဝါရီ ၂၂ရက်နေ့ အထိ လက်ခံကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးများသည့် အစည်းအဝေးတစ်ရပ်ဖြစ်သည်ဟု ပွဲတက်ရောက်နေသူ တပ်မတော်( ရေ )မှ အရာရှိတစ်ဦးက ပြောသည်။

အဆိုပါအခမ်းအနား ဖွင့်ပွဲသို့ ကာကွယ်ရေး ဦးစီးချုပ် ( ရေ )ဗိုလ်ချုပ် သူရသက်ဆွေ အဖွင့်အမှာစကားပြောကြားပြီး ရေတပ်ပင်မ တိုင်းတာရေး တပ်မှူး ဗိုလ်မှူးချုပ် မင်းသိမ်းတင့်၊အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း ရေကြောင်း တိုင်းတာရေး ကော်မရှင် ဥက္ကဌ အိန္ဒိယနိုင်ငံမှ Vice Admiral Saroj K Jha နှင့်အပြည်ပြည်ဆိုင်ရာ ရေကြောင်းတိုင်းတာရေးအဖွဲ့ ဒါရိုက်တာ Rear Admiral ( Rtd ) K R Srinibasal တို့ လည်းအမှာစကားပြောကြားခဲ့သည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်