From :http://www.kachindailynews.com/2013/02/blog-post_1247.html
ကချင်ပြည်နယ်အတွင်း ဖေဖော်ဝါရီလဆန်းမှ စတင်ကာ အစိုးရ တပ်မတော်နှင့် ကချင်လွတ်မြောက်ရေး တပ်မတော်တို့အကြား တိုက်ပွဲများ သိသာစွာ လျော့ကျသွားကြောင်း နှစ်ဖက်စလုံးက ပြောကြားသည်။ “ရွှေလီဆွေးနွေးပွဲ နောက်ပိုင်းမှာ နှစ်ဖက်ကြား တိုက်ခိုက်မှုတွေ သိသိသာသာ လျော့ကျသွားပါတယ်။ အချို့နေရာတွေမှာ ပစ်ခတ်မှု အနည်းငယ်ရှိပေမယ့် ဒါဟာ တိုက်ပွဲအသွင် မဆောင်ပါဘူး။

နားလည် မှုလွဲပြီး ဖြစ်တဲ့သဘောပဲ ရှိပါတယ်” ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ် က ဖြေကြားသည်။ ကေအိုင်အိုမှ ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က “တိုက် ပွဲတွေ လျော့လာတယ်” ဟု ပြောကြားသည်။ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခြင်း မရှိတော့သော် လည်း ဖားကန့်ဒေသ၊ လီဒိုလမ်း တစ်လျှောက်နှင့် မိုးမောက်မြို့နယ် တို့တွင် နှစ်ဖက် ထိတွေ့မှု များ ယခုရက် ပိုင်း အတွင်း ဖြစ်ပွား ခဲ့ကြောင်း ဦးလနန်က ပြောသည်။ အချို့နေရာများတွင် အစိုးရတပ် များက ရဟတ်ယာဉ် များ အသုံးပြု ကာ တပ်အလဲအလှယ် ပြုလုပ်ခြင်းများ၊ အင်အားဖြည့် တင်းခြင်းများ လုပ်ဆောင်လျက် ရှိသည် ကို တွေ့ရကြောင်း ကေအိုင်အေက ပြောကြားသည်။
ထိုအချက်ကို ဦးရဲထွဋ်က “ဝေးလံတဲ့ဒေသတွေမှာ ရောက်ရှိနေတဲ့ စစ်ကြောင်းတွေအတွက် လိုအပ်တဲ့ ရိက္ခာ၊ ဆေးဝါးများကို ရဟတ်ယာဉ်နဲ့ ပေးပို့တာရှိသလို နောက်တန်းကို ဆေးကုသရန်၊ သင်တန်းတက်ဖို့ ရှိနေသူတွေ ကို မြေပြင်မှာ ချီတက်သွားလာရင် မှားပြီး ပစ်ခတ်တာမျိုးကို ရှောင်ရှားတဲ့အနေနဲ့ ရဟတ် ယာဉ်နဲ့ ခေါ်ဆောင်ခြင်း ရှိနိုင်ပါတယ်။ ဒါဟာ ထိုးစစ်အတွက် ပြင်ဆင်တာ မဟုတ်ပါဘူး” ဟု ရှင်းလင်း ဖြေကြားသည်။
“အခုရက်ပိုင်းမှာ ပူပန်မှုတော့ နည်းနည်းလျော့သွား တယ်။ ဟိုတစ်လောကဆို လူတွေ မျက်နှာကို ကြည့်ရ တာ မသာမယာနဲ့” ဟု လိုင်ဇာမြို့အနီးရှိ အကြီးဆုံး စစ်ဘေးဒုက္ခသည် စခန်းဖြစ်သော ဂျယန်း စခန်းမှ တာဝန်ခံ ဦးနော်ဂျာက ဖုန်းဖြင့် ဖြေကြားခဲ့ကြောင်း သိရှိရပါသည်။
www.MyanmarExpress.ne

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်