Subscribe to our RSS Feed

ထိုင်းအလုပ်ရရေး နယ်စပ်တွင် ငုတ်တုတ်မေ့နေသော အလုပ်သမားအချို့ ဝမ်းရေးအတွက် လိင်လုပ်သားအဖြစ် စတေးနေရ

From : popular


ထိုင်းတွင်အလုပ်ရရန် မြဝတီနယ်စပ်တွင် အချိန်ကြာမြင့်စွာ သောင်တင်နေခြင်းကြောင့် အလုပ်သမားအချို့သည် အလစ်သုတ်ခြင်းနှင့် လိင်လုပ်သား အဖြစ်လုပ်ကိုင်ခြင်းများ ပြုလုပ်လာကြောင်း ရွှေ့ပြောင်း အလုပ် သမား အခွင့်အရေး ကွန်ရက်မှ သိရသည်။ ”ပြီးခဲ့တဲ့ နှစ်ပတ်လောက်က ကျွန်တော် မြဝတီကို ရောက်တယ်။ အဲဒီမှာ နယ်ခံတွေလည်း တော်တော် ညစ်နေကြတယ်။ စောင့်နေတဲ့ သူတွေထဲမှာ အချို့ယောက်ျားလေး    တွေက ပစ္စည်းတွေဘာတွေ အလစ်သုတ်၊ အချို့အမျိုးသမီးတွေ ကလည်း မကောင်းတဲ့ အလုပ်တွေလုပ်နဲ့ ချောင်ပိတ်မိသလို ဖြစ်နေကြတာ”ဟု ကွန်ရက်မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ ပွဲစားများသည် အလုပ်သမား များကို စည်းရုံးကာ နယ်စပ်သို့ ခေါ်ကြောင်း၊ နယ်စပ်တွင် တစ်ဖက် နိုင်ငံမှ ပွဲစားနှင့် ထပ်မံချိတ်ဆက်ပေး ကြောင်း၊ လက်ရှိတွင် အလုပ်ခေါ်စာ မရှိဘေးဘဲ အလုပ်သမားများကို ခေါ်ဆောင်လာခဲ့ရာ မြဝတီ နယ်စပ်တွင် အလုပ်သမားခြောက် ထောင်ခန့် သောင်တင်လျက်ရှိ သည်။ ပုံမှန်အားဖြင့် ထိုင်းသို့သွားရန် ရက် ၂ဝမှ တစ်လအတွင်း သာ စောင့်ဆိုင်းရသော်လည်း လက်ရှိတွင် သုံးလခန့်ကြာမြင့်ခြင်း ကြောင့် အထက်ပါ ကိစ္စများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၄င်းက ပြောသည်။
”ထမင်းကျွေးတဲ့ ကန်ထရိုက်က သပ်သပ်ရှိတယ်။ တစ်ယောက် ဘယ်လောက်နှုန်းဆိုပြီး ကျွေးတယ်။ အချိန်တွေကြာတော့ ကန်ထရိုက်က ရှုံးတယ်လေ၊ ထမင်းစားလည်း နပ်မမှန်တော့ဘူး၊ သူတို့မှာ ထွက်ပေါက် မရှိတော့လို့ မဖြစ်သင့်တာ တွေဖြစ်ကုန်တာ”ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ အလုပ်သမား ညွန်ကြားရေး ဦးစီးဌာနမှ အေဂျင်စီများကို လိုင်စင်ချပေးကာ တရားဝင်ပို့ဆောင်ရန် စီစဉ်ပေးသော်လည်း လူလိုက်စု သည့်ပွဲစားများကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားနေခြင်းဖြစ် ကြောင်းသိရသည်။ ”လိုင်စင်ရ အေဂျင်စီတွေက ထိုင်းကစက်ရုံတွေနဲ့ ချိတ်ဆက်မှု နည်းတယ်။ အဲဒီအခါ ပွဲစားတွေက အေဂျင်စီရဲ့ နာမည်ခံပြီး   ပေးထွက် တယ်။ အေဂျင်စီကိုတော့ တစ်ယောက် ဘယ်လောက်နှုန်းပေးဆို တဲ့ပုံစံမျိုးနဲ့ပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။ ထို့ကြောင့် အလုပ်ရှင်က ရန် ကုန်သို့ တိုက်ရိုက်လာရောက်ကာ ခေါ်ယူသော စနစ်ကို ပိုမိုကျယ်ပြန့် စွာလုပ်ဆောင်ရန်လိုအပ်သလို နာမည်ခံပြီး လုပ်ကိုင်နေသော အေဂျင်စီများကို လည်း စိစစ်ရန်လို ကြောင်း ၄င်းက ပြောသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ အလုပ်သမားညွှန်ကြားရေး ဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ”အေဂျင်စီတွေကိုလည်း ပြောထားပြီး သားပါ။ မသမာတဲ့ အေဂျင်စီရှိရင် လည်း တိုင်ကြပါ။ တိုင်မယ့်သူကို စောင့်နေပါတယ်” ဟု ပြောသည်။
၎င်းတို့သည် တစ်နိုင်ငံလုံးရှိ မြို့နယ်ရုံး ၇၇ ရုံးတွင် ထိုင်းအလုပ် အကိုင်နှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များ ကြေညာထား ပြီးဖြစ်ကြောင်း၊ သွားလိုသည့် အလုပ်သမားများသည် အဆိုပါ အချက်များကို   လေ့လာပြီးမှသာ သွားရောက် သင့်ကြောင်း အကြံပြုသည်။ မရမ်းကုန်းအခြေစိုက် ထိုင်းသို့ အလုပ်သမားပို့ခွင့်ရ အေဂျင်စီ မှ တာဝန်ရှိသူတစ်ဦးက”လက်ရှိ မှာ တစ်နေ့လုပ်ခ ဘတ် ၃ဝဝ တိုး ပေးရတော့ အလုပ်ရှင်တွေ ကလည်း လုပ်ငန်းလည်ပတ်ဖို့ အခက်အခဲဖြစ် နေတယ်။ တချို့ကလေးတွေက သွားရရင်ပြီးရောဆိုပြီးလုပ်လို့ နယ် စပ်မှာ အကြာကြီးစောင့်နေရတာ” ဟု မှတ်ချက်ပြုသည်။  ထိုသို့ နယ်စပ်တွင် အချိန်ကြာ မြင့်စွာစောင့် ဆိုင်းပြီး တစ်ဖက်နိုင်ငံ သို့ ရောက်ရှိသောအခါတွင်လည်း အလုပ်သမား အခွင့်အရေးများ ချိုးဖောက်ခံရခြင်း၊ သတ်မှတ်ထား သော ဝန်ဆောင်ခများထက် ပိုပေးရခြင်းများ ကြုံတွေ့ရကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက်မှ တာဝန်ရှိသူတစ် ဦးက ပြောသည်။
”ဟိုရောက်ရင် စာချုပ်ချုပ် ထားတဲ့ အတိုင်းမဟုတ်တော့ဘူး၊ ဝန်ဆောင်ခကို မြန်မာဘက်က ငွေတစ်သိန်းထက် ပိုမယူရဘူးလို့ သတ်မှတ်ထားပေမယ့် နှစ်သိန်းခွဲက နေ သုံးသိန်းအထိ ပေးရတယ်။ ထိုင်းဘက်ရောက် ရင် ဘတ် ၁ဝဝဝဝထက် ပိုမယူရဘူးလို့ သတ်မှတ်ထားပေမယ့် ဘတ် ၁၂ဝဝဝ ကနေ ဘတ် ၁၈ဝဝဝ အထိ ပေးရတယ်”ဟု ၄င်းက ပြောသည်။ ယခင်က ထိုင်းသို့ အလုပ်သွား ရောက်လုပ်ကိုင်ရာတွင် ပွဲစားများ ဖြင့်သာ ချိတ်ဆက်၍ မြဝတီ၊ တာချီလိတ်၊ ကော့သောင်း စသည့် နယ်စပ်ထွက်ပေါက်များမှ တစ်ဆင့် သွားရောက်ရခြင်းဖြစ်သည်။ ထို့ ကြောင့် မလိုလားအပ်သော ပြဿနာများ ကြုံတွေ့ခဲ့ရသည့် အတွက် ပွဲစားများ ပပျောက်    စေရန် အေဂျင်စီ များကို တရားဝင် လိုင်စင်ချပေးကာ အလုပ်သမားပို့ဆောင်စေခြင်းကို ယမန်နှစ်မှ စတင်လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး လက်ရှိတွင် အေဂျင်စီ ၆ဝ ကျော်ရှိကြောင်း အလုပ်သမား ညွှန်ကြားရေး  ဦးစီးဌာနမှ သိရ သည်။



  www.MyanmarExpress.net
 

4 comments:

Photos shouldn't b used if Myanmar express is a standardized media.

min maung toe ဆိုတဲ့ကောင် မင်း တို့က
myanmar express ဆိုက်တော့ဝင် ကြည့်တယ်။
ပြီးတော့ ခွေးလိုဟောင် တယ်။ ကိုယ်တိုင် လုပ်နိုင် ရင်
လုပ်လေကွာ ။ ဘေးက နေ ကန့်လန့်တိုက်ပြီး ဟောင် တိုင်း ကိုယ့်ကိုယ်ကို မှန်လှပြီထင် နေလား???

Htain Win wanna b fucked by democratics?He seems to b from MEG!Arrest n inquire him.All hacking problems will b OK.He is a dog born n brought up by cronies n those taking bribe.They feed him only dog's do.

We all Kayins want to kill a dog named Htain Win(Htain Pin) .

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်