From :rfa
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ အဖွဲ့ဟာ ရဟတ်ယဉ်သုံးစီးနဲ့ ဒီနေ့ ညနေ
၃ နာရီမှာ ချင်းပြည်နယ်ရဲ့မြို့တော် ဟားခါးကို ရောက်ရှိသွားကြပါတယ်။
ဟားခါးဒေသခံတွေက ထောင်နဲ့ချီပြီး ချင်းမျိုးနွယ်စုတွေရဲ့ ရိုးရာဝတ်စုံတွေ၊ ရိုးရာအကတွေနဲ့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုခဲ့ကြတယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးဗန်ထောင်းက RFA ကိုပြောပါတယ်။
ဦးသိန်းစိန်ဟာ မနက်ဖြန် ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ဟားခါးမြို့က ဌာနဆိုင်ရာအကြီးအကဲ၊ မြို့မိမြို့ဖတွေနဲ့ တွေ့ဆုံမှာဖြစ်ပြီး အဲဒီနောက် ဟားခါးမြို့ပေါ်က နွားနောက်မွေးမြူရေးခြံ၊ လက်ဖက်စိုက်ပျိုးရေး
ခြံတွေ ကြည့်ရှုမယ်လို့ ၀န်ကြီးဦးဗန်ထောင်းက ပြောပါတယ်။
နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့အခါမှာ ဟားခါးမြို့ဒေသခံတွေက ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီးပုံမှန်ရရှိရေး၊ သောက်သုံးရေ ဖူလုံရေးနဲ့ ဟားခါးမြို့ဒီကရီကောလိပ် ဖွင့်လှစ်ပေးရေးကိစ္စတွေကို တင်ပြမယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မနေ့က တစ်ရက်အနားယူခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ ဒီကနေ့ မနက် ၉ နာရီခွဲမှာ တီးတိန်မြို့ကိုရောက်ရှိပြီး၊
အဲဒီမှာ ဌာနဆိုင်ရာ အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီ့နောက် ဖလမ်းမြို့ကတဆင့် ဟားခါးကို ရောက်သွားတာဖြစ်တယ်။
. www.MyanmarExpress.net

2 comments:
သမ္မတကြီးကျန်းမာပါစေ အသက်ရာကျော်ရှည်ပါစေ။
ကျွန်တော်တို့ ဝန်ထမ်း(ဒေသခံမဟုတ်)တွေအတွက်တော့ ဖခင် တစ်ယောက်ရောက်လာ သလို အရမ်းကို အားတက်စေပါတယ်။ကြိုးစားပါ့မယ် သမတ ကြီး ခင်ဗျား။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်