Subscribe to our RSS Feed

အီကြာကွေးစားသုံးမှု သတိပြု

From : hot news





လူအများစားသုံးလျက်ရှိ သော အီကြာကွေးထဲ၌ရောင်းပန်း  လှရန်အတွက် မိုးနီးယား (MX3) ဟုခေါ်သော ဓာတုဆေးဝါးတစ် မျိုးအားသုံးစွဲကာ ကြော်လှော် ရောင်းချမှုများရှိကြောင်း စားသုံး  သူကာကွယ်ရေးအသင်းမှ ဥက္ကဋ္ဌ  ဦးဗအုပ်ခိုင်ကပြောကြားသည်။

““ဒီလိုဖြစ်တဲ့နေရာကတော့   ရွှေပြည်သာက ထန်းခြောက်ပင် ဈေးမှာဖြစ်တာ။ဆရာတို့ကို လူ    တွေက အဲဒီဆိုင်က အီကြာကွေး    တွေက သေးစော်နံလို့ဆိုပြီး တိုင် တယ်။ဆရာတို့သွားစစ်တဲ့အခါ   ကျတော့ သေးစော်နံမှာပေါ့ မိုး နီးယား (MX3) ကိုထည့်သုံးထား   တာကို မိုးနီးယားဆိုတဲ့ဓာတုဆေးဝါး    တစ်မျိုးကို အီကြာကွေးတို့အခြား ကြော်တဲ့နေရာတွေမှာထည့်သုံး  မယ်ဆိုရင် အဲဒီဆေးက အခြားပွ ဆေးတွေသုံးတာထက် ပိုပွတယ်။    အရင်တုန်းက အီကြာကွေးတွေ ထဲမှာ ဆော်ဒါထည့်သုံးကြတယ်။     အဲဒါကိုသုံးတာ ဆရာတို့ဘာမှ မပြောပါဘူး။အခုဟာက တရား   လွန်လာတယ်။ ဘယ်သူသေသေ   ငတေမာရင်ပြီးရောစိတ်နှင့်အလုပ် လုပ်နေကြတယ်””ဟုပြောကြားခဲ့ သည်။

အဆိုပါကဲ့သို့ ၀ိဿမလော ဘသမားများ မတော်စီးပွားရှာ   ကာပြုလုပ်ရောင်းချခြင်းကြောင့် စားဖို့အသက်ရှင်နေသည်ဟု မဖြစ်    ရစေပဲ အသက်ရှင်ဖို့စားရသည် ဖြစ်စေလိုသောကြောင့် ကျန်းမာ ရေးအတွက် ဂရုစိုက်ကာစား သောက်စေလိုကြောင်းဦးဗအုပ်ခိုင်    ၏မှာကြားချက်အရသိရှိရသည်။
အဆိုပါ မိုးနီးယား (MX3) သည် ရေခဲစက်နှင့် အဲယားကွန်း    များတွင်သုံးသည် မိုးနီးယား(ဌြ၃)ျွေအမျိုးအစားဖြစ်ပြီး ယင်းကဲ့သို့   အသုံးပြုထားသော အစားအစာ      ရောဂါဝေဒနာရရှိနိုင်ပြီး ရေရှည်  စားသုံးပါက ကင်ဆာရောဂါများ ရရှိနိုင်ကြောင်း အဆိုပါပုဂ်္ဂိုလ် ပြောကြားချက်အရ သိရသည်။
 www.MyanmarExpress.net
 

3 comments:

Ammonia formula က NH3 ပါ ... MX3 မဟုတ်ပါ။

ဘယ်သူသေသေ ငတေမာရင်

ပြီးရောဆိုတဲ့စိတ်ဓါတ်တွေ

သေရင်အပါယ်သွားကြမှာမကြောက်

ကြဘူးလား။

ူလူဘဝခဏသုခဆိုတာမရှိပါဘူး

ဒုက္ခတွေကြီးပါငွေအတွက်လောဘတက်

နေကြတာငွေချမ်းသာတာချမ်းသာအစစ်

မဟုတ်အစစ်မဟုတ်ပါဘူး။

က္ဈန်တော်တို့ နိုင်ငံမှာ ဘယ်သူသေသေ ငတေမာရင်ပြီး ရော ဆိုတဲ့ ဝိသမ လောဘသားတွေ အတော့်ကို များလာ ပါပြီ။ ပြည်တွင်းကရော၊ ပြည်ပကရော မသန့်ရှင်းတဲ့/ ဓါတု ဆိုးဆေးတွေ သုံးထားတဲ့ စားသောက်ကုန် မျိုးစုံက ဈေး ကွက်အတွင်းမှာ အသွင်အမျိုးမျိုး၊ နည်းလမ်း အမျိုးမျိုးနဲ့ ထိတ်လန့် ကြောက်မက် ဖွယ်ရာ ရောက်ရှိ နေရာယူ နေကြ ပါပြီ။ ကင်ဆာ ရောဂါ ဝေဒနာရှင်တွေ တစ်နေ့တစ်ခြား များပြားလာပြီး သေဆုံးမှုတွေ မြင့်တက် လာတာကို သတိ ထားကြည့်ရင် ဒီအန္တရာယ်ကို အချိန်မီ တားဆီး ကာကွယ် ရတော့မှာပါ။ အစိုးရ အနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးပြီး ထိရောက်စွာ ကာ ကွယ် နှိမ်နင်း ရပါမယ်။ ပွဲပြီးမီးသေ လုပ်လို့တော့ မရပါဘူး ။ နှစ်တို၊နှစ်ရှည် စီမံချက်တွေ ချမှတ်ပြီး တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်ဘို့ အမျိုးသားရေး တာဝန်တစ်ရပ် အနေနဲ့ အထူးဂရုပြု ဆောင်ရွက် သင့်တယ်လို့ အကြံပြုပါတယ်။

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်