Subscribe to our RSS Feed

မြန်မာသဘောင်္ ဖီလစ်ပိုင်တွင် နစ်မြုပ်၊ တစ်ဦးသေ ၁၄ဦး ပျောက်ဆုံး

From :voice

ဖိလစ်ပိုင် နိုင်ငံ ပန်ဂီစီနန် ဒေသ အနီးတွင် ယနေ့ နံနက် ၉ နာရီခန့်၌ မြန်မာ သင်္ဘော တစ်စီး နစ်မြုပ်သဖြင့် သင်္ဘောသား တစ်ဦး သေဆုံးကာ ၁၄ ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ဖိလစ်ပိုင် အခြေစိုက် GMA သတင်းတွင် ဖော်ပြထားသည်။

အရီတာ ဘော့စိုက် အမည်ရှိ အဆိုပါ သင်္ဘောသည် ဖီလစ်ပိုင် နိုင်ငံ ပန်ဂစီနန် ဒေသရှိ ဘိုလီနောဝ် မြို့ အနီးတွင် စက်အင်ဂျင် ချို့ယွင်း သွားခဲ့ပြီး ပြင်းထန်သော လှိုင်းလုံး များကြောင့် လုံးဝ ပျက်စီးကာ နစ်မြုပ် သွားခြင်း ဖြစ်ကြောင်း ဖိလစ်ပိုင် ဆိပ်ကမ်း ရဲတပ်ဖွဲ့က ပြောကြားကြောင်း ယင်းမီဒီယာ တွင် ဖော်ပြ ထားသည်။

သင်္ဘော နစ်မြုပ်သည့် သတင်း ရလျှင်ရချင်း ဘိုလီနောဝ် အစိုးရ အဖွဲ့မှာ စက်လှေများ စေလွှတ်၍ ကယ်ဆယ်ရေးနှင့် ရှာဖွေရေး လုပ်ငန်းများ စတင်ခဲ့သည်ဟု ဆိပ်ကမ်း ရဲများက ဆိုကြောင်း ယင်းသတင်း ဌာန တွင် ဖော်ပြထားသည်။ လက်ရှိ အခြေအနေတွင် အနည်းဆုံး လူတစ်ဦး သေဆုံးပြီး၊ ၇ ဦး ဒဏ်ရာ ရကာ ၁၄ဦး ပျောက်ဆုံးလျှက် ရှိကြောင်း ယင်းသတင်း အရ သိရသည်။


   www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်