Subscribe to our RSS Feed

ကျန်ရှိ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးတော့မည်

From :rfa


 အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စိစစ်လွှတ်ပေးဖို့အတွက် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း ဥက္ကဌအဖြစ် တာဝန်ယူ ဖွဲ့စည်းလိုက်တယ်လို့ ဒီကနေ့ ဖေဖေါ်ဝါရီလ၇ ရက်နေ့ နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြပါရှိပါတယ်။

အဲဒီကော်မတီမှာ ဘယ်အဖွဲ့အစည်းတွေ ပါဝင်တယ်ဆိုတာကိုတော့ အသေးစိတ်မဖော်ပြထားပေမယ့် အစိုးရ၀န်ကြီးဌာနက ကိုယ်စားလှယ်တွေ၊ အရပ်ဘက် လူမှုရေးအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်သမ္မတက ညွှန်ကြားထားကြောင်း
ဖော်ပြထားတယ်။

အစိုးရဖက်က နိုင်ငံရေးအကျဉ်းသား အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ဖို့ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်နဲ့ ကွာခြားနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး ကူညီဆောင်ရွက်နေသူတွေက ဆိုပါတယ်။လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၃၀၀ ၀န်းကျင် ကျန်ရှိနေသေးတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီဆောင်ရွက်ရေးအသင်း (မြန်မာနိုင်ငံ) AAPP အဖွဲ့ရဲ့ အတွင်းရေးမှူး ကိုဘိုကြည်က အခုလို ပြောပါတယ်။“ကျနော်တို့ စာရင်းတွေ ပြုစုတဲ့အခါမှာ ၃၈၀ လောက်ရှိမယ်၊ ၂၃၉ ယောက်က ထောင်ကျပြီးသားတွေဖြစ်တယ်၊ ကျန်တာတွေလည်း အမှုရင်ဆိုင်နေရသူတွေ ဖြစ်ပါတယ်၊ အမှုရင်ဆိုင်နေရသူတွေဆိုတာ ကချင်ပြည်နယ်မှာ အဖမ်းခံရတဲ့သူတွေရှိတယ်၊ နောက်မြို့ပေါ်မှာ ပုဒ်မ ၁၈ တို့၊ ၅၀၅(ခ) တို့၊ အများစုကတော့ ပုဒ်မ ၁၈ နဲ့ အမှုရင်ဆိုင် နေရသူတွေရှိပါတယ်၊ ဒီဟာတွေအကုန်လုံးကို ပေါင်းစုထားတာဖြစ်ပါတယ်”အဲဒီစိစစ်ရေးကော်မတီအနေနဲ့ နိုင်ငံရေးအကျဉ်းသားအပေါ် အဓိပ္ပါယ်ဖွင့်

ဆိုတာ၊ လွှတ်ခွင့်ပြုခြင်းဆိုင်ရာ သတ်မှတ်ချက်တွေ ညှိနှိုင်းရေးဆွဲတာ၊ လက်ရှိအကျဉ်းထောင်ထဲမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်လွှတ်ပေးတာဖို့အတွက် ရည်ရွယ်ဖွဲ့စည်းတာလို့ ဖော်ပြထားပါတယ်။
 

www.MyanmarExpress.net
 

1 comments:

နိုင်ငံရေးအကျဉ်းသားတွေမရှိတော့ပါဘူးလို့အစိုးရကရေဒီယို,ရုပ်မြင်သံကြားနဲ့ သတင်းစာတွေမှာတရားဝင်ထုတ်
ပြန်ခဲ့ဘူးတာလူတိုင်းသိကြပါတယ်...အခုလွှတ်ပေးမယ့်သူတွေကဘယ်ကရောက်လာကြတာလဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်