Eleven Media မှ Friday, 08 February 2013 17:02 ဖော်ပြ ထားသော "State-sponsored attackers များက အီးမေးလ်
Account သို့မဟုတ် ကွန်ပြူတာအတွင်း ၀င်ရောက်ရန် ကြိုးပမ်းနေသည်ဟု Gmail
သုံးစွဲသူ ဂျာနယ်လစ်များထံသို့ Google မှ သတိပေးချက်များ ပေးပို့နေ" ဟူသော ခေါင်းပါ သတင်းအတွက် Eleven Media အား Myanmar Express မှ အထူးကျေးဇူးတင်ရှိပါသည်။
Eleven တွင် ရေးသားထားသည့် ဂျာနယ်လစ် တွေနဲ့ မြန်မာနိုင်ငံက ဂျာနယ်လစ်များ၏ အီးမေးအတွင်း ဝင်လာသည့် "Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဟူသော သတိပေးချက်မှာ လွန်ခဲ့သည့် ၃ နှစ် ကတည်းမှ ယခု ယနေ့ အချိန်အထိ Myanmar Express ၏ Elail account တွင် ဝင်လျှက်ရှိနေပါသည်။ Eleven Media နှင့် ဂျာနယ်လစ်များ မှ ယုန်ထင်ကြောင်ထင် ယူဆ သလို မြန်မာအစိုးရ ဆိုပါက Myanmar Express သည် မြန်မာအစိုးရမှ အလိုရှိနေသူ တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားသည့်အပြင် Myanmar Express အဖွဲ့တွင် အစိုးရဝန်ထမ်းများ၊ စစ်သားများ မပါဝင်ကြောင်း သိသာထင်ရှားစေပါသည်။ အောက်ဖော်ပြပါပုံကိုကြည့်ပါ Eleven Media မှ ပုံကဲ့သို့ မထင်ရှားမမြင်သာ ဝိုးတဝါးလုပ်ထားခြင်းမရှိပါ။
Myanmar Express အား အစိုးရမှ အလိုရှိနေသဖြင့် လွန်စွာ ဝမ်းမြောက်မိပါသည်။ Eleven Media ၏ သတင်းကြောင့် ဤအချက်ကို သတိထားမိ၍ Eleven ကို ကျေးဇူးအထူးတင်ရှိပါသည်။ သို့သော် Myanmar Express တွင် အစိုးရဝန်ထမ်း နှင့် စစ်သား များ မပါရှိသည်ကိုလူအများသိသွားခြင်းကိုတော့ ဘဝင် မကျပါ။ ယခင်လို ယုံထင်ကြောင်ထင် ဖြစ်နေခြင်းကို ပိုသဘောကျပါသည်။ မည်သို့ပင်ဖြစ်စေ လူအများအပြား လာရောက်ဖတ်ရှုသောကြောင့်လည်း Eleven ကို ကျေးဇူးတင်ရမည်။
ဒုတိယ ကျေးဇူးတင်သောသူများမှာ BHG မှ Hacker ၅ ဦးဖြစ်သည်။ Eleven Media မကြာခဏပြောသည့် တရားဝင်မှတ်ပုံတင်ထားသော မီဒီယာများအား နည်းပညာသုံးပြီး တိုက်ခိုက်သူ ဆိုသူများအား အရေးယူမည်၊ အရေးယူသင့်၊ အစိုးရမှ အရေးယူရန် အားနည်း ဟု စကားလုံး အမျိုးမျိုးသုံးကာ Myanmar Express အား မစီမဆိုင် ဆွဲထည့်လျှက်ရှိရာ မနေ့က တရားဝင်ပုံနိပ်မီဒီယာ Eleven ၏ စာမျက်နှာအား Blink Hacker Group မှ နည်းပညာသုံး တိုက်ခိုက်ခဲ့ပြီး Myanmar Express နှင့် ၎င်း တို့ မသက်ဆိုင်ကြောင်း လူသိရှင်ကြား ဖော်ပြခဲ့ခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် BHG အား အထူးကျေးဇူးတင်ရှိပါသည်။
Eleven Media အနေဖြင့် Myanmar Express နှင့် မသက်ဆိုင်မှန်းသိလျှက် ခဏခဏ စွဲထည့်နေခြင်းသည် Myanmar Express မှ ဖွင့်ချထားသည့် Eleven Media နှင့် ဦးအောင်သန်းထွဋ်အကြောင်းများက ၁၀၀% အမှန်များဖြစ်ကြောင်း ဝန်ခံနေခြင်းသာ ဖြစ်ကြောင်း စာဖတ်သူများအား သိမြင်စေပါသည်။ Eleven Media မှ သတင်းများတွင် Myanmar Express အကြောင်း မထည့်ရမနေနိုင် ထည့်ချင်ပါက တရားဝင် မှတ်ပုံတင် မီဒီယာများ (အထူးသဖြင့် Eleven Media) အား လူသိမခံနိုင်သော အကြောင်းများအား ဖွင့်ချမှု ကို အစိုးရမှ ကာကွယ်ပေးရန် တာဝန်ရှိပြီး တာဝန်ယူမှု လျှော့နည်းနေကြောင်း ပြင်ဆင်သင့် ဟူသော ခေါင်းစဉ်ဖြင့်သာ ထည့်သင့်ပါသည်။
BHG ၏ လေသံဖြင့် ပြောရလျှင် နည်းပညာဖြင့် တိုက်ခိုက်သူများ နှင့် Eleven Media တို့ အကြား တင်းမာမှုရှိလျှင် နည်းပညာသုံး တိုက်ခိုက်သူများကို သာ ပြောပါ။ Myanmar Express ကို မဆီမဆိုင် စွဲမထည့်ပါနှင့်။ မဆိုင်မှန်းသိသိကြီး နှင့်စွဲထည့်နေပါက Myanmar Express မှ ခွင့်လွှတ်လိမ့်မည်မဟုတ်။ (BHG လေသံဖြင့်)။
www.MyanmarExpress.net

1 comments:
Personal မေးခွန်းတစ်ခုပါဗျာ......... အဲဒီ Warning: We believe state-sponsored attackers may be attempting to compromise your account or computer" ဆိုတဲ့ Warning က ကျွန်တော့် Personal Email အကောင့်မှာ လာလာပေါ်နေတာ ဒီ ၂၀၁၄ ထဲမှပါ။ ကျွ်တော် Password တွေလည်း ခနခန ပြောင်းပစ်ပါတယ်။ နောက်တော့ အဲ့ဒီ Warning မပေါ်တော့ပါဘူး။ ဒါပေမယ့် ကျွန်တော်က အကောင့်ကို တစ်ခြားသူတစ်ယောက် သုံးနေတယ်လို့ သံသယ ရှိစရာအချက်ါတွေအများကြီး တွေ့တွေ့နေရပါတယ်။ ဒါနဲ့ပဲ ကျွန်တော် Password တွေ ပြောင်းလိုက် ရတာလည်း မနည်းတော့ပါဘူး။ ခုထိလည်း စိတ်မချသေးပါဘူးဗျာ။ Business အတွက် ရောတစ်ခြား အလုပ်တွေအတွက်ပါသုံးတဲ့ Email Account ဖြစ်လို့ အကြံဥဏ်လေးများပေးနိုင်တာ ၇ှိရင် ပေးကြပါဦးလို့ အကူအညီတောင်းချင်ပါတယ်ဗျာ။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်