From : myanma age
ရန်ကုန်မြို့နေပြည်သူများ လျှပ်စစ်မီးအပြည့်အဝသုံးစွဲရန်
အတွက် ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ဖြန့်ဝေရေးအာဏာ
ပိုင်အဖွဲ့ (Electricity Generation Authority of Thailand)မှ
လှူဒါန်းသည့် 120 MW Thermal Power Plant သည်
ဖေဖော်ဝါရီ ၁၁ရက်နေ့ ည ၈နာရီအချိန်တွင် ဗိုလ်အောင်ကျော်
ဆိပ်ကမ်းသို့ ကမ်းကပ်ရောက်ရှိကြောင်း အင်ကြင်းဖွံ့ဖြိုရေး
ကုမ္ပဏီလီမိတက်မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးမင်းအောင်က
ပြောကြားသည်။
"ရန်ကုန်မြစ်ဝကို ရောက်တာကတော့ ၉ရက်နေ့ကတည်းက
ရောက်တာပါ။ အခုက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့
ပစ္စည်း ထုတ်ပေါင်း ၆၀၀နီးပါးရှိပြီး ထိုင်းနိုင်ငံက BBC
အမည်ရှိတဲ့ သင်္ဘောနဲ့ ရောက်လာတာပါ။ ထုထည်ကြီးတဲ့
ပစ္စည်းတွေကတော့ အေးရှားဝေါလ်ဆိပ်ကမ်းမှာကပ်မှာပါ"
ဟု ၎င်းက ပြောသည်။
ယခုထိုင်းနိုင်ငံ အစိုးရအဖွဲ့မှ လှူဒါန်းသည့် ပထမအစုံဖြစ်သည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ပစ္စည်းများအား ဖေဖော်ဝါရီ လ ၁၃/၁၄ရက်နေ့ တစ်ရက်ရက်၌ ရွာမဓါတ်အားပေးစက်ရုံသို့
သယ်ဆောင်ကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီးအပြည့်အဝရရှိ
ရေးအတွက် ဖြန့်ဝေ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပြီး
ဒုတိယအစုံအား မတ်လအတွင်း ထပ်မံပို့ဆောင်ရန်ကျန်ရှိသေးကြောင်း အထက်ပါပုဂ္ဂိုလ်၏ ထပ်မံပြောကြားချက်အရ သိရသည်။
ထို့ပြင် ယခုသင်္ဘော ဆိုက်ရောက်သည့် အချိန်တွင်လည်း
အဆိုပါ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ပစ္စည်းလှူဒါန်းသည့်
ထိုင်းနိုင်ငံ အဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ
ဗိုလ်အောင်ကျော် ဆိပ်ကမ်း၌ သတင်းမီဒီယာများအား ဖိတ်ကြား၍
သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဟု ဆိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
. www.MyanmarExpress.net
ရန်ကုန်မြို့နေပြည်သူများ လျှပ်စစ်မီးအပြည့်အဝသုံးစွဲရန်
အတွက် ထိုင်းနိုင်ငံ လျှပ်စစ်ထုတ်လုပ်ဖြန့်ဝေရေးအာဏာ
ပိုင်အဖွဲ့ (Electricity Generation Authority of Thailand)မှ
လှူဒါန်းသည့် 120 MW Thermal Power Plant သည်
ဖေဖော်ဝါရီ ၁၁ရက်နေ့ ည ၈နာရီအချိန်တွင် ဗိုလ်အောင်ကျော်
ဆိပ်ကမ်းသို့ ကမ်းကပ်ရောက်ရှိကြောင်း အင်ကြင်းဖွံ့ဖြိုရေး
ကုမ္ပဏီလီမိတက်မှ အမှုဆောင်ဒါရိုက်တာ ဦးစိုးမင်းအောင်က
ပြောကြားသည်။
"ရန်ကုန်မြစ်ဝကို ရောက်တာကတော့ ၉ရက်နေ့ကတည်းက
ရောက်တာပါ။ အခုက လျှပ်စစ်ဓါတ်အားထုတ်လုပ်တဲ့
ပစ္စည်း ထုတ်ပေါင်း ၆၀၀နီးပါးရှိပြီး ထိုင်းနိုင်ငံက BBC
အမည်ရှိတဲ့ သင်္ဘောနဲ့ ရောက်လာတာပါ။ ထုထည်ကြီးတဲ့
ပစ္စည်းတွေကတော့ အေးရှားဝေါလ်ဆိပ်ကမ်းမှာကပ်မှာပ
ဟု ၎င်းက ပြောသည်။
ယခုထိုင်းနိုင်ငံ အစိုးရအဖွဲ့မှ လှူဒါန်းသည့် ပထမအစုံဖြစ်သည့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ပစ္စည်းများအား ဖေဖော်ဝါရီ လ ၁၃/၁၄ရက်နေ့ တစ်ရက်ရက်၌ ရွာမဓါတ်အားပေးစက်ရုံသို့
သယ်ဆောင်ကာ ရန်ကုန်မြို့တွင် လျှပ်စစ်မီးအပြည့်အဝရရှိ
ရေးအတွက် ဖြန့်ဝေ သုံးစွဲသွားမည်ဖြစ်ကြောင်း သိရှိရပြီး
ဒုတိယအစုံအား မတ်လအတွင်း ထပ်မံပို့ဆောင်ရန်ကျန်ရှိသေးကြေ
ထို့ပြင် ယခုသင်္ဘော ဆိုက်ရောက်သည့် အချိန်တွင်လည်း
အဆိုပါ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေး ပစ္စည်းလှူဒါန်းသည့်
ထိုင်းနိုင်ငံ အဖွဲ့အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းများမှ
ဗိုလ်အောင်ကျော် ဆိပ်ကမ်း၌ သတင်းမီဒီယာများအား ဖိတ်ကြား၍
သတင်းစာ ရှင်းလင်းပွဲတစ်ခု ပြုလုပ်မည်ဟု ဆိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။
. www.MyanmarExpress.net

.jpg)

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်