From : Myit Makha Mediagroup on 11 Feb, 2013

www.MyanmarExpress.net
ရန်ကုန်မြို့တွင်း
ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားစီးနင်းမှုတွင် ခရီးသည်များဘက်မှ
ကျေနပ်မှုမရှိပါက မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီ (မ.ထ.သ) သို့
ဝက်ဘ်ဆိုက်မှတဆင့် တိုင်ကြားနိုင်ကြောင်းသိရသည်။
ယခင်က
ဖုန်းဖြင့်သာ တိုင်ကြားနိုင်သော်လည်း ယခု
kyawthiha.john@mhtcentral.org.mm သို့ တိုင်ကြားနိုင်ခြင်းဖြစ်ပြီး ၊
ဖြေရှင်းမှုများအား www.mhtcentral.org.mm ဝက်ဘ်ဆိုက်မှ တဆင့်
လွှင့်တင်ပေးမည်ဖြစ်သည်။
“ဘတ်စ်ကားနဲ့ ပတ်သတ်တဲ့ ကိစ္စမှန်သမျှ အကုန်တိုင်လို့ရတယ် ” ဟု မ.ထ.သ အတွင်းရေးမှူး ဦးဘမြင့် ကပြောသည်။
မ.ထ.သ လက်အောက်ရှိ ပြေးဆွဲလျက်ရှိသော ဘတ်စ်ကားအများစုမှာ မှတ်တိုင်ကျော်ရပ်ခြင်း၊
သတ်မှတ်ကျသင့်ငွေထက် ပိုမိုကောက်ခံခြင်း၊ လူပိုတင်ခြင်းအစရှိသည့်
ကိစ္စရပ်များနှင့် ပတ်သက်၍ ကျေနပ်မှုမရှိပါက တိုင်ကြားနိုင်ခြင်းဖြစ်သည်။
သတ်မှတ်ခေါက်ရေအတိုင်း
မဆွဲဘဲ ခေါက်တိုးပြေးဆွဲမှုမျိုးနှင့်ပတ်သက်၍ ကားနံပါတ်နှင့်အချိန်ကို
မှတ်ထား၍ မထသ (ဗဟို) သို့ လိပ်မူပြီး တိုင်ကြားနိုင်ကြောင်းနှင့်
တိုင်ကြားလာသော စာများကို ဗဟိုသို့ တင်ပြကာ ဗဟိုမှ တာဝန်ယူ
ဖြေရှင်းပေးနေကြောင်း သိရသည်။
“တချို့ဘက်စ်ကား
တွေမှာ ဖုန်းနံပါတ်က ပျက်နေပြီ မကျေနပ်တာရှိရင်
ဘယ်ကိုတိုင်လို့တိုင်ရမှန်း မသိဘူး၊ အခုလို ဝက်ဘ်ဆိုက်မှာ တိုင်လို့
ရနိုင်မယ့်အပြင် ကားတွေပေါ်မှာ ဖုန်းနံပါတ် တွေကို သေသေချာချာပြန်
ရေးပေးသင့်တယ် ”ဟု အရောင်းဝန်ထမ်း တစ်ဦးက ပြောသည်။
မော်တော်ယာဉ်
လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ (မထသ) ဝက်ဘ်ဆိုက်တွင်
မထသနှင့် ပတ်သက်၍ သတင်းများကို အချိန်နှင့်တစ်ပြေးညီ လွှင့်တင်နိုင်ရန်
စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
www.MyanmarExpress.net


3 comments:
Ma Hta Tha should not be a corruption association.
ကားတွေရဲ့အတွင်းဘက်မှာတိုင်ကြားနိုင်တဲ့ဖုန်းနံပါတ်တစ်ခုတည်းမရေးဘဲကားနံပါတ်ပါတွဲရေးထားသင့်ပါတယ်ဒါမှတစ်ခါတည်းမှတ်ပြီးဖုန်းဆက်တိုင်နိုင်မှာပေါ့
တိုင် ရင် ရင် ရ လား ပခုက္ကူ တွင် မထသ မှ ရွာမှ ကာ်းကြိး ကား င ယ် အ င်္မှူီး မိုး ကောက် ခံနေပါ သည် တ စီး ကို ၅၀၀ သို့ မ ဟုတ် ၁၁၀၀ ပေး ရ ပါ သည် လစဉ် ကြေး အေ န နဲ့ တတစိး ကို တလ ကို ၆၀၀၀ (မသို့ ) ၇၀၀၀ ပေး ရ ပါ တယ် မ ထ တ မှ ကောက် ထား တဲ့ ငွေ တွေ ဘယ် ရောက် ကုန် ပါ သ လဲ ပခုက္ကူ မထတ ကို စစ် ဆေး ပေး ပါ w
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်