From :hot news
ကယားပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက်ဆိုလျှင် မည်သူ နှင့် မဆိုလက်တွဲ၍ ဆောင်ရွက် သွားမည်ဖြစ်ပြီး ၎င်းနှင့်လက်တွဲ ဆောင်ရွက်လိုခြင်းမရှိပါက ထိုသူ သည်ကယားပြည်နယ်ကို အမှန် တကယ်ချစ်မြတ်နိုးသူတစ်ဦးမဟုတ် ၍ သာလျှင်ဖြစ်ကြောင်း ကယား ပြည်နယ်ဝန်ကြီးချုပ်ဦးခင်မောင် ဦးကပြောသည်။
ယခုနှစ်ဇန်န၀ါရီ ၂၃ ရက် ညက ၀န်ကြီးချုပ်၏နေအိမ်တွင် နယ်မြေခံသတင်းထောက်များနှင့် တွေ့ဆုံစဉ်ယင်းကအထက်ဖော် ပြပါအတိုင်းပြောကြားခြင်းဖြစ် သည်။
ယင်းအနေဖြင့် ယခုဝန်ကြီး ချုပ်တာဝန်ကို လက်ခံတာဝန်ယူ ထမ်းဆောင်သည်မှာ စနစ်သစ် ပြောင်းခါစစပ်ကူးမတ်ကူးကာလ တွင် ကယားပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံကောင်း များ ထားရှိခဲ့လို၍ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်တာဝန်ကိုအကြောင်းပြု ၍ ကိုယ်ကျိုးမရှာကြောင်း၊ ယနေ့ အချိန်အထိကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဆို၍ ကွမ်းယာဆိုင်တောင် မရှိသလိုနောက်နောင်တွင်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်မည် မဟုတ်ကြောင်း၊ ၀န်ကြီးချုပ်တာ ၀န်ထမ်းဆောင်ချိန်တွင် ကယား ပြည်နယ်အတွက် အစွမ်းကုန် ဆောင်ရွက်သွားမည်ဖြစ်ပြီး ယခု ၀န်ကြီးချုပ်သက်တမ်းကာလကုန် ဆုံးပါက အဘိုးအဘွားများထား ရစ်ခဲ့သည့်အမွေဆိုင်ခြံဝင်းထဲမှာ ပင် လောကုတ္တရာအလုပ်ကိုလုပ် ရင်းတစ်သက်လုံးနေထိုင်သွားမည် ဖြစ်ကြောင်း ယင်းကဲ့သို့ကယား ပြည်နယ်အပေါ်စေတနာထားသည့် မိမိနှင့် လက်မတွဲလိုပါက ကယား ပြည်နယ်ကို အမှန်တကယ်မချစ် ၍ သာလျှင်ဖြစ်ကြောင်း ယင်းက ထပ်မံရှင်းလင်းပြောကြားသည်။
“အဘက ဒီမိုကရေစီမြတ်နိုး တဲ့သူပါ။ မြင်တဲ့အတိုင်းဘ၀မြင့် တာတွေ ဘာတွေမရှိပါဘူး။ ရိုးရိုး သွား၊ ရိုးရိုးလာပြီးလုပ်စရာရှိတာ လုပ်နေတာပါပဲ”ဟု ၀န်ကြီးချုပ် နေအိမ်လုံခြုံရေးတာဝန်ကျရဲတပ် သားတစ်ဦးကပြောသည်။
ဝန်ကြီးချုပ်ဦးခင်မောင်ဦးကို အခါများစွာပင် လွိုင်ကော်မြို့၏ ဈေးများတွင် တစ်ဦးတည်းဈေးဝယ် လာသည်ကို တွေ့ရလေ့ရှိပြီး အချို့ဈေးသည်များက ၀န်ကြီးချုပ် မှန်းပင်မသိရှိကြကြောင်း လွိုင်ကော် မြို့သီရိမင်္ဂလာဈေးရှိဈေးသည် အချို့ထံမှ သိရသည်။
www.MyanmarExpress.net

0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်