From : http://www.kachindailynews.com/2013/02/blog-post_5732.html
www.MyanmarExpress.net
တရုတ်နိုင်ငံ
ရွှေလီမြို့တွင် ပြုလုပ်သော အစိုးရနှင့် KIA အဖွဲ့ ငြိမ်ချမ်းရေးဆွေးနွေးပွဲပြီးဆုံးသည့်ရက်မှ
စတင် ကာ လိုင်ဇာမြို့မှ ဒေသခံပြည်သူများ တဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက်နေထိုင်နေပြီဖြစ်ကြောင်း
သိရသည်။
အစိုးရနှင့်
KIA အဖွဲ့ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် လိုင်ဇာမြို့မှ ဒေသခံများသည် တဖက်နိုင်ငံ အတွင်း သို့
သွားရောက်ခိုလှုံနေခဲ့ပြီး အချို့မှာ နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် သွားရောက် နေထိုင် ခဲ့ကြသည်။
“ ကျွန်တော်တို့ ဖေဖော်ဝါရီလ(၅)ရက်နေ့မှာ
လိုင်ဇာကို ပြန်လာပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ ဒေသခံ (၄၀) ရာခိုင်နှုန်း လောက်ရှိပါတယ်။
အားလုံးက ဈေးရောင်းစားတဲ့သူတွေပါ။ တိုက်ပွဲတွေအရမ်း ဆိုးတဲ့အချိန်တုန်းက ဈေးဆိုင်တွေပိတ်ပြီး
ထွက်လာခဲ့တာပါ။ (၄)ရက်နေ့တုန်းက ရွှေလီမြို့မှာ နှစ်ဖက် အဖွဲ့အစည်းက တာဝန်ရှိတွေ တွေ့ဆုံဆွေးနွေးပြီး
အခြေအနေတွေလဲကောင်းတယ်လို့ သိရလို့ အခုလို ပြန်ဝင် လာတာပါ။ အခုဆိုရင် လိုင်ဇာ မြို့ဟာ
မူလအခြေအနေလောက်မဟုတ်ပေမယ့် တော်တော်လေး ပြန်စည်ကားနေပါပြီ” ဟု ဒေသခံတစ်ဦးက ပြောပြပါသည်။
တရုတ်နိုင်ငံမှ
နယ်စပ်ဂိတ်တာဝန်ကျရဲများအနေဖြင့် တရုတ်နိုင်ငံအတွင်း ၀င်ရောက်ခိုလှုံနေသော ဒေသခံ များကို
လိုင်ဇာမြို့သို့ ပြန်ထွက်ခွင့်ပေးကြောင်းနှင့် တရုတ်နိုင်ငံသားများကိုမူ လိုင်ဇာမြို့ဘက်သို့
သွားခွင့် ပိတ်ထားကြောင်း သိရသည်။ လိုင်ဇာမြို့သည် မြစ်ကြီးနား - ဗန်းမော်သွားကားလမ်းဘေးတွင်
တည်ရှိ ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်သော မြို့တစ်မြို့ဖြစ်သည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သော
ပစ္စည်းများကို တစ်ဆင့် ခံရောင်းချပေးသော မြို့ဖြစ်ပြီး တရုတ်လူမျိုး၊ ရှမ်းလူမျိုးများနှင့်
ကချင်လူမျိုးများ အများအပြားနေထိုင် ကြသည်။ ပြီးခဲ့သည့် ဇန်န၀ါရီလအတွင်း တပ်မတော်နှင့်
KIA အဖွဲ့များအကြား တိုက်ပွဲများကြောင့် လိုင်ဇာ မြို့ ဒေသခံများ တရုတ်နိုင်ငံအတွင်းသို့
ထွက်ပြေးခိုလှုံနေခဲ့ကြသော်လည်း ယခုအခါ ပြန်လည်စည်ကား နေပြီဖြစ်ကြောင်း သိရပါသည်။
www.MyanmarExpress.net



1 comments:
လိုက် ဇာ မြို့ သည် တရုတ် တို့ ၏ မြို့  တော် တ ခု ဖြစ် နိုင် ပါ သ လား
ဖြေ = ဖြစ် နေ ပြိ မ ဟုတ် လား
မေး = ပန် ဆိုင်း မြို့  သည် တရုတ် တို့ ၏ မြို့  တ ခု ဖြစ် နေ ပါ သ လား
ဖြေ = ကြာလှ ပါ ပြီ ကွယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်