From : popular
ဖုန်းဆင်းကတ်များကို အများပြည်သူ အလွယ်တကူဝယ်ယူနိုင် မည့် ဈေးနှုန်းဖြင့် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချပေး မည်ဟု ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ပြောသည်။
ယင်းသို့ ဆင်းကတ်ရောင်းမည့် အချိန်ကိုအတိအကျ ပြောဆိုသော် လည်း ပြည်သူများသိချင်နေကြသော ဆင်းကတ် ဈေးနှုန်းအတိ အကျကိုမူ ပြည်ထောင်စု ဝန်ကြီးက ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
''ဈေးနှုန်းကိုတော့ ကျွန်တော် သိနေပါတယ်။ ဒါပေမဲ့ ဒီထက် လည်း လျော့သွားနိုင်သလို နည်းနည်းလည်း အပြောင်းအလဲ ရှိသွားနိုင်တယ်။ ဒါကြောင့် အခုနေအခါမှာ ဈေးနှုန်းပြောလလိုက်လို့ အပြောင်းအလဲရှိသွားခဲ့ရင် ဘယ်ကောင်း မလဲ''ဟု ပြည်ထောင်စု
ဝန်ကြီးက ပြောသည်။
ပြည်သူတို့ အလွယ်တကူ ဝယ်ယူနိုင် မည့်ဈေးနှုန်းတစ်ခု ဖြစ်လိမ့် မည့်အကြောင်း ဦးစိုးသိန်းက ကတိပြုပြောသည်။ အစိုးရက ကျပ်နှစ်သိန်းတန်ဖုန်းများ ရောင်းချနေစဉ်တွင် ရွှေပြည်တံခွန် ကုမ္ပဏီက ကျပ် ၅ဝဝဝ တန်ဖုန်းများ ရောင်းချပေးမည်ဟု ပြောဆိုခဲ့ဖူးပြီး ဆက်သွယ်ရေးလုပ်ငန်း၌ အော်ပရေတာ အဖြစ်ရွေးချယ်ခံရပါက ...
ဖုန်းဆင်းကတ်နှင့် အင်တာ နက်လိုင်းများကို အခမဲ့ ပေးသွား မည်ဟု Red Link ကုမ္ပဏီကလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက ကြေညာခဲ့သည်။
''မူကိုက တကယ်ကျသွား အောင်ကို လုပ်ရမယ်လေ။ အခု ဟာက ဆက်သွယ်ရေးက အမှုကို တာဝန်ရှိသူတွေ စစ်ဆေးနေတော့ ဖုန်းရောင်းချမယ့် ကိစ္စကို လတ် တလော မလုပ်နိုင်သေးတာ'' ဟု ဦးစိုးသိန်းက ဆက်ပြောသည်။
ဆက်သွယ်ရေးသတင်းအချက် အလက်နှင့် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က အများဝမ်းမြောက်ဝမ်းသာဖြစ် မည့် ဈေးနှုန်းတစ်ခုဖြင့် ဖုန်းများ ရောင်း ချပေးမည့်အကြောင်း ဇန်နဝါရီလ အတွင်းက ပြောကြားခဲ့သည်။
. www.MyanmarExpress.net

.jpg)

11 comments:
အများပြည်သူအလွယ်တကူဝယ်ယူနိုင်ပြီးဝမ်းသာရမဲ့ ဈေးနုန်းဆိုရင်တော့အတိုင်းထက်အလွန်ကောင်းပါတယ်
အများပြည်သူအလွယ်ဝယ်ယူနိုင် မည့်ဈေးနုန်းဖြစ်မည် ဆိုပါက အတိုင်းထက်အလွန်ဝမ်းမြောက်ဂုဏ်ယူစရာပါ ဘဲ။
Deliver free.Money for public or cronies?sim card must b free!Money
၁၅သိန်းပေးပြီးကိုင်နေရတဲ့သူတွေကိုလည်းနည်းနည်း
အားနာကြပါအုံး....ဘယ့်နှယ်နိုင်ငံသားအားလုံးတန်းတူညီတူအခွင့်အရေးပေးရမှာပေါ့

အေး
မင်း ကျောင်းသွားပြီးစာပြန်သင်
လိုက်ပါအုံး စာတတ်မှ
အတွေးအခေါ် အမျှော်အမြင်
ပြောင်းလဲသွားမှာ။သြော် ...
မူလတန်းကစသင်နော်
မင်း အဆင့်က မူလတန်းအဆင့်ပဲ။
၁၅ သိန်း ပေးဝယ်ထားသူကို ၁ သိန်းဖိုး အလကား ဆက်ခွင့်တော့ ပေးသင့်တယ်
you bought yourself with 15 Million kyats because you had have this amount of money.
So, enjoy yourself,,don't fuck with us. we are poor, that's our chance,don't mess with us.
မင်းသာမူကြိုကနေပြန်သင်လိုက်အုံးနဗလိန်းတုံးအလယ်ကခွေး
ဒုအရာခံဗိုလ် မမက အိတ်ကပ်ထဲ ဘာတွေထည့်ထား တာလဲ။ ချစ်စရာလေး။
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်