From :MWD
www.MyanmarExpress.net
နေပြည်တော် ဖေဖော်ဝါရီ ၁၂
ပြည်ထောင်စု သမ္မတ မြန်မာ နိုင်ငံတော်
နိုင်ငံတော် သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂ မဟာ သီရိ သုဓမ္မ ဦးသိန်းစိန်
နှင့်ဇနီး ဒေါ်ခင်ခင်ဝင်း တို့က တည်ခင်း ဧည့်ခံသည့် ၂ဝ၁၃ ခုနှစ် (၆၆)
နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း အမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ
အခမ်းအနားကို ယနေ့ ညပိုင်းတွင် နေပြည်တော်ရှိ မြို့တော်ခန်းမ ဥပစာ ရင်ပြင်၌
ကျင်းပသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ဇနီး
ဒေါ်ခင်ခင်ဝင်း တို့သည် ၂ဝ၁၃ ခုနှစ် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့
အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာစားပွဲ အခမ်းအနား ကျင်းပသည့် မြို့တော်
ခန်းမ ဥပစာ ရင်ပြင်သို့ ညနေ ၆ နာရီခွဲ တွင် ရောက်ရှိလာပြီး ဒုတိယ သမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်း၊ ဒုတိယ သမ္မတ ဦးဥာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု
တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေး တို့နှင့်အတူ အခမ်းအနားသို့ တက်ရောက် လာကြသည့် လွှတ်တော်
ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီ ဥက္ကဋ္ဌများ၊ ဖိတ်ကြား ထားသော
ငြိမ်းချမ်းရေး အဖွဲ့အစည်း များမှ တာဝန် ရှိသူများအား ရင်းရင်း နှီးနှီး
နှုတ်ဆက် ကြသည်။
အဆိုပါ ၂ဝ၁၃ ခုနှစ် (၆၆) နှစ်မြောက်
ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧည့်ခံပွဲနှင့် ညစာ စားပွဲသို့ ဒုတိယ သမ္မတ
ဒေါက်တာ စိုင်းမောက်ခမ်း နှင့်ဇနီး ဒေါ်နန်းရွှေမှုံ၊ ဒုတိယ သမ္မတ
ဦးဥာဏ်ထွန်း နှင့်ဇနီး ဒေါ်ခင်အေးမြင့်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်ထောင်စု
တရား သူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်
ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး
ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ
ဦးနန္ဒ ကျော်စွာ၊ အမျိုးသား လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးမြညိမ်းနှင့် ၎င်းတို့၏
ဇနီးများ၊ ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး
လှဌေးဝင်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌများ၊
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြည်ထောင်စု ကိုယ်စား လှယ်များ စုံညီစွာ
တက်ရောက် ကြသည်။
(၆၆) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်း
အမှတ် ဧည့်ခံပွဲနှင့် ညစာ စားပွဲတွင် ညစာ မသုံး ဆောင်မီနှင့် ညစာ
သုံးဆောင်နေစဉ် အတွင်း ဧည့်သည် တော်များအား မြန်မာ့အသံ ခေတ် ပေါ် တေးဂီတ
အဖွဲ့က ပဏာမ ဧည့်ခံ တီးလုံးဖြင့် လည်းကောင်း၊ မြန်မာ့အသံ ခေတ်ပေါ် တေးဂီတ
အဖွဲ့နှင့် တွဲဖက်၍ ပြည်ထောင်စု တိုင်းရင်းသား၊ တိုင်းရင်းသူ များနှင့်
တေးသံရှင် များက တေးသံသာ များဖြင့်လည်းကောင်း ဧည့်ခံဖျော်ဖြေ တင်ဆက်ကြသည်။
ညစာစားပွဲ အပြီးတွင် ညစာ စားပွဲသို့
တက်ရောက်လာကြ သူများအား မြို့တော်ခန်းမ လဟာ ပြင် ကဇာတ်ရုံ၌ ယဉ်ကျေးမှု
ဝန်ကြီးဌာန အနုပညာ ဦးစီးဌာနမှ အနုပညာ ရှင်များနှင့် ပြည်ထောင်စုနေ့
အခမ်းအနားသို့ တက်ရောက် လာကြသော တိုင်းရင်းသား ရိုးရာ ယဉ်ကျေးမှု အဖွဲ့များက
အဆို၊ အကများဖြင့် ဖျော်ဖြေ တင်ဆက် ကြသည်။


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်