From :http://www.kachindailynews.com/2013/02/kia_11.html
ကချင်ပြည်နယ်၊
မိုးကောင်းမြို့နယ်အတွင်း ပွေးညှက်နှင့် ကြိမ်လုပ်ငန်းလုပ်ကိုင်နေသော ဒေသခံများထံမှ
၂၀၁၃ ခုနှစ် တစ်နှစ်စာအတွက် KIA မှ ဆက်ကြေးကေက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။
KIA
အဖွဲ့ ဆိုင်းဒါးတိုက်နယ်ရုံးမှ လက်နက်ကိုင်(၅)ဦးခန့်သည် မိုးကောင်းမြို့နယ်အတွင်း
ပွေးညှက်နှင့် ကြိမ်လုပ်ငန်း လုပ်ကိုင်နေသော ကျေးရွာများသို့ ရောက်လာပြီး KIO အဖွဲ့အတွက်
၂၀၁၃ ခုနှစ် ဘဏ္ဍာငွေ အဖြစ် ငွေ(၁၀)သိန်း ပေးသွင်းရန် ပြောကြားခဲ့ကြောင်း သိရသည်။ တောင်းခံသည့်
ငွေ(၁၀)သိန်း အား ဖေဖော်ဝါရီလ(၁၀)ရက်နေ့အပြီးပေးရန်နှင့် ငွေမပေးပါက တောထဲသို့မလာရန်
ပြောကြားသွားကြောင်း သိရသည်။
မိုးကောင်းမြို့နယ်မှ ဒေသခံတစ်ဦးက “ ကျွန်တော်တို့
ကချင်ပြည်နယ်က ဒေသခံတွေဟာ အများအားဖြင့် ဖားကန့်မြို့နဲ့ တနိုင်းမြို့နယ်တွေမှာ ကျောက်တူးလုပ်ငန်းတွေ၊
ရွှေကျင်လုပ်ငန်းတွေနဲ့ အခြားသစ်တော ထွက် သယံဇာတရှာဖွေတဲ့ လုပ်ငန်းတွေနဲ့ အသက်မွေးဝမ်းကျောင်းပြုနေကြပါတယ်။
အခုတပ်မတော်နဲ့ KIA အဖွဲ့ အကြားမှာ တိုက်ပွဲတွေဖြစ်နေတော့ အလုပ်သွားလုပ်လို့ မဖြစ်နိုင်တော့ဘူး။
ကိုယ့်ပတ်ဝန်း ကျင်မှာ စီးပွားရှာ တော့လည်း အခုလို ဆက်ကြေးကောက်တာတွေ၊ အခွန်ဆောင်ရတာတွေ ဟာ
အရမ်း များပါတယ်။ အခွန်မပေး ရင်လည်း တောထဲဝင်လို့ မရဘူး” ဟု ပြောပြသွားပါသည်။
www.MyanmarExpress.net


0 comments:
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်