From : Myit Makha Mediagroup on 12 Feb, 2013
BB တက္ကစီများစတင်ထုပ်ပေးသည့်ရက်မှ တစ်ပတ်အတွင်း လာရောက်လျှောက်ထားသူ တစ်ရာကျော်မြင့်တက်လာကြောင်း က.ည.န(ရွာသားကြီး)မှသိရသည်။
www.MyanmarExpress.net
BB တက္ကစီများစတင်ထုပ်ပေးသည့်ရက်မှ တစ်ပတ်အတွင်း လာရောက်လျှောက်ထားသူ တစ်ရာကျော်မြင့်တက်လာကြောင်း က.ည.န(ရွာသားကြီး)မှသိရသည်။
BB
တက္ကစီများအတွက် ကနဦး မှတ်ပုံတင်ခြင်းကို ဖေဖော်ဝါရီလ(၅) ရက်မှ
စတင်ဆောင်ရွက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု
ဦးစီးဌာနမှ ဖေဖော်ဝါရီ ၉ ရက်နေ့ထိ အစီးရေ ၄၀၀ ကျော် မှတ်ပုံတင်ပေးခဲ့သည်။
“
သတ်မှတ်ထားတဲ့ AA နံပါတ်တွေပြည့်သွားတော့အခုဆို BB တွေတောင်ထုတ်ပေးနေတာ
အစီးရေ ၄၀၀ ကျော်တောင် ရှိသွားပြီ BB နံပါတ်တွေပြည့်သွားရင်လဲ CC တို့ DD
တို့ထပ်လာအုံးမှာပဲ ” ဟု က.ည.န(ရွာသာကြီး)မှ ဦးသိန်းထွဋ်
(ညွန်ကြားရေးမှူး)က ဆိုသည်။
ယခု
(AA) (BB) ကဲ့သို့တက္ကစီးများထွက်ရှိလာသော်လည်း
ယခင်အက္ခရာနံပါတ်များဖြင့်ပြေးဆွဲနေသော်လည်း တက္ကစီများအား ဖျက်သိမ်းရန်
အစီအစဉ်မရှိကြောင်း ၄င်းမှ ဆက်ပြောသည်။
“
အခုလို တက္ကစီအသစ်တွေများလာတဲ့အတွက် ငှားတဲ့လူတွေကတော့
ပိုက်ဆံပေးရတာချင်းတူတူ ကားကောင်းပဲ ငှားကျမှာပေါ့ တက္ကစီကားအဟောင်း
မောင်းနေတဲ့သူတွေ စီးပွားရေးထိခိုက်နိင်တယ်” ဟု AA တက္ကစီမောင်းသူ ဦးမင်းသိမ်းကျော်မှပြောသည်။
ယခု
ရန်ကုန်မြို့တွင် AA တက္ကစီ အစီးရေ (၈၁၁၃) ရှိပြီး အဆိုပါနံပါတ်တွင် နံပါတ်
၁၀၀၁ မှ စပြီး ၉၉၉၉ ထိ အစီးရေ သတ်မှတ်ထားသည်။ သို့သော် ပေါင်းခြင်း ၁၀
နှင့် ၁၃ နံပါတ်များအား လက်ရှိတွင် မထုတ်ပေးသေးပေ။
ဖေဖော်ဝါရီ(၄) ရက်နေ့မှ စတင်၍ ရာသက်ပန်
Taxi (AA, BB) ယာဉ်များ မူသေနံပါတ်ထုတ်ပေးခြင်း၊ အခွန်အခများ
ပေးသွင်းခြင်း၊ ယာဉ်စစ်ဆေးခြင်း အစရှိသည်များကို က.ည.န( ရွာသာကြီး) တွင်
စတင်ပြုလုပ်ခွင့် လက်ခံခဲ့ခြင်း ဖြစ်သည်။ ယခင်က အဆိုပါကိစ္စများကို
က.ည.န(မြင်သာ)တွင် လက်ခံဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
က.ည.န(ရွာသာကြီး)မှာ ယခင်က ကုန်တင်ကားနှင့် နှစ်ထပ်ယာဉ်များကိုသာ လိုင်စင်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
www.MyanmarExpress.net


1 comments:
Who imported n who got profits?Country?cronies like Zay Gyi? Ka Nya Na was one of the worst departments taking bribes!We never trust them.Municipals also.One small street(50 lakhs bribe)/road(100lakhs n above)/bridge(1000 n above).These r only small.Nay Ye Man produced series with these money?Richest ones inappropriate to their salaries must b arrested.
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်