Subscribe to our RSS Feed

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို ၌ ချစ်သူ များနေ့ တွင် ခေါင်းပြတ် နေသည့် အမျိုးသမီး အလောင်း တွေ့ရှိ

From :the voice

ပဲခူးတိုင်း ဒေသကြီး တောင်ငူခရိုင်၊ ဖြူးမြို တွင် သပြေလှ ကျေးရွာ ချောင်းကူးတံတား အောက်တွင် ဦးခေါင်း ပြတ်နေသော အမျိုးသမီး ခန္ဓာကိုယ် ကို ပီနံအိတ်ဖြင့် ထည့်ကာ စွန့်ပစ် ထားမှု ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက် ၉နာရီတွင် တွေ့ရှိ ကြောင်း ဖြူး မြို့နယ် ရဲတပ်ဖွဲ့  ၏၊ မြို့နယ်ရဲမှူး စိုးသန်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ အမျိုးသမီးသည် အသက် ၂၅ နှစ် အရွယ်ခန့်  ရှိပြီး ဦးခေါင်း ပြတ်နေသော ခန္ဓာကိုယ် ကို ရန်ကုန်-မန္တလေး ကားလမ်း မိုင်တိုင် အမှတ် ၁/၁၄၀ အနီးတွင် လာရောက် စွန့်ပစ် ထားကြောင်း၊ နေ့ လည် ၂ နာရီခန့် အချိန်တွင် လူတစ်ဦး၏ သတင်းပေးချက် အရ မိုင်တိုင် အမှတ် ၂/၁၃၈ အနီး လမ်းဘေးတွင် အမျိုးသမီး၏ ဦးခေါင်းပြတ် တစ်လုံးကို ထပ်မံ တွေ့ ရှိခဲ့ ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ဖြူးမြို့နယ်၊ ပြည်သူ့ ဆေးရုံသို့ ပေးပို့ စစ်ဆေးခဲ့ ရာ နံနက်ပိုင်း က တွေ့ ရှိခဲ့ သော အမျိုးသမီး ခန္ဓာကိုယ် နှင့် တစ်ဆက်တည်း ဖြစ်သည်ကို မြို့နယ် မူခင်း ဆရာဝန်က အတည်ပြု ခဲ့သည်။
“ဆေးရုံ က ဆေးစစ်ချက် ကို ထုတ်ပေးပြီး ရဲစခန်း ကနေ တစ်ဆင့် ထုတ်ပြန် ပေးမှာပါ။ အခုတော့ ထုတ်ပြန် ပေးလို့ မရသေး ပါဘူး” ဟု ဖြူးမြို့ နယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးဇော်လွင်က ရှင်းပြသည်။

အမျိုးသမီး ကို အသက် ခန့် မှန်း နိုင်သည် မှ အပ အမည်၊ နေရပ် လိပ်စာ နှင့် အသေးစိပ် အချက် အလက် များကို စုံစမ်း စစ်ဆေးဆဲ ဖြစ်ပြီး၊ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ထားကြောင်း မြို့နယ် ရဲစခန်း ထံမှ သိရသည်။


  . www.MyanmarExpress.net
 

14 comments:

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲ့

အရည်အချင်းကိုသိရအောင်

နောက်ဆက်တွဲ သတင်းတွေကိုလည်း

ဆက်တင်ပေးပါအုံးနော်။

တော်ရင်ချီးကှူး ရတာပေါ့ ဗျာ။

ညံ့ရင်တော့ ရှုပ်ချကြမှာ။

အေးဗျာအမြန်ဆုံးမိပါစေဗျာ...

http://islamvirus.blogspot.com/2012/07/what-do-18-billion-muslims-worship.html?zx=1c2dc9f9d6e5b6a0
သိသင့်တယ်ထင်လို့ပါ

အခုတလော က္ဈန်တော်တို့ နိုင်ငံမှာ လူသတ်မှု၊ မုဒိန်းမှု၊အ ကြမ်းဘက်မှုတွေ တစ်နေ့တစ်ခြား မြင့်တက် လာသလိုပါ ပဲ။ လူသတ်မှုတွေ ကြည့်လိုက်ရင်လည်း အတော်လေးကို ရက်စက်ပြီး ထိတ်လန့် တုန်လှုပ် ဖွယ်ရာ သတင်းတွေချည်း ပါပဲ။ ကမ္ဘာမှာ အယဉ်ကျေးဆုံးနဲ့ စစ်မှန်တဲ့ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် နိုင်ငံက သူတွေအနေနဲ့ ဘာပြုလို့ ဒီလောက် ထိ ရက်စက်တဲ့ နှလုံးသားတွေ ရှိနေကြရ တာပါလည်း...? တိကျ သေချာတဲ့ အဖြေတစ်ခု ထွက်မလာ သေးခင်မှာ တော့ ပြည်သူလူထု အနေနဲ့ စားသတိ၊ သွားသတိ၊ လာသ တိ...ဆိုတဲ့ လုံခြုံရေးသတိ လက်ကိုင်ထားပြီး မိမိကိုယ်ကို ကာကွယ် ရပါတော့မယ်။ ဥစ္စာကံစောင့်၊ အသက်ဥာဏ် စောင့် ဆိုသလို မိမိအသိဥာဏ်နဲ့ မသွားအပ်၊ မလာအပ်တဲ့ နေရာ/အချိန် တွေကို သတိပြု ဆင်ခြင် ရပါတော့မယ်။တာ ဝန်ရှိ ပုဂ္ဂိုလ်များ အနေနဲ့လည်း ပြည်သူလူထုရဲ့ အသက် အိုးအိမ် စည်းစိမ်ကို ယခုထက်ပိုပြီး ကာကွယ်စောင့်ရှောက် နိုင်ဘို့ လုံလောက်တဲ့ အစီအစဉ် များ ပြုလုပ်သင့်ပြီလို့ အကြံပြု ပါတယ်။

မူ မပေါ်တေးဘူးလား

ကံကောင်းပါစေ။

မြန်မြန်ဖော်ထုတ်ပေးပါနော်။အဲသလောက်သွေးအေးပြီးရက်စက်တဲ့သူကိုအ
ရမ်းသိချင်တယ်။ဒီအမှုကိုစိတ်ဝင်စားတယ်။

သနားလိုက် တာဟယ် ။ ဘာအပြစ် ရှိလို့လဲ။

တရားဥပဒေ စိုးမိုးမှုမရှိလို့ အဲလိုဖြစ်တာလေ

ဟဟ လမ်းမတော် တုန်းက ၄၄ နာရီ အခွေထွက်လိုက်သေး တယ် ဒီတစ်ခါတော. ၄၄ နှစ် အခွေထွက်တော.မယ် ဗျို. ဟားဟား ကူညီပရစေ

ဟဟ လမ်းမတော် တုန်းကတော.၄၄ နာရီ အခွေထွက် လိုက်သေးတယ် ဒီတစ်ခါတော. ၄၄ နှစ် အခွေထွက် တော. မယ်ဗျို. ကူညီပါရစေ ဟား

ကြိမ်းသေလောင်းရဲတယ် ဒီအမှုပေါ်ကိုပေါ်မယ် ပြေးထားစမ်းပါ တရားခံရယ် မင်းကလည်းခံရဲလို့လုပ်တာ ငါတို့ကလည်းမင်းလို ကောင်မျိုးတွေကို တွေ့ခြင်လို့ ရဲထဲဝင်တာ မင်းထောင်ထဲရောက်ရင် ရင်ကွဲစွာကျန်ရစ်ခဲ့မယ့် မင်းမိသားစုကိုတော့ စိတ်မကောင်းပါဘူး

မြန်မာမတွေ ပိုက်ဆံတွေ့ရင် သေမှာကို မကြောက်ကြတော့ဘူး ဟဲဟဲဟဲ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်