Subscribe to our RSS Feed

တိုင်းရင်းဆေးကုသည့်လက်မှတ်မရှိဘဲ ကုစားသူများအား ဒဏ်ကြေး(၁၀)ဆတိုးမြှင့်

From : hot news



တိုင်းရင်းဆေးခန်းဖြင့်ဆေးကု  ရာတွင် ကုသခွင့်လက်မှတ်မရှိဘဲ  ဆေးကုသသူများကို ယခင်   သတ်မှတ်ထားသည့်ဒဏ်ကြေး  ထက်(၁၀)ဆတိုးမြှင့်သက်မှတ် ပြဋ္ဌာန်းလိုက်ပြီဖြစ်ကြောင်း တိုင်း ရင်းဆေးကောင်စီမှသိရသည်။
ဆေးကုသခွင့်မရှိဘဲ ဆေး ကုသသူများကို ယခင်ကပေးဆောင်   ရသောဒဏ်ငွေမှာ ငွေ(၁၀၀၀၀) ဖြစ်ပြီး၊ယခုအခါ တိုင်းရင်းဆေး   ကုသခွင့်မှတ်ပုံတင်မရှိဘဲ ဆေးဝါး    ကုသူမှုများပပျောက်စေရေးအတွက်  ဆေးကောင်စီဥပဒေကိုပြင်ဆင် သတ်မှတ်လိုက်ပြီဖြစ်ရာ ယခင် ဒဏ်ကြေးကျပ်တစ်သိန်းဖြစ်ကြောင်း ဆေးကောင်စီ၏ ထုတ်ပြန်ချက် အရသိရသည်။
ယင်းသို့တိုင်းရင်းသားဆေး  ဥပဒေကို ပြင်ဆင်ရာတွင်နိုင်ငံ ခြားတိုင်းပြည်တစ်ခုခုမှ တိုင်းရင်း ရိုးရာဆေးပညာအား အသုံးပြု ကုသသည့် ဆေးဆရာများကို   ကုသခွင့်မှတ်ပုံတင်ထုတ်ပေးရာ တွင် တိုင်းရင်းရိုးရာဆေးပညာ အတွက်လိုအပ်သည့်လက်မှတ်၊ ကုသမည့် ဆေးဆရာများ၏ အရည် အချင်းများကို တိုင်းရင်းဆေး ပညာဦးစီးဌာနကစိစစ်၍ကျန်းမာ ရေးဝန်ကြီးဌာနသို့တင်ပြပြီး  ထောက်ခံချက်ပေးခြင်းပြီးမှသာ ထုတ် ပေးခြင်းဖြစ်ကြောင်းသိရသည်။
ထိုသို့ တိုင်းရင်းဆေးကောင်စီ   ဥပဒေကို ပြင်ဆင်သည့် ဥပဒေပြ ဋ္ဌာန်းချက်အား(၂၀၁၃)ခုနှစ်၊ဇန်န ၀ါရီတတိယ အပတ်တွင်ထုတ်ပြန် ကြေငြာထားခြင်းဖြစ်ကြောင်းသိရ သည်။


 www.MyanmarExpress.net
 

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်