Subscribe to our RSS Feed

နေသူရိန်ညီလာခံနှင့် သူပုန်လွှတ်တော်

From :hot news



ဖက်ဆစ်ဂျပန်များလက်မှ ရန်ကုန်မြို့ကို တပ်မတော်က ၁၉၄၅ ဧပြီလ ၃၀ ရက်နေ့တွင် သိမ်းပိုက်၏။ မဟာမိတ်တပ်များ သည် နောက်ကျ၍ ရန်ကုန်မြို့ သို့ ခြေချလာ၏။ မြန်မာပြည်ကို ဗြိတိသျှစစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်၏။ မြန်မာနိုင်ငံအတွက် စီမံကိန်းတစ်ရပ် ဗြိတိသျှ အစိုးရက ထုတ်ပြန်၏။ ယင်း စီမံကိန်းမှာ ၁၉၃၅ ခု မြန်မာနိုင်ငံ အုပ်ချုပ်ရေးစည်းမျဉ်းဥပဒေ အပိုဒ် ၁၃၉ အရ ၁၉၄၈ နှစ် လောက်အထိ မြန်မာပြည်ကို ဘုရင်ခံတစ်ဦးတည်း၏ သဘော အရ အုပ်ချုပ်သောနည်းဖြင့်အုပ် ချုပ်မည်ဖြစ်ကြောင်းပါရှိ၏။
ဗြိတိသျှဘုရင်ခံတစ်ဦးတည်း ၏ သဘောအရ အုပ်ချုပ်သော နည်းဖြင့် အုပ်ချုပ်မည်ဆိုသည် နှင့်စပ်လျဉ်း၍ ဗြိတိသျှတို့က ယင်းနှယ်အကြောင်းပြ၏။ မြန်မာ ပြည်သည် စစ်ကြောင့်များစွာ ပျက်စီးခဲ့၏။ ပြန်လည်ထူထောင် ရေးပြုလုပ်ရန် အချိန်လိုမည်။ စစ်ဒဏ်ရာများကျက်သောအခါ မှသာ နိုင်ငံရေးအဆင့်အတန်း တိုးမြှင့်ပေးနိုင်မည်ဟူ၍ ဖြစ်၏။ ဗြိတိသျှတို့ပြောလာသော အုပ် ချုပ်ရေးကား ၁၉၃၇ ခုနှစ်မတိုင် မီ ဒိုင်အာခီခေတ်က မရေမရာ ခနော်ခနဲ့အုပ်ချုပ်ရေးမျိုးဖြစ်၏။ မြန်မာနိုင်ငံအား ဒိုမီနီယံ အဆင့် အတန်းသို့ တစ်ဆင့်ပြီးတစ်ဆင့် တိုးမြှင့်ပေးရန် ရှေးကနည်းတူ ထပ်လောင်းကတိပေးခြင်းမျိုးသာ ဖြစ်၏။ တစ်နည်းဆိုရလျှင် စစ်ရေး၊ နိုင်ငံရေးဘက်တွင် တိုး တက်နေသော မြန်မာပြည်ကို အောက်ခြေသို့ ဆွဲချလိုက်ခြင်း သာဖြစ်၏။
မြန်မာနိုင်ငံသည် စစ်၏ ဒဏ်ချက်များရှိသည်ကားမှန်၏။ စိတ်ဓာတ်မကျ၊ တောင့်တင်းခိုင် မာလျက်ရှိသော မြန်မာတိုင်းရင်း သားများသည် ဤသုံးနှစ်အတွင်း နာလန်ထအနေမျိုးဖြင့် မလှုပ် မယှက်ငြိမ်သက်၍ နေမည်ကား မဟုတ်။ လူးလွန့်ရုန်းကန်မည် သာဖြစ်၏။
မြန်မာနိုင်ငံလူထုကြီးကား ““လွတ်လပ်ရေးတိုက်ပွဲကား မပြီး သေး””ဟူသော ကြွေးကြော်သံဖြင့် ဖဆပလအဖွဲ့ချုပ်ကြီး၏ အလံ တော်အောက်သို့ တညီတညွတ် တည်း စုရုန်းဝင်ရောက်လာ၏။
လွတ်လပ်ရေးအတွက် ပြင်း ပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြပွဲ ကြီးများ ဆင်နွှဲကြသည်။ အင် သစ်၊ အားသစ်တိုက်ပွဲဝင်ကြ သည်။
၁၉၄၅ ခု သြဂုတ်လ (၂၉) ရက်နေ့မှာ ရန်ကုန်မြို့၊ နေသူရိန် ရုံးကြီးမှာ နေသူရိန်ညီလာခံကြီး ကျင်းပ၏။
ဖဆပလအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင် ၍ ကျင်းပသော လူထုစည်းဝေး ပွဲကြီး စည်းဝေးပွဲ သဘာပတိ ဗိုလ်ချုပ်အောင်ဆန်းက မိန့်ခွန်း မြွက်ကြားရာမှာ မြန်မာနိုင်ငံလူ ထုကြီး၏ နိုင်ငံရေးရည်မှန်းချက် များ၊ ကမ္ဘာ့ပြဿနာနှင့် မြန်မာ့ ပြဿနာ ဆက်စပ်ပုံများ တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး အရေးကြီးပုံများကိုပါ ရှင်းလင်း ပြတ်သားစွာ မိန့်ကြား၏။
အစည်းအဝေးကြီးမှ ဆက် လက်၍ ဗြိတိသျှစစ်အုပ်ချုပ်ရေး များ အမြန်ရုပ်သိမ်းရန်နှင့် စပ်ကူး မက်ကူးကာလတွင် အမျိုးသား အစိုးရဖွဲ့စည်းရန် (ယာယီအုပ် ချုပ်)နေခိုက်တွင် အရွယ်ရောက် သူတိုင်း မဲဆန္ဒပေးနိုင်သော စနစ် ဖြင့် ကိုယ်စားလှယ်အမတ်များ ရွေးကောက်စေ၍ ထိုလွှတ်တော် က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး စည်းမျဉ်းကို ရေးဆွဲရန် တညီ တညွတ်တည်း တောင်းဆိုလိုက် သည်။
ထောင်၊ သောင်းမကသော လူထုကြီးသည် တက်ကြွသော  စိတ်ဓာတ်အဟုန်ဖြင့် ထောက်ခံ ကြ၏။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်၊ ကျေးရွာမကျန် လူထု အဖွဲ့အစည်းများကလည်း လူထု အစည်းအဝေးပွဲကြီးများဖြင့် တစ် ခဲနက် ထောက်ခံကြ၏။
ဗြိတိသျှ စစ်အုပ်ချုပ်ရေး ကား ၁၉၄၅ ခု အောက်တိုဘာ လ ၁၅ ရက်နေ့တွင် ရပ်စဲလိုက် ရ၏။
စစ်အတွင်းက အိနိ္ဒယသို့ ရှောင်ရှားနေသော မြန်မာပြည် ဘုရင်ခံဆာ၊ အာ၊ အိပ်(ခ်ျ) ဒေါ် မန်စမစ်သည် ၁၉၄၅ ခု အောက် တိုဘာလ (၁၆)ရက်နေ့တွင် ရန် ကုန်သို့ရောက်ရှိလာ၏။ နောက် တစ်နေ့မှာ မြန်မာ့နိုင်ငံရေးခေါင်း ဆောင်များနှင့် ပထမအကြိမ် တွေ့ဆုံသောအခါ ဆာဒေါ်မန် စမစ်က လွတ်လပ်ရေးတိုက်ပွဲပြီး ပါပြီဟုဆို၏။
၁၉၄၅ ခုနှစ် အောက်တို ဘာလ ၁၉ ရက်နေ့တွင် ဘုရင်ခံ ၏ ဖိတ်ကြားချက်အရ အဖွဲ့ချုပ် ကိုယ်စားလှယ် ဗိုလ်ချုပ်အောင် ဆန်းနှင့် ပုဂိ္ဂုလ်(၁၁)ဦးတို့ အစိုး ရအိမ်တော်တွင်ဘုရင်ခံနှင့်တွေ့ ဆုံကြ၏။ဘုရင်ခံက အမှုဆောင် ၀န်ကြီး ၁၅ ဦးခန့်ထားလိုကြောင်း (၄)ဦးမှာ မိမိက ခန့်ထားရန် ရာ ထားပြီးဖြစ်ကြောင်း၊ ကျန် (၁၁) နေရာ ဖဆပလအဖွဲ့ချုပ်မှ ခန့် ထားပေးရန် လက်ကမ်းလာ၏။
ဖဆပလအဖွဲ့ချုပ်၏ လမ်း စဉ်အရ ကျေနပ်ဖွယ်မရှိသည်မှန် သော်လည်း အဖွဲ့ချုပ်ကြီးသည် ခြွင်းချက်ဖြင့် အမှုဆောင်အဖွဲ့မှာ ပါဝင်မည့် ၀န်ကြီးလောင်းများ၏ စာရင်းကို ဘုရင်ခံသို့ တင်သွင်း လိုက်၏။
ဘုရင်ခံသည် ယင်းတင် သွင်းသည့် ၀န်ကြီးစာရင်းနှင့် လက်ကိုင်ဌာနများကို သဘော မတူဘဲရှိလေရာ ဖဆပလအဖွဲ့ ချုပ်မှ တင်သွင်းပြီး စာရင်းများကို အောက်တိုဘာလ (၂၅)ရက်နေ့ တွင် ပြန်လည်ရုတ်သိမ်းလိုက်၏။
နိုဝင်ဘာလ (၂)ရက်နေ့ တွင် ဘုရင်ခံ၏ အမှုဆောင်အဖွဲ့ ၌ လူထုကိုယ်စားလှယ်များမ ဟုတ်သော ပုဂိ္ဂုလ်များက ၀င် ရောက်ရာထူးလက်ခံကြသည်။ လူထုဆန္ဒနှင့် မကိုက်ညီ၍အမည် သာရှိသောအမှုဆောင် ၀န်ကြီး အဖွဲ့ အကူအညီဖြင့်အုပ်ချုပ် သောဘုရင်ခံ၏ အုပ်ချုပ်ရေးမှာ မရေမတွက်နိုင်သော အကျပ် အတည်းများဖြင့်သာ ရင်ဆိုင်ရ ၏။
အစိုးရအဖွဲ့နှင့်လူထုသည် သူနိုင်၊ ငါနိုင်အင်အား အပြိုင်ဖြစ်နေပြီ။ အစိုးရကလည်း ခေါင်းမာ၏။ လူထုကလည်း တညီတညွတ်တည်း အင်အား ဆင်နွှဲလျက်ရှိပြီး မြန်မာတို့၏ သမိုင်းတစ်လျှောက်တွင် မကြုံ ဘူးသော သွေးစည်းလှုပ်ရှားမှုကြီး ဘုရင်ခံ၏ လက်ကိုင်အာဏာမှာ အာဏာစက်ပျံ့နှံ့မှု သိပ်မရှိ တော့။ အစိုးရနှင့် ပြည်သူတင်း မားသည်ထက်တင်းမာလျက်ရှိရာမှ အမှုထမ်းအရာထမ်းပေါင်းစုံ သပိတ်ကြီး ကြီးမားစွာဖြစ်ပေါ် လာပြန်ပြီ။
ထိုသို့ဖြင့် မြန်မာပြည်သူတို့ ၏ အတွင်းသဘောနှင့် စိတ် ဓာတ်ကို နားမလည်၊ သိမ်းသွင်း စည်းရုံးနိုင်မှုမရှိသော ဆာဒေါ်မန် စမစ် ဘိလပ်သို့ပြည်တော်ပြန် ရပြီ။
သူ့နေရာကို ရောက်လာသူ က ဆာဟူးဘတ်ရန့်(စ်)။ သူသည် ကတီ်္တပါအိတ်စွပ်ထား သော သံလက်သီးကို ဝှေ့ဝှမ်း၍ လာခြင်းမျိုးမဟုတ်၊ မြန်မာတို့၏ မိတ်ဆွေအဖြစ်လာခြင်းဟု ပြော သည်။
အိနိ္ဒယတွင် လော့ဒ်လူဝီ မောင့်ဘက်တန်ဆောင်ရွက်သည့် နည်းတူ မြန်မာပြည်တွင်လည်း ဆာဟူးဘတ်ရန့်(စ်)က ဆောင် ရွက်သည်။
အစစအရာရာ လူထု၏ ဆန္ဒကို အလေးပေး၍ ချောမော အောင် ဆောင်ရွက်ခြင်း၊ ဗိုလ် ချုပ်အောင်ဆန်းနှင့် လုပ်ဖော် ကိုင်ဖက်ပုဂိ္ဂုလ်များကို အမှု ဆောင်အဖွဲ့မှာ ပါဝင်ရန် ထပ်မံ ဖိတ်ခေါ်သည်။
ဤတစ်ကြိမ်မှာ မူလက်ကိုင် ဌာနများနှင့်ပတ်သက်၍ပြောဆို အငြင်းပွားဖွယ်မရှိ ချောမောသွား ၏။ ဆိုကြစို့။ ထိုသို့ဖြင့် ဗြိတိသျှ နန်းရင်းဝန်မစ္စတာ ကလီမင်ရစ် ချက်အက်တလီသည် ၁၉၄၆ ခု ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိ တိသျှအောက်လွှတ်တော်၌ (မြန်မာနိုင်ငံသို့ အာဏာလွှဲ ပြောင်းရေးကိစ္စ)ဗြိတိသျှအစိုးရ နှင့် စေ့စပ်ဆွေးနွေးရန် မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို လန်ဒန် မြို့သို့ ဖိတ်ခေါ်ရန် ဖော်ထုတ် ကြေညာလာပြီ။ လန်ဒန်သို့ ဗိုလ် ချုပ်တို့ ရောက်ရှိသည်မှာ၁၉၄၇ ခု ဇန်န၀ါရီလ (၉)ရက်။ ၀န်ကြီး ချုပ်ရုံးစိုက်သည့် အမှတ် ၁၀ ဒေါင်းနင်းလမ်း၌ ဆွေးနွေးပွဲ စသည့်အခါ ဗိုလ်ချုပ်အောင် ဆန်းက ရိုးရိုးရှင်းရှင်းပြောသည်။ ကျွန်တော်သည် စစ်သားဖြစ်၏။ ရိုးရိုးရှင်းရှင်း ပွင့်လင်းစွာပြော တတ်၏။ သံတမန်သုံး သိမ်မွေ့ စေလွယ်သော စကားကို မပြော တတ်။ မြန်မာပြည်သူတို့သည် အချုပ်အခြယ်ကင်းသော လုံးဝ လွတ်လပ်ရေးကို လိုလားတောင်း ဆိုကြ၏။ မြန်မာပြည်သူတို့ဆိုရာ မှာ တိုင်းရင်းသားလူမျိုးအားလုံး ကို ဆိုလိုသည်။ တိုင်းရင်းသား လူမျိုးများသည် ညီညွတ်စွာ ရပ်တည်ကြလိမ့်မည်။
၁၉၄၇ ခု ဇန်န၀ါရီလကုန် ပိုင်းမှာ ဗိုလ်ချုပ်တို့လွတ်လပ်ရေး ကိုယ်စားလှယ်အဖွဲ့ ဘိလပ်မှ ပြန်ရောက်သည်။ အောင်ဆန်း အက်တလီစာချုပ် လက်မှတ်ရေး ထိုးသည့်နေ့ရက်မှာ ၁၉၄၇ ခု ဇန်န၀ါရီလ ၂၇ ရက် တနင်္လာ နေ့ ဗိုလ်ချုပ်ပြန်ရောက်ပြီး ပထမ ဆိုရှယ်လစ်ပါတီညီလာခံကျင်းပ သည်။
ဒုတိယပြည်သူ့ရဲဘော် ညီ လာခံကျင်းပသည်။ ပြည်သူ့ရဲ ဘော်ညီလာခံမှာ ရဲဘော်တစ်ဦး က ဗိုလ်ချုပ်အား မေး၏။ ““ဗိုလ် ချုပ် အဲဒီစာချုပ်ဟာ အင်္ဂလိပ်နဲ့ အလျှော့ပေးစေ့စပ်လာတာလား”” ဗိုလ်ချုပ်အဖြေကား ထိုသို့တည်း။ ““ငါတို့ နိုင်ငံရေးလုပ်တာ လွတ် လပ်ရေးရဖို့ဖြစ်တယ်၊ လွတ်လပ် ရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ရမယ် ဆိုရင် ငြိမ်းချမ်းတဲ့နည်းနဲ့ လုပ်ရ မယ်။ မရမှသာ အကြမ်းဖက်တဲ့ လက်နက်ကိုင်နည်းကိုသုံးရမယ်။ ငါ အခုရွေးလာတဲ့ အနုနည်းဟာ အောင်မြင်မယ်ဆိုရင်ပြည်သူတွေ မသေပျောက်ဘူး အလွန်သက် သာမယ်။ ပြည်သူတွေ သက်သာ တဲ့လမ်းကို ငါရွေးလာတာ အနု နည်းနဲ့မရရင်တော့ ချရမှာပဲ။ အခု ဟာက ရဖို့သေချာသလောက်ရှိ တယ်။ ဒါပေမဲ့လွတ်လပ်ရေး မရမချင်း နှစ်မျိုးစလုံးပြင်ထားရ မယ် “အကောင်းဆုံး”ကို မျှော်လင့် သလို “အဆိုးဆုံး”အတွက်လည်း ပြင်ဆင်ထားရမယ်””
ဗိုလ်ချုပ်ဆက်၍ပြောသည် မှာ ““အခုလွှတ်တော်က အရေး ကြီးတယ်၊ တကယ်လို့ဖွဲ့စည်း အုပ်ချုပ်ပုံ ရေးဆွဲပြီးလို့ လွတ်လပ် ရေးမပေးဘူးလို့ အင်္ဂလိပ်က ငြင်း ရင် ဒီလွှတ်တော်ဟာ သူပုန် လွှတ်တော်ဖြစ်သွားမယ်။ လွှတ် တော်အမတ်တွေဟာလည်း သူ ပုန်အမတ်တွေဖြစ်သွားမယ်”” သြော် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးအတွက် ရဲဝံ့ပြတ် သားသော ဆုံးဖြတ်ချက်။ ကျွန်တော်သည် ပြီးခဲ့သော ၂၀၁၃ ၏ ၆၆ နှစ်မြောက် လွတ် လပ်ရေးနေ့ကို သတိရစွာဖြင့် ယခုစာစုအားမှတ်တမ်းပြုရေးသား ဖြစ်ပါသတည်း။

1 comments:

ဒါမျိုးလေးတွေများများတင်ပေးပါဒါမှကျွန်တော်တို့လူငယ်တွေသိမှာပါကျေးဇူးတင်ပါတယ်

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်