Subscribe to our RSS Feed

KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင် ကျန်းမာအခြေအနေဆိုးဝါးနေ

From :http://www.kachindailynews.com/2013/02/kia_4212.html

          KIA / KIO ခေါင်းဆောင်ပိုင်းများအစည်းအဝေးနှင့်ဆွေးနွေးပွဲတွေမှာ မတွေ့ရတာ ကြာနေပြီး   ဖြစ်သော KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂမ်ရှောင်သည် ၁၀ရက်နေ့မနက်ပိုင်းတွင် တရုတ်နိုင်ငံမှ   ဆေး ကုသမှုခံယူပြီး ပြန်လာ ခဲ့ကြောင်းဌာနချုပ်နှင့်နီးစပ်သူများ၏ပြောပြချက်အရသိရပါသည်။ ပြီးခဲ့သည့်လ အစောပိုင်းက စခန်းများကို လိုက်လံစစ်ဆေး နေစဉ်အတွင်း ဒဏ်ရာရရှိပြီး တရုတ်နိုင်ငံတွင်   ဆေးကုသမှု ယူနေသည်ဟု ကြားရပေမယ့် ဘယ်သူမှအတိအကျမသိရှိခဲ့ပါ။ 

           ဦးစီးချုပ်က ပြန်လည်တွေ့မြင်ရပေမယ့် စခန်းလိုက်လံစစ်ဆေးသည့်အချိန်တွင် ညာဘက်ခြမ်း လက်က လုံးဝလှုပ်လို့ မရသည့် အနေအထားပုံစံမျိုးတွေ့ရကြောင်း ညာဘက်ခြေထောက်မှာလဲ အကြောဆွဲ သလိုဖြစ် နေကြာင်း မုန်ဆန်ယန်မှKIA အရာရှိတစ်ဦးကဆိုပါသည်။ ဗိုလ်ချုပ်ဂမ်ရှောင်သေဆုံးသွားပြီဟု သတင်းတွေ ထွက်ပေါ်နေပြီး လက်အောက်ငယ်သားများ စိတ်ဓာတ်ကျဆင်းနေသည့်အတွက် အားကိုး ယုံကြည်မှု ပြန်လည်ရရှိအောင် လုပ်ဆောင်တာဖြစ်နိုင်ကြောင်း ၎င်းမှဆိုပါသည်။ ဦးစီးချုပ်က သူ့၏ကိုယ်ပိုင် လုံခြုံရေး အဖွဲ့နှင့်အတူ နေထိုင်ပြီး အခြားသူများကိုလည်း တွေ့ခွင့်မပေးကြောင်းသိရှိရသည်။ ဦးစီးချုပ်၏ ကျန်းမာရေး အခြေအနေမှာ ဆိုးဝါးနေသည်ဟု ယူဆရပေမယ့် မည်သူက မှ အသေအချာ မသိရကြောင်း ဌာနချုပ်မှ အရာရှိ တစ်ဦးက ပြောကြားခဲ့ပါသည်။
  www.MyanmarExpress.net
 

5 comments:

မုန့်ဟင်းခါးစားရ တော့မယ်

ဖဲကိုအမုန်းရိုက်ခြင်နေတာ အခုဂွင်တွေ့ပြီဟ!

ဖဲကိုအမုန်းရိုက်ခြင်နေတာ အခုဂွင်တွေ့ပြီဟ!

တအိမ်လိုရင်ပြော.........ရှိးလား ပိုကာလား......21လား ရှမ်းကိုးမီးလား.......ဘူကြီးလား........?

ဒွဲဘူ ငို တော့မယ် ကျော်သူ ကူညီလိုက်လေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်