From : http://www.kachindailynews.com/2013/02/kia_2808.html
KIA အဖွဲ့မှာ စားသောက်ရန်
အခက်အခဲဖြစ်နေသည့်အတွက် ယခုကဲ့သို့လုပ်ဆောင်နေတာဖြစ်ကြောင်း ဗဟိုမှ ထောက်မှု အားနည်းနေပြီး
တပ်ဖွဲ့ဝင်များက ဆေးဝါးရိက္ခာများလိုအပ်နေသည်အတွက် ပြန်ပေးဆွဲမှု၊ ဓါးမြတိုက်မှု ပုံစံမျိုးဖြင့်
လုပ်ဆောင်ပြီး လိုအပ်ချက်များကိုဖြည့်တင်းနေရကြောင်း တောအုပ်အားဖမ်းဆီးသွားစဉ် KIA
တပ်ဖွဲ့ဝင်များ၏ ပြောကြား ချက် အရ သိရှိရပါသည်။
www.MyanmarExpress.net
၂၀၁၃ခုနှစ်ဖေဖော်ဝါရီလ
၁၅ရက်နေ့က မဘိမ်းမြို့အနီးရှိ နန့်မဲကြိုးဝိုင်းမှ တောအုပ်နှင့် တောင်ခေါင်းတို့သည်
ကြိုးဝိုင်း အတွင်း တောင်ယာ ခုတ်သူများအား စာရင်းကောက်နေစဉ်အတွင်း KIA အဖွဲ့တစ်ဖွဲ့
ရောက်ရှိ လာပြီး လက်ပြန်ကြိုး တုတ်ကာ ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သွားခဲ့ ပါသည်။ နန့်ဟန်လေး
ရွာ သို့ ည၁၁ နာရီလောက်အချိန်တွင် ရောက်ရှိခဲ့ပြီး ၎င်းတို့ ၂ဦး မှ ထွက်ပြေးခဲ့ ဖြင့်
KIA အဖွဲ့က သေနတ်ဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပါသည်။
တောခေါင်းမှ လွတ်မြောက်
ထွက်ပြေးခဲ့သော်လည်း တောအုပ်မှာ သေနတ်ထိမှန်ကာ KIA မှပြန်လည် ဖမ်းဆီးခဲ့ကြောင်း သိရှိရပါသည်။
စီပိန်းရွာသို့ ရောက်ရှိချိန်တွင် တောအုပ်မှ မိမိသည် သစ်တောမှ ၀န်ထမ်း ဖြစ်ကြောင်း
ပြောကြားခဲ့သည့် အတွက် ငွေသိန်း (၁၆၀) ဖြင့် လာရွေးရန် မိသားစုသို့ အကြောင်းကြားခဲ့
သဖြင့် ယမန်နေ့ ညနေ ၆နာရီခန့်က တောအုပ်၏ အမျိုးသမီးမှ သွားရောက် ပေးဆောင်ခဲ့ရပြီး ပြန်လည်
လွတ်ပေး ခဲ့ကြောင်း သိရှိရပါသည်။ ယခုအခါတောအုပ်မှာ ဒဏ်ရာ ရရှိခဲ့သဖြင့် ကသာဆေးရုံတွင်
ဆေးကုသ နေကြောင်း သိရှိရသည်။ ထွက်ပြေးခဲ့သည့် တောခေါင်းမှာ ယနေ့ထိ ပြန်လည် ရောက်ရှိခြင်း
မရှိကြောင်းလည်း သိရှိ ရပါသည်။
www.MyanmarExpress.net

.jpg)

4 comments:
I'm burmese from myit kyi nar. It's a fake news. please do not believe this news. thanks
ထိုင်ကြည့်နေကြပေါ့ဗျာခင်ဗျာတို့အလှည့်မရောက်ချင်းပေါ့ဗျာ
Power54,thanks a lot.We never believe MEG n now its more sure.
သေတဲ့သူတွေမနည်းတော့ဘူး ဟ
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်