Subscribe to our RSS Feed

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဟားခါးမြို့ရှိ သံသရာအေး စေတီတော်ကို ဖူးမြော်ကြည်ညို လုပ်ငန်းများ အောင်မြင်နေသည့် မွေးမြူရေးခြံများကို သွားရောက် ကြည့်ရှုအားပေး

From : သမ္မတရုံး

နေပြည်တော် ဖေဖော်ဝါရီ ၁၇
ချင်းပြည်နယ် ဟားခါးမြို့၌ ရောက်ရှိနေသော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းတွင် ဟားခါးမြို့ ဇေတဝန်တောရ ဓမ္မရိပ်သာရှိ သံသရာအေးစေတီတော်ကို သွားရောက်ဖူးမြော် ကြည်ညိုသည်။

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် သသံရာအေးစေတီတော်အား ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးနှင့် နံ့သာတိုင်များ ကပ်လှူဖူးမြော် ကြည်ညိုပြီး နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင် တောင်တန်းသာသနာပြု ဆရာတော် ဟားခါးမြို့မ သာသနာပြု စာသင်တိုက်နှင့်ဇေတဝန်တောရကျောင်း တိုက် တို့၏ ဦးစီးပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍတိဒေါက်တာ ဘဒ္ဒန္တတေဇောသာရထံ သာသနာပြု လုပ်ငန်းများဆောင်ရွက်နေမှုကိုမးမြန်း လျှောက်ထားသည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် တောင်တန်းသာသနာပြု ဆရာတော်အမှူးပြုသောဆရာတော် သံဃာတော်များအားဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတသည်သံသရာအေးစေတီတော်ရင်ပြင်မှနေ၍ ဟားခါးမြို့ရှုခင်းကို ကြည့်ရှုပြီး မြို့ရေပေးဝေရေး စနစ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးရေး၊ ရေရရှိရန် အထောက်အပံ့ရရှိနိုင်မည့် တောင်ကြား၊ လျှိုမြောင်များအား တမံပိတ်ပြီး ရေလှောင်ကန်တည်ဆောက်၍ မြို့ရေပေးရေးစီမံကိန်းကို စနစ်တကျ တိုင်းတာရေးဆွဲ အကောင်အထည်ဖော်ဆောင်ရွက်ရန် မှာကြားခဲ့သည်။

ထိုမှတဆင့် နိုင်ငံတော်သမ္မတသည် ဟားခါး-ဂန့်ဂေါလမ်းမိုင်တိုင်အမှတ် ၃ မိုင် ၂ ဖာလုံရှိ ဦးကျော်လွင်၏ မွေးမြူရေးခြံနှင့် မိုင်တိုင်အမှတ် ၄ မိုင် ၄ ဖာလုံရှိ ဦးဒုထန်လျန်း၏ မွေးမြူရေးခြံတို့ကို သွားရောက်ကြည့်ရှုအားပေးပြီးမွေးမြူရေး လုပ်ငန်းများအောင်မြင်နေမှု အခြေအနေကိုမေးမြန်းဆွေးနွေးသည်။ထို့နောက် နွားမွေးမြူရေးမှရရှိလာမည့် စွန့်ပစ်ပစ္စည်း နွားချေးမှ လျှပ်စစ်ဓာတ်အားအဖြစ် ထုတ်လုပ် သုံးစွဲနိုင်ရန်အတွက် ဇီဝဓာတ်ငွေ့သိုလှောင်ကန်များကို ပံ့ပိုးတည်ဆောက်ပေးမည် ဖြစ်ကြောင်း၊မွေးမြူရေးကိုစနစ်တကျ ထပ်မံတိုးချဲ့မွေးမြူရန်နှင့် နို့ပိုမိုထုတ်လုပ်နိုင်သည့် နို့စားနွားမျိုးကိုလည်း စမ်းသပ်မွေးမြူသွားရန် လိုကြောင်း၊ ထို့အတူတိရစ္ဆာန် အစားအစာ အလွယ်တကူရရှိနိုင်ရန်အတွက် စားကျက်မြေများထူထောင် သွားရန် ဖြစ်ကြောင်း၊ မွေးမြူရေးလုပ်ငန်းမှရရှိလာသော ဝင်ငွေဖြင့် မိမိတို့၏သားသမီးများအား ပညာတတ်များဖြစ်အောင် အတန်းပညာများသင်ကြားပေးနိုင်ရန် စီမံဆောင်ရွက်သွားစေလိုကြောင်း၊ ထို့အတူ မိမိတိုင်းရင်းသား ဘာသာ စကားကိုတတ်ကျွမ်းစေရန်နှင့် ရိုးရာယဉ်ကျေးမှုကို သိရှိထိန်းသိမ်းနိုင်စေရန်သင်ပြပေးရန်ဖြစ်ပြီး ပြည်ထောင်စုကြီးတစ်ခုလုံး ဆက်သွယ်ပြောဆိုဆက်ဆံမှု ထိရောက်စေရေးအတွက် မြန်မာဘာသာစကားကိုလည်း တတ်မြောက်အောင် သင်ကြားပေးရန် လိုအပ်ကြောင်းဖြင့် တိုက်တွန်းပြောကြားသည်။

ဦးကျော်လွင်၏ တစ်နိုင်တစ်ပိုင်မွေးမြူရေးခြံသည် ၁၉၉၈ ခုနှစ်မှစတင်မွေးမြူလုပ်ကိုင်ခဲ့ခြင်းဖြစ်ပြီးလက်ရှိ အခြေအနေ တွင် နို့စားနွားကောင်ရေ ၃ဝ၊ နွားနောက် ၅၇ကောင်နှင့် ဆိတ်ကောင်ရေ ၂ဝတို့ကိုမွေးမြူထားသည်။

အလားတူဦးဒုထန်လျန်း၏တစ်ပိုင်တစ်နိုင် မွေးမြူရေးခြံကို၁၉၈၆ ခုနှစ်တွင် စတင်မွေးမြူလုပ်ကိုင်ခဲ့ပြီး လက်ရှိအခြေအနေ တွင် နို့စားနွား၃၆ ကောင်၊ နွားနောက်၂၈ ကောင်ကိုအောင်မြင်စွာမွေးမြူလျက်ရှိကြောင်းသိရှိရသည်။

 www.MyanmarExpress.net
 

2 comments:

သမ္မတကြီးဦးသိန်းစိန် ကျန်းကျန်းမာမာနဲ့ နိုင်ငံတော်ကိုဆက်လက်ဦးဆောင်နိုင်ပါစေ

Sorry!anonymous.I'll transfer my power to Daw Su. Listen to her obediently.After2015.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်