Subscribe to our RSS Feed

ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းလုပ်လိုသူ ၉၁ ဦး လျှောက်ထား

From :dvb

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မယ့် ကုမ္ပဏီ ၂ နေရာအတွက် တင်ဒါခေါ်ယူခဲ့ရာမှာ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ ပြည်တွင်းနဲ့ ပြည်ပ ကုမ္ပဏီ အုပ်စု ၉၁ ခုက လာရောက်လျှောက်ထားခဲ့ကြောင်း တင်ဒါ ရွေးချယ်ရေးကော်မတီ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

လာရောက်လျှောက်ထားသူတွေထဲမှာ ပြည်တွင်းကုမ္ပဏီတွေအပြင် အာရှ၊ အမေရိက၊ တောင်အမေရိက၊ အရှေ့အလယ်ပိုင်း၊ ဥရောပ၊ အာဖရိကနဲ့ အခြား နိုင်ငံတကာကုမ္ပဏီတွေ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာနဟာ မိုဘိုင်းတယ်လီဖုန်းနဲ့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီ ၄ ခု ခွင့်ပြု ပြိုင်ဆိုင်ခိုင်းမယ်လို့ ကြေညာထားပါတယ်။ အဲဒီ ကုမ္ပဏီ ၄ ခုအနက် မြန်မာ့ဆက်သွယ်ရေးနဲ့ ရတနာပုံတယ်လီပို့ကုမ္ပဏီတို့ကို လုပ်ကိုင်ခွင့်ပြုမှာဖြစ်ပြီး အခြား လုပ်ငန်း ၂ နေရာအတွက် ပြည်တွင်းနဲ့ ပြည်ပကနေ လုပ်ကိုင်လိုပြီး စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကို အဆိုပြုလွှာ ခေါ်ယူထားတာ ဖြစ်ပါတယ်။


 . www.MyanmarExpress.net
 

1 comments:

The more bribe,the more chance?

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်