Subscribe to our RSS Feed

ဒေါ်စု၏ ပုသိမ်ခရီးစဉ် စည်ကားရေးအတွက် NLD နှင့် တာဝန်ရှိသူများ ငွေအား၊ လူအား အစွမ်းကုန် အသုံးချ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုသိမ်ခရီးစဉ် လူစည်ကားရေးအတွက် ဧရာဝတီ တိုင်းတွင်းရှိ NLD ပါတီဝင်များနဲ့ တာဝန်ယူထားသူ အားလုံးမှ ငွေအလုံးအရင်းလိုက် အသုံးချပြီး လူအလုံးထည် ပြဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ရတယ်လို့ သိရပါတယ်။ ဘယ်လောက်မှ မရှိတဲ့ အချိန် နာရီပိုင်းအတွင်းမှာ ဓာတ်ပုံနဲ့ ဗွီဒီယိုတွေသာမက သတင်းတွေထဲမှာ သိသာထင်ရှားစေဖို့ အချိန်တွေ၊ ငွေတွေ၊ လူအင်အားတွေ အများကြီး သုံးကာ ကြိုတင်စီစဉ်ခဲ့ရတယ်လို့ NLD နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။ ဒီအတွက် ကုန်ကျစရိတ်အားလုံးကိုလည်း ရုံးချုပ်က အကုန်ချပေးတယ်လို့ သိရပါတယ်။

မနက် ၆ နာရီ လောက်ကတည်းက အသံချဲ့စက်တွေရော တခြား အသံပေါင်းစုံနဲ့ပါ လူတွေလာအောင် မနဲ့ စော်အောနေကြပြီး လာသမျှ လူတွေကိုလည်း ကလေး တွေပါမကျန် အလံတွေ၊ အဝတ်အစားတွေ၊ ဆိုင်းဘုတ်တွေနဲ့ ပိုစတာတွေ အတင်း ပေးနေကြောင်း သိရပါတယ်။

ဒေသခံ မျက်မြင်တစ်ဦးကတော့ ဒီလို ဘာမဟုတ်တဲ့ နေရာမှာ အချိန်တွေဖြုန်းပြီး လူအင်အားတွေ ငွေအင်အားတွေ သုံးနေခြင်းအပေါ်မှာ နှမျှောမိကြောင်း အခုလို ပြောဆိုပါတယ်

"ပြင်တော့ ပြင်နေကြတာပဲ နှစ်ပတ်လောက်ကတည်းက လုပ်နေကြတာ ထင်တာပဲ... အစုံပဲဗျ.. တော်တော်လေးကို အကုန်ကျခံပြီးလုပ်နေကြတာ... ပုံတွေ လည်းအကြီးကြီးတွေပဲ၊ ထီးတွေရော၊ မီးပုံးတွေရော အများကြီးပဲ.... သိန်း ကို ဆယ်ဂဏာန်း ချီပြီး အကုန်အကျခံလုပ်နေတာ တွေ့ရတယ်ဗျ... ကျွန်တော်ကတော့ နှမျှောမိတယ်.. ဘာမဟုတ်တဲ့ အလံတွေ၊ ပိုစတာတွေ၊ လျှောက်ရိုက်ပြီး ပိုက်ဆံတွေ ကုန်နေမယ့်အစား မရှိဆင်းရဲသားတွေကို သွားလှူစေချင်တယ်... " တို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ပုသိမ်သားများ အချို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို သွားကြည့်ကြမှာ ဖြစ်ပေမယ့် NLD ကို ထောက်ခံလို့၊ လေးစားလို့တော့ မဟုတ်ကြောင်းကို အခုလို ဆက်ပြောပါတယ်

"မဟုတ်ပါဘူး... ဧရာဝတီသားတွေ၊ ပုသိမ်သားတွေ ကြိုဆိုဖို့ပြင်နေတယ် ဆိုတာ မဟုတ်ပါဘူး... NLD က လူတွေနဲ့ တာဝန်ယူထားတဲ့လူတွေပဲ သူတို့ဘာသူ ပြင်နေတာပါ... ကျန်တဲ့လူအားလုံးက ကိုယ့်အလုပ်ကို လုပ်နေတာ သိပ်စိတ်မဝင်စားကြပါဘူး... လာရင်တော့ ကျွန်တော်လည်း သွားကြည့်ဖို့ စဉ်းစားထားပါတယ်... ထောက်ခံလို့လည်း မဟုတ်ပါဘူး၊ လေးစားလို့လည်း မဟုတ်ပါဘူး.... ဒီလိုပဲ သွားကြည့်မှာပါ... ကျွန်တော်တို့ဆီမှာက ခွေးဖင်ပူး ရင်တောင် အနည်းဆုံး လူ ၁၀၀ လောက် က ဝိုင်းအုံကြည့်တတ်ကြတယ်ဗျ..." လို့ ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ပါတီ ဟာ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက ရွေးကောက်ပွဲ ဝင်ခြင်းဟာ လမ်းမှား ကို သွားခြင်း ဟု သတ်မှတ်ကာ သပိတ်မှောက်ခဲ့ကြပြီး အခုတော့ ရွေးကောက်ပွဲ ကိစ္စတွေနဲ့ အလုပ်ရှုတ်နေပြနေပါတယ်။

Myanmar Express

1 comments:

ပုသိမ်မှာ ခွေးနှစ်ကောင် ကိုက်ရင်တောင် လူတွေ ၀ိုင်းကြည့်တာတော့ ဟုတ်တယ်ဗျ..

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်