From : rfa
ညီညွှတ်သောတိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီ UNFC နဲ့ အစိုးရ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီ တို့ဟာ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး ဖြစ် လာဖို့အတွက် အကြိုဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဖေဖေါ်ဝါရီလ ၂၀ ရက်နေ့ စတင်မှာဖြစ်ကြောင်း UNFC အဖွဲ့နဲ့ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်း ကော်မတီဝင်တွေက RFA ကို ပြောပါတယ်။
www.MyanmarExpress.net

၂၀၁၂ ခုနှစ် ဧပြီလ ၁၉ ရက်က ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC သတင်းစာ ရှင်းလင်း ပွဲ ပြုလုပ်နေစဉ်။
လာမယ့် အကြိုညှိနှိုင်း ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး UNFC တွဲဘက်အတွင်းရေးမှူး ဗိုလ်မူးကြီး ခွန်ဥက္ကာက ခုလိုပြောပါတယ်။
"ကျွန်တော်တို့ တောင်းဆိုထားတာ တစ်နှစ်ခွဲလောက်ရှိပြီပေါ့၊ ၂၀၁၁ ခုနှစ် သြဂုတ်လကုန်ထဲက ကျွန်တော်တို့ စာတင်ပြီးတော့ တစ်ဖွဲ့ချင်းမဟုတ်ပဲနဲ့ UNFC နဲ့ တွေ့မယ် နိုင်ငံရေးဆွေးနွေးပွဲကို တက်လှမ်းမယ်ဆိုတဲ့အပေါ်မှာ အခုပြည်ထောင်စုအစိုးရကလဲ လက်ခံပြီးတော့ နိုင်ငံရေးဆွေးနွေးပွဲကို အကြိုညှိနှိုင်းကြမယ်ဆိုပြီး နှစ်ဖက်သွားတူတာပေါ့၊ UNFC ကတော့ တောင်းဆိုထားတဲ့ အဆင့်တွေကိုရောက်လာတော့ ကျွန်တော်တို့အနေနဲ့ကတော့ ပါဝင်ဆွေးနွေးကြမယ်"
အစိုးရငြိမ်းချမ်းရေးဖေါ်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲတွေကို ပုံစံသတ်မှတ်မထားပဲ နည်းလမ်း ၃ သွယ် သဘောမျိုးလမ်းဖွင့်ထားတယ်လို့ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက RFA ကို ပြောပါတယ်။
"ဝန်ကြီးဦးအောင်မင်းကတော့ မြန်မာငြိမ်းချမ်းရေးစင်တာမှာရှိတဲ့ အလုပ်အဖွဲ့တွေကို ရှင်းပြထားခဲ့သလို တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း သူရှင်းပြထားတာကတော့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့အခါမှာ တစ်ဖွဲ့ချင်းကိုလည်း လမ်းဖွင့်ထားတယ်၊ အစုအဖွဲ့အနေနဲ့ ဆွေးနွေးလိုရင်လည်း လမ်းဖွင့်ထားတယ် တချို့ကတော့ ညှိနှိုင်းပြီးတော့မှလုပ်တဲ့ပုံစံမျိုး သုံးမျိုးဖွင့်ပေးထားတဲ့ ပုံစံမျိုးပေါ့"
လာမယ့် ချင်းမိုင်ဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးဖေါ်ဆောင်ရေးလုပ်ငန်းကော်မတီဖက်က ဝန်ကြီးဦးအောင်မင်းနဲ့အတူ ပြည်ထောင်စုဝန်ကြီး လေးဦးပါဝင်မှာဖြစ်ပြီး UNFC အဖွဲ့ကတော့ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ ဦးဆောင်ပြီး ဒုတိယခေါင်းဆောင်အဖြစ် ဒေါက်တာလာဂျနဲ့ အဖွဲ့ဝင်စုစုပေါင်း ၁၂ ဦး ပါဝင်မှာဖြစ်ပါတယ်။

1 comments:
ီဒီလိုအရည်အချင်းနဲ့များ စောက်ရှက်မရှိ မတန်မရာလေ ကြီးလေကျယ် ကလေးကလားဆန်တဲ့ စကားတွေပြော ထွက်သေးတယ်
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်