From :eleven
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသအကျိုး တစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တပ်မတော်နှင့် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည် အနာဂတ်ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုင်းပြည်၏ သိက္ခာ နိုင်ငံတိုးတက်မှုအတွက် အင်အားရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ၀င်ပြီးတော့ လုပ်တာဟာ ဒီဒေသလေးအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး၊ ဒီနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုဖြစ်သင့် ဖြစ်ထိုက်တယ် ဆိုတာကို လေ့လာစုံစမ်းပြီးတော့ လုပ်သွားတာပဲ။ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ဆက်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် အများပြည်သူ ပြောဆိုနေသော မီးလောင်ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့စမ်းသပ် စစ်ဆေးမှုများကို ကြည့်ရှုခဲ့ရကြောင်း၊ သို့ရာတွင် မီးခိုးဗုံးကို အသုံးပြုရာ၌ သုံးပုံသုံးနည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ်ထားမှု မရှိဘဲ အသုံးပြုခဲ့သည့်အတွက် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
လက်ရှိတွင် လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ဆက်လက်ဆန္ဒ
ထုတ်ဖော်နေမှုများ အပေါ်တွင်လည်း “ဥပဒေစိုးမိုးရေး အမြင်နဲ့ အားလုံး
လုပ်သွားရမှာပါ။ ကိုယ်ရဲ့ ကိုယ်လိုချင်တာမရလို့ အကြမ်းဖက်မယ်
ဘာမယ်ဆိုတာကတော့ မလုပ်သင့်တဲ့ ကိစ္စပဲ။ ဆန္ဒပြတာတော့ ဥပဒေဘောင်တွင်းက
ဆန္ဒပြပိုင်ခွင့် ရှိတာပဲ။ အဲဒီတော့ ဥပဒေဘောင် အတွင်းက လုပ်ရမှာပဲ။
ကျွန်မတို့ ကော်မရှင်ကလည်း လုပ်သမျှ အားလုံးကို ဥပဒေဘောင်တွင်းက
လုပ်သွားတာပဲ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
အဆိုပါ လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးခဲ့ရာ၌ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့မှုနှင့် အားလုံးက ၀ိုင်းဝန်းကူညီခဲ့သည့် အတွက် မိမိအနေဖြင့် ကျေနပ်ကြောင်း၊ ယင်းကဲ့သို့ ကူညီခဲ့သည့်အတွက် သိသင့်သိထိုက်သော အချက်အလက်များကို အခက်အခဲ သိပ်မရှိဘဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကော်မရှင်အနေနှင့် စီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို မတ်လ ၁၁ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်က သမ္မတထံသို့ တင်သွင်းခဲ့သည်။
. www.MyanmarExpress.net
လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ပါဝင်ဆောင်ရွက်ခြင်းသည် ယင်းဒေသအကျိုး တစ်ခုတည်းအတွက် မဟုတ်ဘဲ နိုင်ငံ၏ အနာဂတ်ကို မျှော်ကိုး၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မတ်လ ၁၂ ရက်က ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ထို့အပြင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး၊ တပ်မတော်နှင့် ဆက်ဆံရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်း မဟုတ်ဘဲ တိုင်းပြည် အနာဂတ်ကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ တိုင်းပြည်၏ သိက္ခာ နိုင်ငံတိုးတက်မှုအတွက် အင်အားရအောင် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“လက်ပံတောင်းတောင် စီမံကိန်းနဲ့ ပတ်သက်လို့ ၀င်ပြီးတော့ လုပ်တာဟာ ဒီဒေသလေးအတွက် မဟုတ်ဘူး။ တစ်နိုင်ငံလုံးအတွက်၊ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီး၊ ဒီနိုင်ငံရဲ့ အနာဂတ်ကို ဘယ်လိုဖြစ်သင့် ဖြစ်ထိုက်တယ် ဆိုတာကို လေ့လာစုံစမ်းပြီးတော့ လုပ်သွားတာပဲ။ ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်တယ်။ ဒီရည်ရွယ်ချက်နဲ့ပဲ ဆက်သွားမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ထို့အပြင် အများပြည်သူ ပြောဆိုနေသော မီးလောင်ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့စမ်းသပ် စစ်ဆေးမှုများကို ကြည့်ရှုခဲ့ရကြောင်း၊ သို့ရာတွင် မီးခိုးဗုံးကို အသုံးပြုရာ၌ သုံးပုံသုံးနည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ်ထားမှု မရှိဘဲ အသုံးပြုခဲ့သည့်အတွက် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အများပြည်သူ ပြောဆိုနေသော မီးလောင်ဗုံးမှာ မဟုတ်ဘဲ မီးခိုးဗုံးသာဖြစ်ကြောင်း၊ မိမိကိုယ်တိုင် လက်တွေ့စမ်းသပ် စစ်ဆေးမှုများကို ကြည့်ရှုခဲ့ရကြောင်း၊ သို့ရာတွင် မီးခိုးဗုံးကို အသုံးပြုရာ၌ သုံးပုံသုံးနည်း မကျွမ်းကျင်၊ မလေ့ကျင့် စမ်းသပ်ထားမှု မရှိဘဲ အသုံးပြုခဲ့သည့်အတွက် မလိုလားအပ်သည့် ကိစ္စများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း... |
အဆိုပါ လက်ပံတောင်း စီမံကိန်း စုံစမ်းစစ်ဆေးခဲ့ရာ၌ ကော်မရှင် အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ဆောင်ရွက်ခဲ့မှုနှင့် အားလုံးက ၀ိုင်းဝန်းကူညီခဲ့သည့် အတွက် မိမိအနေဖြင့် ကျေနပ်ကြောင်း၊ ယင်းကဲ့သို့ ကူညီခဲ့သည့်အတွက် သိသင့်သိထိုက်သော အချက်အလက်များကို အခက်အခဲ သိပ်မရှိဘဲ ရှာဖွေတွေ့ရှိခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁ ရက် တွင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်တွင် ကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ကော်မရှင်အနေနှင့် စီမံကိန်းနှင့် ပတ်သက်သည့် အစီရင်ခံစာကို မတ်လ ၁၁ ရက် မွန်းလွဲ ၄ နာရီ ၃၀ မိနစ်အချိန်က သမ္မတထံသို့ တင်သွင်းခဲ့သည်။
. www.MyanmarExpress.net

.jpg)

13 comments:
တော်ပါပြီဗျာ ဒေါ်စုပြောတဲ့စကားတွေဆို ဘာတစ်ခုမှအ
ယုံအကြည်မရှိတော့ပါဘူး
အင်းသေခါနီးမှအနေအထိုင်မတတ်တော့ပြည်သူ့ချဉ်ဖတ်
ဖြစ်သွားရှာပေါ့...တစ်သက်လုံးလုပ်ခဲ့သမျှသဲထဲရေသွန်ဖြစ်သွားပြီ...လွှတ်တော်ထဲမှာဘယ်လိုမျက်နှာမျိုးနဲ့ဝင်ထိုင်အုံးမှာလဲ...ရှက်စရာတော့ကောင်းသား
အလကားပါကွာအစကတည်းကလုံးဝအထင်ကြီးလို့မရတဲ့မိန်းမကြီးအခုတော့အထင်သေးသွားပြီ။တစ်အူတုံဆင်း
အစ်ကိုရင်းဖြစ်တဲ့ဦးအောင်ဆန်းဦးကိုတောင်မိဘချန်ခဲ့တဲ့အမွေတစ်ဝက်ခွဲပေးဖို့ကိုစေတနာမပါမောင်ပိုင်စီးခဲ့သေးတာသွေးမတော်သားမစပ်ပြည်သူအပေါ်ဘယ်ကြည်ဖြူလိမ့်မတုန်း..တကယ်တော့သူဟာနိုင်ငံရေးလုပ်တာမှမဟုတ်တာ နိုင်ငံရေးလုပ်စားနေတာပဲ
Daw Su a khet USDP a kwet. la kha lal tet Phone zay lal cha?
min mg toe ဆိုတဲ့ ကောင် nld ဝင်းတင် ဆိုတဲ့
နွားကြီးလိုပဲ ကန့်လန့် တိုက်ဖို့ပဲ တတ်တဲ့ကောင်
ဒို့အရေး ဒို့အရေး ဘယ်သူလာလုပ်လုပ် အလိုမရှိရေး ။
ငါတို့မြေကို ငါတို့ပိုင်တယ် ငါတို့ကာကွယ်မယ် ငါတို့နယ်မြေကိုဘယ်သူမှ ၀င်ရောက်စွက်မဖက်ရေး ဒို့အရေး ဒို့အရေး

We commanders support Prof min mg toe.
အ မေ စု မှန် တယ်
အ မေ စု မှန် တယ်
အ မေ စု မှန် တယ်
ဘယ်နေရာကိုမှန်သွားတာလဲ?
နှဖူးကိုလား
ရင်ဝကိုလား?
အန်တီစုက 2015 မှာ သမ္မတလုပ်ချင်တယ်ဆိုတော့ဒီလိုလေး ပြောချင်ပါသေးတယ်.ဒီလို လုပ်ပေးမယ်၊ ဟိုလိုလုပ်ပေးမယ်နဲ့ပျားရည်နဲ့ဝမ်းချ။ဟိုလို ဖြစ်စေရမယ်၊ ဒီလိုဖြစ်စေရမယ်နဲ့အလွယ်စကားတွေပြောပြီး ဆွယ်တရားတွေလည်းဟော။အော်ဇရာထောင်းပေမယ့် မာယာကောင်းတဲ့ ဒေါင်းကဝေကြောင့်ရိုးသားတဲ့ပြည်သူများခမျာကြားဖြတ်မှာသားသတ်ကို ဓါးအပ်မိပြီလား”” ဆိုပီး နောင်တတွေ ရနေကြပါတယ် ခင်ဗျာ။( လုလင်- ပြောသည် )
Post a Comment
https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်