Subscribe to our RSS Feed

အသတ်ခံရသော ရခိုင်တိုင်းရင်းသား ၁၀ဦး အလောင်း ပြန်ရ


ရခိုင်ပြည်နယ် ရသေ့တောင် မြို့နယ်တွင် ဇွန်လ ၁၉ရက် နေ့က ဘင်္ဂါလီ လူမျိုးများ၏ ဆူပူ အကြမ်းဖက်မှုကြောင့် အသတ်ခံရသော ရခိုင် တိုင်းရင်းသား ၁၀ဦး၏ အလောင်းကို ပြန်ပေးရန် စစ်တပ်အကူ အညီဖြင့် တောင်းယူနေရာ သုံးရက်အကြာ ဇွန်လ ၂၁ ရက်နေ့က အလောင်းများ ပြန်လည်ရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများက

locmap_KUDAUNG
“ ရရှိတဲ့ အလောင်းက ၁၀ လောင်း ဖြစ်ပါတယ်။ တစ်လောင်း မီးရှို့ သတ်ထားတဲ့ အတွက် အရိုးဘဲ ရပါတယ်။ ကျန်ခုနှစ်လောင်းကလည်း ရုပ်ပျက် ဆင်းပျက် ဖြစ်နေတဲ့ အတွက် မှတ်မရတော့ဘူး။ နှစ်လောင်းကိုဘဲ မှတ်ရပါတယ်” ဟု ဒေသခံ တစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ယခုအခါ အလောင်းများကို အနောက်ပြင် မွတ်ဆလင်ရွာမှ ကူတောင်သို့ သယ်ယူလာကြပြီ ဖြစ်ကြောင်း သူက ဆိုသည်။

“ အလောင်းတွေကိုတော့ ကူတောင်ကို အခုဘဲ သယ်ယူလာပါပြီ။ ဒီနေ့ဘဲ သဂြိုလ်မှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သေဆုံးသူများ သန္တာအောင်၊ မောင် အောင်အောင်ထွန်း ၊ ဦးတင်လှိုင် (စစ်မှုထမ်းဟောင်း)၊ ဦးစိုးသန်း (အလယ်တန်းပြ ကျောင်းဆရာ)၊ ဦးပြူးချေ (အရပ်သား)၊ မောင် ကျော်မင်းထွန်း (ဗွီဒီယို မင်းသား)လောင်းချောင်းကျေးရွာ၊၊ ဦးသောင်းရွှေထွန်း (အရပ်သား)၊ ဦးသန်းရွှေ (အရပ်သား)၊ ဦးသန်းဝင်း (အရပ်သား) နှင့် ဦးထွန်းဘော် (အရပ်သား) တို့ ဖြစ်ကြသည်။

ဦးသိန်းဟန် (ကျောင်းဆရာ (ငြိမ်း)၏ အလောင်းအား အခင်း ဖြစ်ပွားသည့် ဇွန်လ ၁၉ ရက်နေ့ ရရှိခဲ့သည်။

ဒဏ်ရာ ရရှိသူများမှာ ဦးကျော်ဝင်း (ဒဏ်ရာပြင်းထန်-စစ်တွေဆေးရုံသို့ ပို့)၊ ဦးဌေးချေ (ဒဏ်ရာရ-ယမ်းထောင်းသေနတ် ဒဏ်ရာ)၊ ဦးလှထွန်းသိန်း (အတွင်းလူနာ-ယမ်းထောင်းသေနတ် ဒဏ်ရာ) တို့ ဖြစ်ကြောင်း သိရသည်။


“တစ်ယောက်ဆို အရိုးပဲကျန်တယ်။ ကျန်တဲ့သူတွေကို သတ်ပြီး မီးရှို့ခံထားရတယ်“ ဟု ယင်းအလောင်းများကို သွားရောက်ကြည့်ရှု့ခဲ့သော ဒေသခံ တစ်ဦးက ဆိုသည်။

ရသေ့တောင်မြို့နယ်ရှိ ဘင်္ဂါလီများ နေထိုင်ရာ အနောက်ပြင် ကျေးရွာမှ ဆူပူ အကြမ်းဖက်သူများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီခန့် တွင် ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ကူတောင်ကျေးရွာကို ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့ ဖျက်ဆီးသူများကို ပြန်လည် နှိမ်နင်းရန် လိုက်လံရာမှ ရခိုင်တိုင်းရင်းသားများကို အနောက်ပြင် ကျေးရွာနား အရောက်တွင် ဘင်္ဂါလီလူမျိုးများက သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး အလောင်းများကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင်မြို့ ကူတောင်ကျေးရွာ ဒေသခံများက ပြောကြားသည်။

ယင်းအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသား ၁၀ဦး သေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရသေ့တောင်မြို့နယ် ဒေသခံများကို ဆက်သွယ် မေးမြန်းချက် အရ သိရှိရသည်။

Myanmar Express

2 comments:

Deport all Muslims from Rakhine state and Myanmar to Bangladesh.

မိုက်ရိုင်းတဲ့ ကုလားတွေ

ငါတို့နိုင်ငံကို ကျွန်အနေနဲ့ရောက် လာတဲ့ ဟာတွေ

ငါတို့နိုင်ငံ ကအခုထွက်သွား စောက်ကုလားတွေ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်