Subscribe to our RSS Feed

စစ်တွေတက္ကသိုလ် ယနေ့ ပြန်ဖွင့်၊ ကျောင်းသား ၇၀ ခန့်သာ တက်ရောက်


ရခိုင်ပြည်နယ် တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများကြောင့် ယာယီ ပိတ်ထားခဲ့ရသော စစ်တွေ တက္ကသိုလ် ယနေ့ သြဂုတ်လ (၆)ရက်နေတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စစ်တွေတက္ကသိုလ်တွင် ကျောင်းသား ကျောင်းသူ ဦးရေ ၄၂၅၉ဦးရှိပြီး ယနေ့ ကျောင်းတက်သူ ၇၀ ဦးခန့်ရှိကြောင်းနှင့် ဆရာဆရာမ စုစုပေါင်း ၂၀၂ ဦးရှိကြောင်း သတင်းရရှိပါသည်။

စစ်တွေတက္ကသိုလ် လုံခြုံရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်


ရခိုင်ပြည်နယ်တွင် ဇွန်လ ၈ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုကြောင့် ပိတ်ထားရသော စစ် တွေ တက္ကသိုလ်ကို ယနေ့ သြဂတ်စ်လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ရာ ကျောင်းသား ၆၀ တက်ရောက် ကြောင်း သတင်းရရှိသည်။

“ ဒီနေ့ စစ်တွေ တက္ကသိုလ်ဖွင့်ပါတယ်။ ကျောင်းသူ/သား စုစုပေါင်း ၆၀ ခန့်ရောက်ပါတယ်။ ရောက်တဲ့သူတွေထဲ မှာ ကျောင်းသားက ၅၄ ယောက်၊ ကျောင်းသူက ၆ ယောက်ဘဲ ရောက် ပါတယ်” ဟု English မေဂျာ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက နိရဉ္စရာသို့ ပြောသည်။

ကျောင်း ပြန်ဖွင့်သော်လည်း ကျောင်းသူကျောင်းသားများ မစုံလင်သည့်အတွက်ကြောင့် စာသင်ကြားခြင်း မရှိ ဟု သိရသည်။

ယနေ့ စစ်တွေ တက္ကသိုလ် ပြန်လည်ဖွင့်လှစ်သော နေ့တွင် လုံခြုံရေးကို ကျောင်းလမ်းတလျှောက် အပြည့်ချ ထားသည့်အပြင် အနီးအနားရှိ မူဆလင်ကျေးရွာများမှ မူဆလင်များကိုလည်း ရွာအပြင် ထွက်ခွင့် မပြုဟုလည်း သူက ပြောသည်။

“ စစ်တွေမြို့ကနေ ကျောင်းသွားတဲ့ လမ်းတလျှောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အပြည့်ချထားပါတယ်။ နောက်ပြီး တော့ ကျောင်းအနီးအနားမှာ ရှိတဲ့ ဘုမေရွာက မူဆလင်တွေကို ရွာပြင်ကို ထွက်ခွင့် ပိတ်ပင်ထားပါတယ်။ ဒါ ကြောင့် ဘာအနှောင့်အယှက်မှ မရှိပါဘူး။”

ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းသွားချိန် အကြိုအပို့ ကားများကို နံနက် ၇ နာရီမှ ၉ နာရီထိ ပို့ဆောင်ပေးပြီး ကျောင်းလွတ်ချိန် အကြိုအပို့ကားကို နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ ပို့ဆောင်ပေးရန် စီစဉ်ထားသည်ဟု သိရှိရသည်။

Myanmar Express

0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်