Subscribe to our RSS Feed

ကျောက်ဖြူတွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦး ဖမ်းဆီးခံရ

From :မောင်ရမ္မာ

ကျောက်ဖြူမြို့တွင် မီးရှို့ရန် ကြံစည်မူ စွဲချက်ဖြင့် လူတစ်ဦးကို သြဂတ်စ်လ ၄ ရက်နေ့က ရဲက ဖမ်းဆီး လိုက်ကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူမှာ ကျောက်ဖြူမြို့ မြို့ပေါ်ရပ်ကွက် တစ်ခုဖြစ်သည့် အရာရှိရပ်ကွက် အမှတ် ၄ လမ်းတွင် နေထိုင်သူ ဗလီ ဥက္ကဌ – အဘ ဦးသန်းအောင်၏ သား ဦးသန်းဌေး (ခ) အင်္ဂလိပ်၊ အသက် (၃၈)နှစ် ဆိုသူဖြစ်သည်။

ယခု ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကျောက်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တဦး လည်းဖြစ်၊ တရားရုံးချုပ် ရှေ့နေ အငြိမ်းစား တစ်ဦး လည်းဖြစ်သူ ဦးဘရှင်ကို မေးမြန်းရာ သူက ယခုကဲ့သို့ အတည်ပြုပြောကြားသည်။

“ ဗလီ တာဝန်ခံ တစ်ယောက်ကို ဖမ်းထားပြီး တရားစွဲဖို့ စီစဉ်နေတယ် ဆိုတာကို ကြားသိရပါတယ်။ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၄၃၆၊ ၅၁၁ နဲ့ အမှုဖွင့်ထားတယ်လို့ သတင်းရရှိပါ တယ်။ ပြစ်မှုဆိုင်ရာ တရား ဥပဒေ ပုဒ်မ ၄၃၆၊ ၅၁၁ တို့က မီးရှို့ဖို့ ကြိုတင် စီစဉ်တဲ့ အစီအစဉ်နဲ့ တရားစွဲဆိုတာ ဖြစ်ပါတယ်။ ဥပဒေ ပေတံနဲ့ တိုင်းမယ် ဆိုလို့ ရှိရင် အဲဒီလိုဘဲ တရားစွဲရမှာ ဖြစ်တယ်” ဟု ပြောသည်။

ဦးသန်းဌေး (ခ) အင်္ဂလိပ်ကို အရှည် တစ်တောင်ခန့်ရှိသော ထင်းချောင်းများ ပေါ်တွင် ဆီစိမ် အ၀တ် ၄ လက်မခန့် ပတ်ထားသော မီးရှို့ရန် စီစဉ်ထားသည့် ထင်းချောင်း ၁၃ ချောင်း နှင့် အတူ ဖမ်းဆီး ရမိခဲ့သည်ဟု အရာရှိ ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။

“သမ္ဗာန်ချောင်းရပ်ကွက်နဲ့ ကျွန်တော်တို့ အရာရှိ ရပ်ကွက်ကို ဒီလ ၄ ရက်နေ့ နံနက် အစောကြီး ၃ နာရီ လောက်မှာ ဧည့်စာ ရင်းလာစစ်ပါတယ်။ ဧည့်စာရင်း စစ်တဲ့ အခါမှာ သူ့ကို မီးရှို့ဖို့ စီစဉ်ထားတဲ့ မီးချောင်း တွေနဲ့ အတူ ဖမ်းမိတာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ ၄ ရက်နေ့ နေ့လည်မှ စလို့ သိရပါ တယ်။ ကျောက်ဖြူ အရာရှိ ရပ်ကွက်က ဗလီဥက္ကဌပါ။ အခု သူ့ကို အမှတ် ၁ ရဲစခန်းမှာ အမှုဖွင့်ပြီး တရားစွဲဖို့ လုပ်နေပါတယ်” ဟု ဆိုသည်။

ယခု အမှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့တွင် ပါဝင် ပတ်သက်နိုင်သူများဟု သံသယ ရှိသူ ၁၀ ယောက်ထက် မနည်းကိုလည်း ရဲက ဖမ်းဆီးထားသည် သိရသည်။ သို့သော် အတည် မပြုနိုင်ခြင်း မရှိသေးပါ။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သေချာစွာ သိရှိနိုင်အောင် နိရဉ္စရာက ကျောက်ဖြူရဲစခန်းကို မေးမြန်းရာ ဖုံးကိုင်သူ ရဲအရာရှိက ခဏကိုင်ထားပါဆိုပြီး နောက်ပိုင်းတွင် ကျွန်တော် အခုမှ ဂျူတီ ချိန်းလာတာပါ၊ အဲဒီကိစ္စ မသိရသေးပါဟု ပြောဆိုကာ ဖုံးချသွားခဲ့ပါသည်။ ဖုံးကိုင်ထားစဉ် အတွင်း “ ဟိုကိစ္စမေးနေပါတယ်၊ ဘယ်လို ဖြေကြားလိုက်ရမလဲ” ဟု အထက် တာဝန်ရှိသူကို မေးမြန်းသံများကိုလည်း ဖုံးထဲမှ နိရဉ္စရာမှ ကြားသိ ခဲ့ရပါသည်။

မီးရှို့ရန် ကြံစည်မှုများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာက တရားဝင်ထုတ်ပြန်ပေးခြင်း မရှိသဖြင့် ကျောက် ဖြူ ဒေသခံ အကြားတွင် အဆိုပါ ဖမ်းဆီးမူနှင့် ပတ်သက်ပြီး အမျိုးမျိုး သတင်းများ ဖြစ်ပေါ်နေကာ ကောလဟလ သတင်း များကြောင့် မလိုလားအပ်သော အကျိုးဆက်များ ဖြစ်ပေါ် လာမည်ကိုလည်း အများက စိုးရိမ်နေကြောင်း သိရသည်။

Myanmar Express

1 comments:

Human Right Watch and Amnesty International and 57 Islamic Muslim countries shut up for Rohingyas in Rakhine state and Myanmar. You take all Rohingyas from Myanmar to your countries if you love and support Rohingyas from Myanmar.
Myanmar and World don’t need to care about Human Right and Amnesty International for all Illegal Bangladesh Muslims in Rakhine state and Myanmar and all Muslims in the World because all Illegal Bangladesh Muslims in Rakhine state and Myanmar and all Muslims in the World don’t care about Human Right and Amnesty International.
Myanmar government don't need to change 1982 Citizenship Laws for Illegal Bangladesh Nazi Fascist Invader Islamizer Muslims ( Rohingyas ) in Rakhine state and Myanmar.

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်