Subscribe to our RSS Feed

မြန်မာကျန်းမာရေးဌာနနှင့်မယ်တော်ဆေးခန်း မကြာမီကျန်းမာရေးဝန်ဆောင်မှု ပူးတွဲလုပ်ဆောင်

From : Popular

ယနေ့ မွန်လွဲပိုင်း အစိုးရပြည်ထောင်စုဝန်ကြီးနှင့် မြန်မာဆရာဝန်များ မယ်တော်ဆေးခန်းတွင်လာရောက်ဆွေးနွေး ခဲ့ကြသည်။ ဆွေးနွေးညှိနှိုင်းချက်များအရ မယ်တော်ဆေးခန်းမှလူနာအချို့ကို မြ၀တီရှိဆေးရုံတွင်လွှဲပြောင်းကုသပေး မည့်အစီအစဉ်ပါရှိပြီး မကြာမီလုပ်ငန်းအကောင်အထည်ဖော်မည်ဟုသိရသည်။ မြန်မာဆရာဝန်အဖွဲ့မှဆရာဝန်ကြီတစ်ဦးက” ဒီကလူနာတွေကိုမဲဆောက်ဆေးရုံကြီးပို့ရင် ကုန်ကျမဲ့စားရိတ် ထက်မြန်မာဘက်ကဆေးရုံကိုပို့ရင် သုံးပုံတပုံဘဲကုန်ကျမယ်ဖြစ်တယ် ဒီကအခြေအနေတွေကို ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုပြန်တင်ပြသွားမယ်”ဆွေးနွေးပွဲတွင်ပြောသည်။ အစိုးရဘက်ကလည်းလိုအပ်ချက်များကို ထောက်ပံ့ကူညီမှုများပေးသွားမည်ဟု တက်ရောက်လာသည့်ပြည်ထောင်စုဝန်ကြီးများကပြောကြားပြီး။မြန်မာဆရာဝန်အဖွဲ့က မယ်တော်ဆေးခန်း အတွက် ထိုင်းဘတ်ငွေ ၁ သိန်းလှူဒါန်းခဲ့သည်။ ယနေ့ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း၊ဦခင်ရီ၊ဦးစိုးသိန်းနှင့်ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးဇော်မင်းတို့တက်ရောက်ခဲ့ကြပြီး ညနေပိုင်းတွင်မဲဆောက်မှတဆင့် မော်တော်ယာဉ်များဖြင့်မြ၀တီ သို့ပြန်လည်ထွက်ခွာသွားကြသည်။

Myanmar Express

3 comments:

မယ်သော် ဆေးခန်းမှာက ဆေးဝါး အကောင်းစားတွေနဲ့ ကုသ ပေးတယ် လူနာကို ရက်၇ှည် အချိန်ဆြွဲပီး စီးပွားရေး ဆန်ဆန် ဆေးမကုဘူးး ဒါကြောင့် မြန်မာ တွေထက် ပိုကုန်လဲ စိတ်ချမ်း သာမူ့၇ှိတယ်.. မြန်မာ ဆေး၇ုံတွေက အများ သိကြတဲ့ အတိုင်းပဲလေ.. ဆေး၇ုံတတ်ရင် နတ်စမ တွေက စမေးတယ်..ပိုက်ဆံ လုံလုံ လောက်လောက် ပါ၇ဲ့လား ဆေးဖိုးက ဒီလောက်ကျမယ်.. ကုသ နိုင်၇ဲ့လားး အဲဒါတွေ မေးပီးတဲ့ အပြင် အောက်ဆိုဒ်လေးတွေ ပေးနိုင်မှ့.. မပေးနိုင်လို့ကတော့ ကိုယ့်လူ နာကို တချက်တောင် လှည့် မကြည့်ဘူးး.. မြန်မာ ပြည်ရယ်..သူများနိုင်ငံတွေကို ကြည့်ပီး အားငယ်လိုက်တာ... အခ မသင့်ရင် သူတို့ အချိန်ဆွဲ ကုသနေချိန်မှာ လူနာက ရောဂါ ရင့်ပီး မသေသင့်ပဲ သေသွား၇တဲ့ လူနာတွေ မြန်မာပြည်မှာ ထုနဲ့ ဒေးးး ကုန်တာချင်း တူတူ သူများ နိုင်ငံမှာပဲ သွားကုမယ်..

ကျနော်တို့ မွန်ပြည်နယ် အပေါင်မြို့နယ်၇ဲ့ ကျေးလတ် ပြည်သူ့ ဆေး၇ုံမှာဆို သနားစရာ မွေးလူနာ တယောက် အကြောင်း ပြောပြချင်တယ်.. မွေးခါနီးမို့ ဆေး၇ုံကို အမြန်ရောက်၇ှိဖို့ အတွက် အပြေးအလွှာ နဲ့ အလျှင်လိုနေတဲ့ အချိန်မှာ ဆေးဝါးခ ပိုက်ဆံ မပါသွားကြဘူးး.. အဲ ဆေး၇ုံလဲ ရောက်ကော မွေးလူနာက ဗိုက်နာလို့ အော် ဟစ်နေချိန်မှာ နက်စမတွေက မွေးခန်းထဲ မပို့ပဲ လူနာ၇ှင်ကို ပိုက်ဆံ ဘယ်လောက်ပါလဲ .. ဘယ်လောက်ကုန်ကျမယ် ..ဘာဖြစ်တယ် ပေါ့..အဲ့ အခါ လူနာ၇ှင်က ပိုက်ဆံ မပါခဲ့ကြောင်းနဲ့ ဆေး၇ုံကို အချိန်မှီ ရောက်နိုင်ဖို့ အတွက် လုပ်နေ၇လို့ ပိုက်ဆံ မေ့ကျန်ခဲ့ကြောင်းးး ..အဲ့ အခါ ဆေး၇ုံ က နက်စမ က ပိုက်ဆံ သွားပြန်ယူပါ.. ပိုက်ဆံပေးမှ့ လူနာကို မွေးပေးနိုင်မယ်လို့ အချိန်ကြာမြင့်စွာ ပြောနေချိန်မှာ မွေးလူနာဟာ လူနာတင် ကုတင်မှာတင်ပင် မွေးချိန်လွန်ပီး သေဆုံး သွားပါတယ်... အဲ့တာကြည့်လေ..မြန်မာ ပြည်မှာက အဲ့လို ဆေးဝန်ထမ်းတွေ ကောင်းကြတာပါ

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်