Subscribe to our RSS Feed

ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် ပြည်သူများအတွက် တရုတ်နိုင်ငံက လူနေအိမ်များ ဆောက်လုပ်လှူဒါန်းမည်

From : Pyi Myanmar Journal

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခများကြောင့် နေအိမ်မဲ့ ဖြစ်ခဲ့သော ဒုက္ခသည် ပြည်သူများအတွက် တရုတ်နိုင်ငံက လူနေအိမ်များ ဆောက်လုပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း ၃၀-၇-၂၀၁၂ ရက်က ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးရာ ဝန်ကြီးဌာနနှင့် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် နယ်စပ်ရေးရာဝန်ကြီးနှင့် မြန်မာ့စက်မှုလက်မှု ဝန်ကြီးဌာန ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြောကြားသည်။ “တရုတ်နိုင်ငံနဲ့ ညှိနှိုင်းဆွေးနွေးနေပါတယ်။ ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်နေကြပါတယ်” ဟု ယင်းက ဆိုသည်။ ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တောဒေသများတွင် နိုင်ငံတော်မှ ဆောက်မည့်အိမ်များမှာ ခန့်မှန်းခြေ တန်ဖိုးငွေကျပ် ၂၉၄၀၀၀ နှင့် သုံးသိန်းခွဲဝန်းကျင် ကုန်ကျမည့် အိမ်များဖြစ်ပြီး အိမ်ပုံစံများမှာ အကျယ် ၂၄ ပေx ၁၈ ပေ ရှိကြောင်း၊ တရုတ်နိုင်ငံမှ ဆောက်လုပ်လှူဒါန်းမည့် အိမ်ပုံစံများကိုလည်း ကုန်ကျငွေ ပမာဏ တွက်ချက်လျက်ရှိကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိ ဒုက္ခသည် ဦးရေမှာ ရခိုင်တိုင်းရင်းသားလူမျိုး ၈၀၃၁ ဦးနှင့် ဘင်္ဂါလီလူမျိုး ၅၃၃၉၀ ဦး ရှိပြီး စုစုပေါင်း ဒုက္ခသည် ဦးရေမှာ ၆၁၄၂၁ ဦးရှိကြောင်း သိရသည်။

Myanmar Express

1 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်