Subscribe to our RSS Feed

ကျောက်တော်မြို့ အပေါက်ဝကျေးရွာတွင် ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွား


From : YPI

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာတွင် ယနေ့ မွန်းလွဲ ၃နာရီက မီးရှို့မှု ဒုတိယအကြိမ်ဖြစ်ပွားကာ ၂ လတာအတွင်း ဒုတိယအကြိမ် မီးရှို့မှုဖြစ်၍ အိမ်ခြေ ၃၀ ကျော် မီးလောင်ကျွမ်းခဲ့ရသည်ဟု အမည်မဖေါ်လိုသူ ကျေးရွာသားတဦးက YPI သို့ပြောသည်။

ဘင်္ဂါလီလူမျိုးများ အများစု နေထိုင်သည့် ယင်းအပေါက်ဝ ကျေးရွာတွင် ရဲစခန်းရှိသော်လည်း ရဲစခန်းမှ မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု ၎င်းက ပြောသည်။ မီးရှို့မှုအပြင် လူတဦးလည်း အသတ်ခံရကာ သေဆုံးခဲ့ရသည်ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ် မောင်တော၊ စစ်တွေမြို့တို့တွင် မငြိမ်မသက်မှုများ ဖြစ်ပွားပြီးခါစ ဇွန်လ ၁၅ ရက်နေ့ကလည်း အပေါက်ဝ ကျေးရွာရှိ လူနေအိမ်များကို မီးရှို့သည့်ဖြစ်ရပ်ဖြစ်ပွားခဲ့ကာ နေအိမ် ၄၀ နီးပါး လောင်ကျွမ်းခဲ့သည့်နောက် ၂ လနီးပါးအကြာ ယခုကဲ့သို့ ဒုတိယအကြိမ် မီးရှို့မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် မီးရှို့မှု သတင်းကို အစိုးရထုတ်နေ့စဉ် သတင်းစာ၌ ဖေါ်ပြခဲ့ရာတွင် အိမ်ခြေ ၁၂ လုံးသာ မီးလောင်ကျွမ်းကာ လက်သည်တရားခံကို ရှာဖွေလျှက်ရှိသည်ဟု ဖေါ်ပြထားခဲ့သည်။

ယင်းကျေးရွာတွင် အိမ်ခြေ ၁၀၀ ကျော်သာရှိသဖြင့် ယခုတကြိမ်မီးလောင်ပြီးနောက် အိမ်ခြေ ၃၀ ကျော်သာကျန်ရှိတော့ကြောင်းလည်း သိရသည်။

ယနေ့မီးရှို့မှု၏ လက်သည်မှာ ယခင်တကြိမ် မီးရှို့သူပင်ဖြစ်သည်ဟု ၎င်းအနေဖြင့် ယူဆကြောင်းပြောဆိုသောလည်း သီးခြား အတည်ပြုချက်မရသေးပါ။ မီးမှာ ညနေ ၅နာရီဝန်းကျင်တွင် ငြိမ်းသွားခဲ့သည်ဟု လည်း၎င်းကပြောသည်။

အိမ်ခြေ ၇၀ ကျော်မီးလောင်ကျွမ်းသွားသဖြင့် အပေါက်ဝကျေးရွာတွင် နေစရာ အိမ်မလုံလောက်သည့် အခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟုလည်း သိရှိရသည်။

ဇွန်လဆန်းတွင် ရခိုင်ပြည်နယ် မြို့နယ်အချို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် လူ ၇၇ ဦးသေဆုံးခဲ့ကာ လူနေအိမ် ၄ ထောင်ကျော် မီးလောင်ကျွမ်းခဲ့ရပြီး လူပေါင်း သောင်းနှင့်ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်ဟု အစိုးရ သတင်းထုတ်ပြန်ချက်များ အရသိရသည်။

ယင်းအကြမ်းဖက်မှု များကို ထိန်းသိမ်းရန် ရခိုင်ပြည်နယ် တခုလုံးကို အရေးပေါ် အခြေအနေကြေညာထားကာ မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားဆဲလည်း ဖြစ်သည်။ ။


Myanmar Express

4 comments:

သေချင်းဆိုး ၇ုပ်..

ရိုဟင်ဂျာအများစုကြားထဲတွင် လုံခြုံမှုမရှိသေးဘဲ နေထိုင်နေကြရရှာသော ရခိုင် တိုင်းရင်းသားတို့ ၏ ဘ၀ရှေ့ ရေးကို ကိုယ်ခြင်းစာနာကြည့်ကြပါ။ နိုင်ငံတော်အစိုးရအနေဖြင့် အမြန်ဆုံး အရေးယူဆောင်ရွက်ပေးသင့်ပါပြီ။ ရခိုင်ပြည်နယ်အရေးတွင် မည်သူမှားသည်၊ မည်သူမှန်သည်ကို မိမိတို့  တိုင်းရင်းသားများ အားလုံးအသိဆုံးဖြစ်ပါသည်။ နိုင်ငံတော်သမတကြီးပြောကြားချက် အတိုင်းကိုယ့် တိုင်းပြည်ကိုယ့်လူမျိုး ဘက်မှရဲရဲဝံ့ဝံ့ ရပ်တည်ကြဘို့အသင့်ပါ။ သမတကြီးလိုလက်ရှိ နိုင်ငံ့တာဝန်ရှိသူတောင်မှ နိုင်ငံ့အရေးအတွက် ပြတ်ပြတ်သားသား ပြောနေတာတောင်မှ ပြည်ပအားကိုးပုဆိန်ရိုး တွေကတော့သူတို့ အပေါက် ပိတ်ထားတုန်းဘဲ။ အစိုးရလုပ်ကိုင်ပုံတွေကို မကောင်းမြင်ဝေဖန်ဘို့  ဆိုရင်ခွေးလိုထိပ်ဆုံးက ဟောင်ဘို့ အသင့်ဘဲ။ ပြည်ပကပေးတဲ့ ငြိမ်းခြမ်းရေးဆုယူ ထားလို့ အပေါက်မဟရဲတာ။ မြန်မာပြည်ကို အပိုင်းပိုင်းခြမ်းပြီး ပြည်ပကိုရောင်းစားမဲ့ လူတွေ ရှိနေသရွေ့  ဘာငြိမ်းချမ်းမှုမှ ရလာမှာ မှုတ်တော့ဘူး

ဟုတ်ပါ့.. မြေ မျိုလို့ လုမျိုး မသုန်း လူမျိုမှ့ ဗမာလူမျိုး တုန်းမှာ....

သောက်ကုလားတွေ အကုန်လုံးကို ဝက်သွေးနဲ့ပတ်ပြီး
ခွေးနဲ့ရှုးတိုက် မောင်းထုတ်လိုက်တော့

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်