Subscribe to our RSS Feed

အစိုးရအဖွဲ့ဝင်များ၏ ပစ္စည်းနှင့်အကျိုးစီးပွားများ ထုတ်ဖော်ကြေငြာရန် အဆို ကန့်ကွက်မဲ ၂၇၁ မဲ ရရှိ


အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသူများ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများအား ထုတ်ဖော်ကြေငြာထားရန် အဆိုအား ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွား ကြောင်း သတင်းရရှိသည်။

ပုသိမ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့် တင်သွင်းသည့် သန့်ရှင်းသော အစိုးရ ကောင်းမွန်သော အစိုးရဖြစ်လာစေရေး အတွက် ပြည်ထောင်စုအဆင့် တိုင်းဒေသကြီးအဆင့် အစိုးရအဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံရသူများ၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများအား ထုတ်ဖော်ကြေငြာထားရန် အဆိုအား ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်သွားကြောင်း သိရသည်။


ဦးဝင်းမြင့်၏ အဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ကိုယ်စားလှယ် ၇ ဦး တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး တိုင်းရင်းသား ပါတီတစ်ခုမှ ကိုယ်စားလှယ် တစ်ဦးနှင့် အခြားပါတီမှ ကိုယ်စားလှယ် သုံးဦးတို့ ဆွေးနွေးကြကြောင်း သိရသည်။

အဆိုအား မဲခွဲဆုံးဖြတ်ရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၃၇၉ ဦးရှိသည့် အနက် ထောက်ခံမဲ ၆၈ မဲ ကန့်ကွက်မဲ ၂၇၁ မဲနှင့် ကြားနေမဲ ၁၆ မဲတို့ဖြင့် ရှုံးနိမ့်သွားခြင်းဖြစ်ကြောင်း သိရသည်။ ဦးဝင်းမြင့်၏ အဆိုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၆၈ နှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ဥပဒေပုဒ်မ ၁၀၁ တို့တွင်လည်း ပါရှိပြီးဖြစ်သည်ဟု ၀င်ရောက်ဆွေးနွေးသည့် ကိုယ်စားလှယ်အချို့က ဆွေးနွေးရာ ပြောကြားသွာကြောင်းသိရသည်။

Myanmar Express


0 comments:

Post a Comment

https://www.facebook.com/MyanmarExpress တွင် သတင်းများ ဆက်လက်ဖတ်ရှုရန်